ကျေးဇူးပြု၍

” ကျေးဇူးပြု၍ ”

“နင်” ကို “နင်” လို့ ပီပီပြင်ပြင်ရေးပါ။
“နိ” လို့ မရေးပါနှင့်။

“ငါ” ကို “ငါ” လို့ ပီပီပြင်ပြင်ရေးပါ။
“နာ” လို့ မရေးပါနှင့်။

“အသဲ” ကို “အသဲ” လို့ ပီပီပြင်ပြင်ရေးပါ။
“အတျဲ” လို့ မရေးပါနှင့်။

“ဟုတ်တယ်” ကို “ဟုတ်တယ်” လို့ ပီပီပြင်ပြင်ရေးပါ။
“ဟုတယ်” လို့ မရေးပါနှင့်။

“ဟုတ်လား” ကို “ဟုတ်လား” လို့ ပီပီပြင်ပြင်ရေးပါ။
“ဟုလား” လို့ မရေးပါနှင့်။

“ဟုတ်ပါတယ်” ကို “ဟုတ်ပါတယ်” လို့
ပီပီပြင်ပြင်ရေးပါ။
“ဟုဘာသယ်” လို့ မရေးပါနှင့်။

“ခစ်ခစ်” ကို “ခစ်ခစ်” လို့ ပီပီပြင်ပြင်ရေးပါ။
“ခ်ခ်” လို့ မရေးပါနှင့်။

“ချစ်တယ်” ကို “ချစ်တယ်” လို့
ပီပီပြင်ပြင်ရေးပါ။
“ချိတယ်” လို့ မရေးပါနှင့်။

“တယ်” ဆိုရင် “တယ်” လို့
ပီပီပြင်ပြင်ရေးပါ။
“တရ်” လို့ မရေးပါနှင့်။
“ဒေ” လို့လည်း မရေးပါနှင့်။

“ပဲ” ကို “ပဲ” လို့ ပီပီပြင်ပြင်ရေးပါ။
“ဖဲ” လို့ မရေးပါနှင့်။
“ဘဲ” ဆိုသည့်စကားလုံးနှင့်လည်း
ကွဲပြားအောင်ရေးပါ။

“ဘူး” ကို “ဘူး” လို့ ပီပီပြင်ပြင်ရေးပါ။
“ပု” လို့ မရေးပါနှင့်။

“လား” ကို “လား” လို့ ပီပီပြင်ပြင်ရေးပါ။
“ရား” လို့ မရေးပါနှင့်။

“နဲ့” ကို “နဲ့” လို့ ပီပီပြင်ပြင်ရေးပါ။
“နက်” လို့ မရေးပါနှင့်။

“ပြော” ကို “ပြော” လို့ ပီပီပြင်ပြင်ရေးပါ။
“ကြော” လို့ မရေးပါနှင့်။

“သွား” ကို “သွား” လို့ ပီပီပြင်ပြင်ရေးပါ။
“တွား” လို့ မရေးပါနှင့်။

“ချစ်စရာလေး” ကို “ချစ်စရာလေး” လို့
ပီပီပြင်ပြင်ရေးပါ။
“ချိချာရေး” လို့ မရေးပါနှင့်။

“သူငယ်ချင်း” ကို “သူငယ်ချင်း” လို့
ပီပီပြင်ပြင်ရေးပါ။
“သယ်ရင်း” လို့ မရေးပါနှင့်။

“အစ်ကို” ကို “အစ်ကို” လို့
ပီပီပြင်ပြင်ရေးပါ။
“အယ်ကို” လို့ မရေးပါနှင့်။

“အစ်မ” ကို “အစ်မ” လို့
ပီပီပြင်ပြင်ရေးပါ။
“အယ်မ” လို့ မရေးပါနှင့်။

“ဗျ” ကို “ဗျ” လို့ ပီပီပြင်ပြင်ရေးပါ။
“ဂျ” လို့ မရေးပါနှင့်။

“ရှင့်” ကို “ရှင့်” လို့ ပီပီပြင်ပြင်ရေးပါ။
“ဆင့်” လို့ မရေးပါနှင့်။

“ရရစ်” ပါစရာဆိုရင် “ရရစ်” ပါအောင်ရေးပါ။
“ယပင့်” ပါစရာဆိုရင် “ယပင့်” ပါအောင်ရေးပါ။

“ဝဆွဲ” ပါစရာဆိုရင် “ဝဆွဲ” ပါအောင်ရေးပါ။
“ဟထိုး” ပါစရာဆိုရင် “ဟထိုး” ပါအောင်ရေးပါ။

ကျေးဇူးပြု၍
မြန်မာစာကို တန်ဖိုးထားပါ။
အနက်မဲ့အက္ခရာတွေနဲ့
အဓိပ္ပါယ်မဲ့ ပေါ့ပျက်ပျက်မရေးပါနဲ့။
လက်ရှိလူတွေဟာ
အနာဂတ်အတွက်
ရှေ့ဆောင်တွေပါ။

ကျေးဇူးပြု၍
စာပေကိုချစ်ပါ ၊ စာပေကိုမြတ်နိုးပါ ။
စာပေမြင့်မှ လူမျိုးတင့်ပါမည်။

အနက်မဲ့အက္ခရာတွေနဲ့
အဓိပ္ပါယ်မဲ့စွာ
ရေးတော့မည်ဆိုလျှင်…

ကျေးဇူးပြု၍ …
စတုရင်္ဂဗလ အမတ်ကြီးကို အားနာပါ။
ရှင်မဟာရဋ္ဌသာရကို အားနာပါ။
ရှင်အုန်းညိုကို အားနာပါ။
ဝန်ကြီးပဒေသရာဇာ ကို အားနာပါ။
နတ်သျှင်နောင်ကို အားနာပါ။
ဦးကြင်ဥကို အားနာပါ။
ဦးပုညကို အားနာပါ။
ယောမင်းကြီးဦးဖိုးလှိုင် ကို အားနာပါ။
မြဝတီမင်းကြီးဦးစကို အားနာပါ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို
အားနာပါ။
ဆရာကြီးဦးဖေမောင်တင် ကို အားနာပါ။
ဆရာဇော်ဂျီ ကို အားနာပါ။
ဆရာကြီးမင်းသုဝဏ် ကို အားနာပါ။
ဆရာကြီးမင်းယုဝေ ကို အားနာပါ။
ဆရာသိပ္ပံမောင်ဝ ကို အားနာပါ။
ဆရာသော်တာဆွေ ကို အားနာပါ။
ဆရာကြီးအောင်သင်း ကို အားနာပါ။
ဆရာကြီးမောင်ခင်မင် ကို အားနာပါ။

လူထုဒေါ်အမာ ကို အားနာပါ။
ဂျာနယ်ကျော်မမလေး ကို အားနာပါ။
ဆရာမငွေတာရီ ကို အားနာပါ။
ဆရာမကြီးစောမုံညှင်း ကို အားနာပါ။

ကျေးဇူးပြု၍
စာပေကို တန်ဖိုးထားပါ။ မြတ်နိုးပါ။
စာပေကို မိမိမှစ၍
မဖျက်ဆီးမိပါစေနှင့်။

#မောင်မောင်ရဲ
…..