အတွေး အထင် အမြင်

ဆရာ့ ဆုံးမစကား

ဆရာဦးမြင့်လွင်

ကျောက်တွင်းကြီးထဲရောက်နေပြီးမှ စိန်ကျောက် အကောင်းတွေ မယူဘဲနဲ့ ဘာလို့ တန်ဖိုးနည်းတဲ့ ကျောက်လေးတွေယူပြီး ပြန်ကြမှာလဲတဲ့။ ဆရာပြောတာ အရမ်းကိုမှန်ပါတယ်၊ ကိုယ်တွေမိသားစုလောက် နီးနီးကပ်ကပ်နေခွင့်ရခဲ့တဲ့ မိသားစုတွေ အတော့ကို နည်းပါတယ်။ ဆရာသမားကောင်းနဲ့ ဒီတစ်သက်တွေ့ခွင့်ရခဲ့တယ်ဆိုတာ ကျွန်တော်တို့ မိသားစုအတွက်က ‌ေကျာက်တွင်းထဲကို ထိုးကျသွားသလိုပါဘဲ၊ အတိုင်းမသိ တန်ဖိုးကြီးတဲ့ အရာ‌‌‌ေတွ ရနိုင်ခွင့်ရှိခဲ့ပါတယ်။ ရသင့်သလောက်တော့ ရခဲ့ပါတယ်၊ အခြေခံတွေ ခိုင်မြဲသွားသလို အသိတရား၊ အတွေးအခေါ်‌ေတွ ‌ေကာင်းသွားပါတယ်။ ဆရာ့ရဲ့ ‌ေမတ္တာက ဒီလောက်နဲ့ရပ်မနေစေဘဲ ‌ေနာက်ထက် တိုးတိုး‌ေအာင် ကြိုးစား‌ေစချင်တာကို အထင်းသား မြင်ရပါတယ်။ ‌ေနာင်မှ ‌ေ‌နာင်တရမယ်ဆိုတာထက် အခုလက်တွေ့ကို အစွမ်းကုန် ကြိုးစားအားထုတ်ဖို့လဲ ဆုံးဖြတ်ထားပါတယ်။ အကြောင်း‌ေကြာင်း‌ေကြာင့် ခလေးနဲ့ မတွေ့ပေးခဲ့နိုင်တာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာသမားအပေါ် ဘယ်တုန်းကမှ အမြင်မစောင်းခဲ့သလို ‌ဆုံးမခဲ့တာ‌ေတွကိုလဲ အမြဲလိုက်နာ …

အတွေးတစ်ခု

မနေ့က အတွေး အခုထိ တွေးဆဲမို့… ဘာဖြစ်မယ်မသိ အတွေးလွန်တဲ့… အတိတ်လား.. အနာဂတ်လား.. မဟုတ်မမှန် တွေးမိနေသလား.. သိသိရက်နဲ့ တွေးမိလေသလား.. ပစ္ပုန်တည့်တည့် တွေးမိလိုက်တော့.. ဟုတ်တိုင်းမှန်စွာ တန်းမြင်ပြီပေါ့.. ဟောတော့…

စာမရေးတာ တော်တော်ကြာသွားပြီးဗျ

အလုပ်များနေတာနဲ့ ကျောင်းဆက်တတ်နေတော့ စာြပန်မရေးချင်တော့ဘူး.. ဘလော့တွေက အရင်ကလို ဖတ်တဲ့လူ မရှိတော့ဘူး၊ အားလုံးက facebook မှာဘဲ ရှာပြီး ဖတ်နေကြတော့ ကျွန်တော်တို့လို ဘလော့ရေးတဲ့သူတွေ ရှားလာတော့တာပေါဗျာ အရင်တုန်းကဆို Forum တွေ Blog တွေ အများကြီးဘဲ၊ ရေးကြ၊ ဖတ်ကြ၊ ဆွေးနွေးကြနဲ့ ပျော်စရာကြီးဗျာ။ အဲ့ဒါတွေမှာ ပျော်ပြီး ကျွန်တော် အိုင်တီလောကကို ရောက်လာတာဗျ။ အခုတော့ အရင်လို မဟုတ်တော့ဘူး။ စာရေးတဲ့သူ ရှားသွားပြီ။ ခောတ်ဆိုတာ ဒီလိုဘဲ အမြဲပြောင်းလဲနေမယ်ဆိုတာ လက်ခံထားပါတယ်၊ ဒါပေမဲ့ဗျာ… အခုခောတ် လူငယ်တွေအတွက် ရင်လေးတယ်၊ မသိမတတ်တာကို ပြောတာမဟုတ်ဘူး.. အခုက နည်းနည်းလေးသိတာကို သူအကုန်သိနေပြီလို့ထင်နေတဲ့ စိတ်ပေါ့ဗျာ။ ဘယ်လိုမှ ပြုပြင်ပေးလို့မရဘူး။ ခောတ်စကားနဲ့ပြောရရင်တော့ စိတ်ကြီးဝင်နေတာပေါ့ဗျာ။ တော်တော်များများ တွေ့လာလို့ …

အပြော နဲ့ အလုပ်

အပြောနဲ့ အလုပ် အတတ်နိုင်ဆုံး တစ်ထပ်တည်း ကျအောင်လုပ်… မလုပ်နိုင်ရင် မပြောနဲ့။ ပြောသလိုလုပ်… ကိုယ်လုပ်ကိုယ်ခံ။ နောက်မှဆိုတဲ့ စကားလုံး လုပ်မယ်အလုပ်မှာ လာမရောနဲ့… ရိုးရိုးရှင်းရှင်းလုပ်။ ပိန်းတိန်းတိန်းတော့ ရှောင်။

