New Roadmap (2018)

ဒီနှစ်တော့ အလုပ်မှာ ပေါ်တင်ဘဲ ငါ website အပိုင်း အများကြီး မလုပ်ချင်တော့ဘူး။ System Analyst လုပ်ရင်းနဲ့ Machine Learning, Ai နဲ့ Data Analyst အပိုင်းတွေ ဘက်ကို သွားမယ်လို့ ပြောလိုက်တယ်။ အလုပ်မှာက အဲ့အပိုင်းတွေကို လုပ်နေတာက တခြား team တွေဖြစ်နေတယ်။ Internal Transfer လုပ်ချင်နေတယ်လို့များ ထင်သွားမလား မသိဘူး။ မတတ်နိုင်ဘူးလေ။ ပြောင်းခိုင်းတော့လဲ ကောင်းတာဘဲ။ လောလောဆယ်တော့ Chat Bot အရင်စထွက်ဖို့ရှိတယ်။ Idea စဖြစ်လာတာက မနှစ်က SIA Innovation Challenge မှာ ကျွန်တော်ရယ် တခြား Marketing က တချို့ရယ် ပေါင်းပြီး သွားးပြိုင်တယ်။ FB Messenger ChatBot ကို ChatFuel သုံးပြီး Demo လုပ်ပြလိုက်တယ်။ ကျန်တာတွေကတော့ Presentation လုပ်တဲ့သူတွေ က ဘယ်လို ကောင်းကြောင်း။ Flight Booking ဘယ်လိုလုပ်လို့ရကြောင်း၊ ဘယ်လောက်လွယ်ကြောင်း ပြောပြီး ကျွန်တော့တို့ အဖွဲ့ 2nd Runner Up ဘဲရလာခဲ့တယ်။ ပထမ ရတဲ့အဖွဲ့က ကျွန်တော်ထင်တယ် SIA က Kris Flyer Miles ကို Blockchain Technology နဲ့ Cryptocurrency ပြောင်းဖို့ လုပ်တဲ့အဖွဲ့ထင်တယ်။ ဟိုနေ့က သတင်းမှာတောင် SIA က သူတို့ စလုပ်နေပြီဖြစ်ကြောင်း CNA မှာ တွေ့လိုက်သေးတယ်။ ကျွန်တော်တို့ Scoot ကတော့ အဲ့ဒါလုပ်ဖို့ မလိုသေးဘူး။ လောလောဆယ်တော့ ChatBot ကို Vendor ခေါ်ပြီ:လုပ်နေကြတယ်။ ဒီနှစ်ထဲမှာ ထွက်မှာပါ။ ဘာဘဲဖြစ်ဖြစ် ကိုယ်ပေးထားတဲ့ အကြံလေး အကောင်အထည်ပေါ်လာလို့ ကြေနပ်ပါတယ်။ ကိုယ်တိုင်လုပ်ခွင့်ရမယ်ဆိုရင်တော့ ပိုကောင်းမှာပေါ့။ ထင်တာက ကျွန်တော်တို့ team မှာ အဲ့အပိုင်းကို Expert ကောင်းကောင်းမရှိသေးတာကြောင့်ထင်ပါတယ်။

နောက်တစ်ခုက ဒီနှစ် Digital Innovation အတွက်ဆိုပြီး team ကလူတွေ အားလုံးကို idea တောင်းတယ်၊ ပြီးတော့ အဲ့ဒါတွေကို လက်တွေ့ဖြစ်လာဖို့ အထက်ကို တင်ရတယ်။ ပြောရရင် CEO က ကျွန်တော်တို့ IT VP ကို အကြံတောင်းတာထင်ပါတယ်။ IT VP က ကျွန်တော်တို့ကို ပြန်စဉ်းစားခိုင်းတာပေါ့။ Meeting လုပ်ပြီး ပြောကြ၊ ရှာကြနဲ့ အရင် ကျောင်းတုန်းက လုပ်ခဲ့တာတွေနဲ့တောင် တူသလိုလို။ ပြန်တွေးမိသေးတယ်။ ပထမတစ်ခုက website ဒေါင်းရင် လက်ရှိ booking လုပ်နေတဲ့သူတွေကို website down ပြီဆိုအပြီး kick မလုပ်ဘဲ queue လုပ်ထားကြောင်း၊ site ပြန်တတ်လာရင် ဆက်ပြီးတော့ booking လုပ်နိုင်အောင် လုပ်တဲ့ system ပေါ့။ အဲ့လို့လုပ်ခြင်းအားဖြင့် Sales Period တွေမှာ customer တွေကို အနည်းနဲ့အများ စိတ်ချမ်းသာမှု ပေးနိုင်မယ်လို့ ထင်ပါတယ်။ Site က အမြဲတော့ မ ဒေါင်းပါဘူး။ Load Balancer လုပ်နေချိန်ဆိုရင်တော့ ၁ မိနစ် လောက် ကျကျသွားတတ်တယ်။

