တွေးမိတွေးရာ

ဆရာ့ ဆုံးမစကား

ဆရာဦးမြင့်လွင်

ကျောက်တွင်းကြီးထဲရောက်နေပြီးမှ စိန်ကျောက် အကောင်းတွေ မယူဘဲနဲ့ ဘာလို့ တန်ဖိုးနည်းတဲ့ ကျောက်လေးတွေယူပြီး ပြန်ကြမှာလဲတဲ့။ ဆရာပြောတာ အရမ်းကိုမှန်ပါတယ်၊ ကိုယ်တွေမိသားစုလောက် နီးနီးကပ်ကပ်နေခွင့်ရခဲ့တဲ့ မိသားစုတွေ အတော့ကို နည်းပါတယ်။ ဆရာသမားကောင်းနဲ့ ဒီတစ်သက်တွေ့ခွင့်ရခဲ့တယ်ဆိုတာ ကျွန်တော်တို့ မိသားစုအတွက်က ‌ေကျာက်တွင်းထဲကို ထိုးကျသွားသလိုပါဘဲ၊ အတိုင်းမသိ တန်ဖိုးကြီးတဲ့ အရာ‌‌‌ေတွ ရနိုင်ခွင့်ရှိခဲ့ပါတယ်။ ရသင့်သလောက်တော့ ရခဲ့ပါတယ်၊ အခြေခံတွေ ခိုင်မြဲသွားသလို အသိတရား၊ အတွေးအခေါ်‌ေတွ ‌ေကာင်းသွားပါတယ်။ ဆရာ့ရဲ့ ‌ေမတ္တာက ဒီလောက်နဲ့ရပ်မနေစေဘဲ ‌ေနာက်ထက် တိုးတိုး‌ေအာင် ကြိုးစား‌ေစချင်တာကို အထင်းသား မြင်ရပါတယ်။ ‌ေနာင်မှ ‌ေ‌နာင်တရမယ်ဆိုတာထက် အခုလက်တွေ့ကို အစွမ်းကုန် ကြိုးစားအားထုတ်ဖို့လဲ ဆုံးဖြတ်ထားပါတယ်။ အကြောင်း‌ေကြာင်း‌ေကြာင့် ခလေးနဲ့ မတွေ့ပေးခဲ့နိုင်တာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာသမားအပေါ် ဘယ်တုန်းကမှ အမြင်မစောင်းခဲ့သလို ‌ဆုံးမခဲ့တာ‌ေတွကိုလဲ အမြဲလိုက်နာ …

Unicode ပြောင်းပြီ

အောက်တိုဘာလ ၁ရက်နေ့မှာ ဘလော့ကို ယူနီကုဒ် ပြောင်းပြီ။ ဟဟဟဟဟဟဟဟ “မြန်မာယူနီကုဒ်စံကူးပြောင်းရေးသည် ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါသည်။ ပြိုင်တူရွှေ့မှ ရွေ့မည့် အ‌ရွေ့တစ်ခုလည်း ဖြစ်ပါသည်” − Dr Tun T. Thet ref: [1] ဒီဂျစ်တယ်မြန်မာစာနှင့် ယူနီကုဒ်စံကူးပြောင်းရေး‌

အတွေးတစ်ခု

မနေ့က အတွေး အခုထိ တွေးဆဲမို့… ဘာဖြစ်မယ်မသိ အတွေးလွန်တဲ့… အတိတ်လား.. အနာဂတ်လား.. မဟုတ်မမှန် တွေးမိနေသလား.. သိသိရက်နဲ့ တွေးမိလေသလား.. ပစ္ပုန်တည့်တည့် တွေးမိလိုက်တော့.. ဟုတ်တိုင်းမှန်စွာ တန်းမြင်ပြီပေါ့.. ဟောတော့…

Her Third Trimester and My Last Trimester

ဒီနေ့ဟာ သူ့ရဲ့ ၂၈ ပတ်မြောက် ကိုယ်ဝန်လွယ်ထားရတဲ့ နေ့ဖြစ်ပါတယ်။ ဆေးခန်းပြပြီး အပြန် စိတ်ပြေလက်ပျောက် သွားရင်းလာရင်း ဓာတ်ပုံရိုက်လာတာလေးတွေ ပြန်ကြည့်ရင်း သူဘာတွေများပြောင်းလဲသွားလဲပေါ့။ ကျွန်တော့အမြင်တော့ ဗိုက်ကတော့ သိသိသာသာ ပူတတ်လာသလို ဟိုနားက ဖုတတ်လာလိုက်၊ ဒီနားကဖုတတ်လာလိုက်နဲ့ အထဲကခလေးက လှုပ်နေတာကို သိသိသာသာ မြင်လာရတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်တာတွေတော့ အပြောင်းအလဲ မရှိသလိုဘဲ။ နေ့တိုင်းမြင်တွေ့နေရလို့ မသိတာတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာတွေတော့ သိသိသာသာ ပြောင်းလဲလာတယ်။ အရာရာကို အကောင်းမြင်လာသလို မကောင်းတာဆို မတွေး၊ မပြော၊ မလုပ် ဘူး။ တစ်ယောက်နှင့်တစ်ယောက် အမြဲ သတိပေးနေရတာလဲ ပါတာပေါ့။ ဘာရယ်မဟုတ် ၂ ယောက်လုံး စိတ်ကိုလျှော့ထားနိုင်ခဲ့တယ်။ သူ့အလိုလို ကောင်းဘက်တွေကို တွေးလာနိုင်ခဲ့တယ်။ ဘာကြောင့်မှန်းမသိ စိတ်အေးလက်အေးဖြစ်နေကြတယ်။ သူက …