4Ps အပိုင်း (၂) – Professionalism

အပိုင်း (၁) – Purpose ပြီးတော့… အခု အပိုင်း (၂) ကတော့ Professionalism အကြောင်းဖြစ်ပါတယ်။ Pro ဖြစ်တယ် ဆိုတာ တော်တော်များများ သိကြ ပြောကြ ပါတယ်။ တချို့က အလုပ်တစ်ခု ဆီကနေ ဝင်ငွေရတယ်ဆိုရင် အဲ့ဒါက Pro ဖြစ်တယ်။ ဥပမာ Photographer မှာဆို Amateur နဲ့ Professional ဆိုပြီး ပြောလေ့ရှိတယ်။ အသုံးပစ္စည်းကအစ ခွဲထားတယ်။ ဈေးလည်း တော်တော်လေးကွာတယ်။ ဈေးကြီးတာတွေကိုင်မယ် အဲ့ဒါနဲ့ ဝင်ငွေရအောင် ပြန်ရှာမယ်။ ဒါမျိုးကိုလည်း Professional Photographer ဆိုပြီး ခေါ်ဆိုကြတယ်။ တချို့ကလည်း အလုပ်တစ်ခု လုပ်နေခြင်းဟာ ဝင်ငွေရတဲ့အတွက် အဲ့အလုပ်ကို သူ့ရဲ့ Professional လို့ သက်မှတ်ကြတယ်။ …

လုပ်တတ်ပြီးလား အလုပ်? အပိုင်း (၁)

အလုပ်ကရခဲ့တဲ့ သင်ခန်းစာ။ အခန်းတစ်၊ အလုပ်မှာ လုပ်စရာမရှိ မဖြစ်အောင်နေ။ များသောအားဖြင့် အလုပ်မများဘူးဆိုရင် အေးအေးဆေးဆေးဘဲ ဆိုပြီး ထင်တတ်ကြတယ်။ တကယ်တော့ လုပ်စရာ မရှိတာ မကောင်းပါဘူး။ ပိုပြီးတော့ အလုပ်များဖို့ အရှိန်ယူနေသလိုပါဘဲ။ တစ်ခုခု ကြီးကြီးမားမား လာရင် အစဉ်သင့်ဖြစ်အောင် လုပ်ထားပါ။ နောက်တစ်ခုက တခါတလေ၊ လုပ်စရာပြီးသွားလို့ ဘားမှလုပ်စရာမရှိဖြစ်နေတတ်ပါတယ်။ အဲ့ဒါကို မန်နေဂျာ၊ သူဌေးတို့မြင်ရင် အလုပ်မလုပ်ဘူးလို့ ထင်နိုင်တယ်။ အားနေတယ်ထင်ပြီး မဟုတ်တဲ့ အလုပ်တွေ ခိုင်းတတ်တယ်။ အဲ့တော့ ကိုယ်အလုပ်ကို တစ်နေ့တာ အတွက် ကြိုတင် ချိန်စပြီး လုပ်ပါ။ အချိန်ပို မဖြစ်အောင် ကြိုးစားပါ။ အလုပ်ကလည်းအပြီး အလုပ်ဆင်းချိန်လည်း အရောက် ဖြစ်နိုင်ရင် အကောင်းဆုံးဘဲ။ ပေါင်းသင်း ဆက်ဆံရေး အရေးကြီးတယ်။ နုံသလို့ …

လူကို လွန်၏ မလွန်၏….

ယခုခေတ် သိပ္ပံထွန်းကားပြီး ဘာသာတရားအပေါ်ယုံကြည်မှု အားနည်းလာကြတဲ့ လူငယ်အများစုတို့က ဗုဒ္ဓတရားတွေအပေါ် “ဒီတရားတွေဟာ လူကိုလွန်တဲ့တရားတွေ လူတွေ မသိနိုင်မလုပ်နိုင်တဲ့တရားတွေ” ဟု သုံးသပ်ကာ ဘာသာတရားအောက်က ရုန်းထွက်ကြတယ်… ဗုဒ္ဓဘာသာမှ မဟုတ် အခြားသော ဘာသာတွေမှာလဲ ဒီသဘောဟာ ဖြစ်နေတာကိုတွေ့ရပြန်တယ်… အလယ်ခေတ်ဦးပိုင်းတွေမှာ ပေါ်ပေါက်ခဲ့ကြတဲ့ ဘာသာတွေ အဆုံးအမတွေဖြစ်လို့ တချို့နေရာတွေမှာ ခေတ်မမှီသလို ဖြစ်နေတာတွေကတော့ ရှိနိုင်ပါတယ်.. လူ့သမိုင်းတွေ နိုင်ငံရေး လူမှုရေးတွေဟာလဲ အခုခေတ်နဲ့ယှဉ်ရင် လုံးဝ မတူလေတော့ ဘာသာတရားတွေဟာ ခေတ်မမှီသလိုဖြစ်နေပါတယ်… သို့သော် လူကိုလွန်သော တရားတွေ မဟုတ်ပါ… လူတွေလုပ်နိုင်သော အမှန်ကျင့်ကြံနိုင်သောတရားတွေသာ ဖြစ်ပါတယ်… တကယ့်လုပ်သူတွေ တကယ်ရခဲ့ကြသော ငြိမ်းချမ်းမှုကို ခေတ်အဆက်ဆက်မှာတွေ့နိုင်ပါတယ်… ဘာသာတရားမှာ မဆိုထားနှင့် သိပ္ပံတိုးတက်မှုတွေသည်ပင်လျင် အလယ်ခေတ်လူများအဖို့ လူကိုလွန်သော အရာတွေဟု ထင်နိုင်ပါသည်။ ယခုအောင်မြင်နေကြသော …