အလွန်များပြားလာတဲ့ Online Content များ

AAEAAQAAAAAAAAbUAAAAJGUyOGMyMzI2LTI4NzEtNDc1ZC1hMmRjLWQ4NDExNzU0YjhiNw

အွန်လိုင်း သတင်းဆိုဒ်တွေ များလာသလို Media လိုလို Content Marketing လိုလို ဆိုဒ်တွေ ပိုများလာတယ်။ အွန်လိုင်းမှာ မြန်မာ Content တွေများလာတာတော့ ကောင်းမွန်တဲ့ အချက်လို့ဆိုနိုင်ပေမယ့် တင်ထားတဲ့ စာတွေကို တကယ့် အမှန်တွေလား၊ တကယ့် အသုံးဝင်တဲ့ စာတွေလား၊ ကိုယ်ပိုင် စာတွေလား ဆိုတာကတော့ စဉ်းစားစရာဖြစ်လို့နေပါတယ်။

အများအားဖြင်တော့ Content Marketing ကို traffic များများရဖို့၊ conversion rate ကောင်းမွန်ဖို့၊ ကိုယ့်နာမည် လူသိများလာဖို့၊ social media မှာ လူကြိုက်များဖို့ စသည်ဖြစ် အသုံးပြုကြပါတယ်။ အများအထင်ကတော့ content တွေများများတင်နိုင်ရင် ကောင်းတယ်၊ လူများများ share ရင်ကောင်းတယ်၊ လူကြိုက်များရင် ကောင်းတယ်ပေါ့။ အဲ့တော့ အွန်လိုင်းမှာရှိတဲ့ နာမည်ကြီး သတင်းတွေကို ဘာသာပြန် ကိုယ်ပိုင်အထာနဲ့ ပြန်ရေး၊ ကိုယ့်သတင်းလုပ်ပေါ့။ အဲ့လိုနဲ့ အလုပ်ဖြစ်နေကြတယ်။

အရင်တုန်းက ဘလော့ကာတွေ ခောတ်စားတုန်းက စာသားတွေတော်တော်များများက ကိုယ်ပိုင်ဟန် ကိုယ်ပိုင် စတိုင်ရှိကြတယ်။ အခုနောက်ပိုင်း အွန်လုင်းသတင်းမီဒီယာလို့ ခံယူထားတဲ့ ဆိုဒ်ကြီးတွေမှာတောင် နိုင်ငံခြားသတင်းတွေကို ကိုယ့်ပိုင်အထာနဲ့ တင်နေကြတယ်။ သူများ ဓာတ်ပုံတွေကို ကိုယ်ပိုင်အထာနဲ့ ယူသုံးကြတယ်၊ သူများစာသားတွေကို ကိုယ်ရေးထားသလိုလို credit မပေးဘဲ ပေါ်တင်ယူသုံးနေကြတော့ ဘယ်မှာရှာရမလဲ သတင်းအရင်းအမြစ်၊ သတင်းကောင်း၊ သတင်းမှန်။

နစ်နာတာကတော့ စာဖတ်တဲ့ သူတွေဘဲ။ လူ့အကျိုးပြုစာတွေ ဘယ်မှာ ရှာဖတ်ရမလဲ၊ သတင်းအမှန်တွေ ဘယ်မှာ ရှာဖတ်ရမလဲ၊ ကျောင်းသား/သူတွေ စာတန်းပြုစုဖို့ စာတွေဘယ်မှာရှာရမလဲ။ မေးခွန်းတွေ မေးရင် မေးကုန်မှာ မဟုတ်တော့ဘူး။

၁၀၀ဖိုး ၃ပုဒ်သတင်းတွေကို တစ်နေ့ ၁၀ပုဒ်လောက်တင်နေမယ့်အစား သတင်းကောင်း၊ သတင်းမှန် ၁ပုဒ်လောက် တင်တာက ပိုပြီး လူကြိုက်များမယ်၊ အကျိုးရှိမယ်လို့ထင်တယ်။

Marketing is impossible without great content

အချိန်နဲ့အညီ ပိုစ့်တွေ တင်နေနိုင်တာကို ကောင်းတယ်လို့ထင်ပြီး သတင်းမှန်မမှန်၊ ကောင်းမကောင်း မစစ်ဘဲနဲ့ အရည်အတွက်ကိုဘဲ ကြည့်ပြီးလုပ်နေတာတော့ ကောင်းမွန်တဲ့ အချက်မဟုတ်သလို အကျိုးလဲမရှိပါဘူး။

အွန်လိုင်း မြန်မာ့စာပေတိုးတတ်ဖို့ ကျွန်တော်တို့ အားလုံး တူတူကြိုးစားဖို့လို့ပါတယ်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားဖို့လိုပါလိမ့်မယ်။ ဒီပုံလေးယူသုံးတာ ဘားမှမဖြစ်ပါဘူး၊ ဒီစာလေးယူသုံးတာ သူသိမှာမဟုတ်ပါဘူး၊ မိသွားမှတောင်းပန်လိုက်ရင် အိုကေသွားမှာပါဆိုတဲ့ စိတ်ဓာတ်လေးတွေ ပြင်နိုင်ဖို့….
I’m just reporting…

Photo: Credit