New Roadmap (2018)

ဒီနှစ်တော့ အလုပ်မှာ ပေါ်တင်ဘဲ ငါ website အပိုင်း အများကြီး မလုပ်ချင်တော့ဘူး။ System Analyst လုပ်ရင်းနဲ့ Machine Learning, Ai နဲ့ Data Analyst အပိုင်းတွေ ဘက်ကို သွားမယ်လို့ ပြောလိုက်တယ်။ အလုပ်မှာက အဲ့အပိုင်းတွေကို လုပ်နေတာက တခြား team တွေဖြစ်နေတယ်။ Internal Transfer လုပ်ချင်နေတယ်လို့များ ထင်သွားမလား မသိဘူး။ မတတ်နိုင်ဘူးလေ။ ပြောင်းခိုင်းတော့လဲ ကောင်းတာဘဲ။ လောလောဆယ်တော့ Chat Bot အရင်စထွက်ဖို့ရှိတယ်။ Idea စဖြစ်လာတာက မနှစ်က SIA Innovation Challenge မှာ ကျွန်တော်ရယ် တခြား Marketing က တချို့ရယ် ပေါင်းပြီး သွားးပြိုင်တယ်။ FB Messenger …

ကျေးဇူးပြု၍

” ကျေးဇူးပြု၍ ” “နင်” ကို “နင်” လို့ ပီပီပြင်ပြင်ရေးပါ။ “နိ” လို့ မရေးပါနှင့်။ “ငါ” ကို “ငါ” လို့ ပီပီပြင်ပြင်ရေးပါ။ “နာ” လို့ မရေးပါနှင့်။ “အသဲ” ကို “အသဲ” လို့ ပီပီပြင်ပြင်ရေးပါ။ “အတျဲ” လို့ မရေးပါနှင့်။ “ဟုတ်တယ်” ကို “ဟုတ်တယ်” လို့ ပီပီပြင်ပြင်ရေးပါ။ “ဟုတယ်” လို့ မရေးပါနှင့်။ “ဟုတ်လား” ကို “ဟုတ်လား” လို့ ပီပီပြင်ပြင်ရေးပါ။ “ဟုလား” လို့ မရေးပါနှင့်။ “ဟုတ်ပါတယ်” ကို “ဟုတ်ပါတယ်” လို့ ပီပီပြင်ပြင်ရေးပါ။ “ဟုဘာသယ်” လို့ မရေးပါနှင့်။ “ခစ်ခစ်” ကို “ခစ်ခစ်” လို့ …

အလွန်များပြားလာတဲ့ Online Content များ

အွန်လိုင်း သတင်းဆိုဒ်တွေ များလာသလို Media လိုလို Content Marketing လိုလို ဆိုဒ်တွေ ပိုများလာတယ်။ အွန်လိုင်းမှာ မြန်မာ Content တွေများလာတာတော့ ကောင်းမွန်တဲ့ အချက်လို့ဆိုနိုင်ပေမယ့် တင်ထားတဲ့ စာတွေကို တကယ့် အမှန်တွေလား၊ တကယ့် အသုံးဝင်တဲ့ စာတွေလား၊ ကိုယ်ပိုင် စာတွေလား ဆိုတာကတော့ စဉ်းစားစရာဖြစ်လို့နေပါတယ်။ အများအားဖြင်တော့ Content Marketing ကို traffic များများရဖို့၊ conversion rate ကောင်းမွန်ဖို့၊ ကိုယ့်နာမည် လူသိများလာဖို့၊ social media မှာ လူကြိုက်များဖို့ စသည်ဖြစ် အသုံးပြုကြပါတယ်။ အများအထင်ကတော့ content တွေများများတင်နိုင်ရင် ကောင်းတယ်၊ လူများများ share ရင်ကောင်းတယ်၊ လူကြိုက်များရင် ကောင်းတယ်ပေါ့။ အဲ့တော့ အွန်လိုင်းမှာရှိတဲ့ …