နောက်တစ်ခုက Flight Tracker ပါ။ မိသားစုတွေ၊ လာကြိုမယ့်သူတွေ၊ ကားသမားတွေကို Notification လုပ်ပေးတဲ့ ဟာပေါ့။ ဘယ်အချိန်ထွက်တယ်၊ ဘယ်အချိန် ရောက်မယ်၊ ဘယ် ဂိတ်မှာစောင့်ရမယ် စတဲ့ဟာတွေကို ကြိုတင် သတင်းပေးတယ်ပေါ့။ လေယာဉ်လက်မှတ် အပြင် တခြားဟာတွေ ရောင်းတာ ကျွန်တော်တို့ Budget Airline တွေအတွက် အမြတ်ပိုရနိုင်လို့ အထက်ကလူကြီးတွေက သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။ အမြဲ System ကို ပိုကောင်းအောင်လုပ်နေသလို အခုလို ဈေးကွက် အသစ်တွေ ဖန်တီးပေးနိုင်တာကလဲ ကျွန်တော်တို့ Team အတွက် ဒီနှစ်အတွက် ပိုကောင်း လာတယ်လို့ ပြောရမယ်။ ဟိုအရင်က အဲ့လိုမျိုးတွေ အရမ်း စိတ်မဝင်စားခဲ့ကြဘူး။ Business Department တွေက လုပ်ခိုင်းတာတွေနဲ့တင် တိုင်ပတ်နေကြတာ၊ အခုတော့ အများကြီး ပြောင်းလဲလာတယ်လို့ ပြောရမယ်။ ကိုယ်တွေက သူတို့မပြောခင် ကြိုပြီး ပြောထားတော့ Pro-active ဖြစ်တော့ လူကြီးတွေ သဘောကျတာပေါ့။

ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ Propose လုပ်တဲ့ ဟာတွေက အများကြီးဘဲ။ အဲထဲက ကျွန်တော် R&D လုပ် နေတဲ့ အပိုင်းကတော့ ကျွန်တော့အခေါ်ကတော့ “Voice UI”. ရှင်းရှင်းပြောရရင် Google Assistant တို့ Siri တို့ လို voice နဲ့ ပြောပြီး flight booking လုပ်လို့ရမယ်။ flight အချိန်၊ promotions တွေ စတာတွေ လုပ်လို့ရမယ်ပေါ့။ တချို့ လေကြောင်းလိုင်းတွေ လုပ်နေကြပြီ။ ကျွန်တော်တို့က အခုမှ လုပ်မှာဆိုတော့ နည်းနည်းတော့ နောက်ကျနေတယ်လို့ ပြောလို့ရတယ်။ အရင်တုန်းက တချို့ လေကြောင်းလိုင်းတွေက Customer service အတွက် လုပ်တာများတယ်။ Frequently Asked Questions တွေကို စက်က auto ဖြေပေးနိုင်တာလိုမျိုးပေါ့။ ကျွန်တော်တို့ကတော့ အဲ့လောက်တော့မဟုတ်ဘူး။ Machine learning တွေပါမယ်၊ Deep Learning တွေပါတယ်။ လောလောဆယ်တော့ DialogFlow ကို Chatbot မှာသုံးထားတယ်ဆိုတော့ ကျွန်တော်တို့လဲ အဲ့အပေါ်မှာ အခြေခံပြီး Voice Recognition နဲ့ လုပ်မယ်၊ Voice နဲ့ ပြန်ပြောမယ်ပေါ့။ အခုတော့ Google Cloud Platforms ပေါ်မှာ လုပ်မယ်လို့တော့ ပြောထားတယ်။ ကျွန်တော်တို့ Team အသစ်တို့ဖို့တော့ လိုမယ်၊ အခုတိုင်းတော့ မလွယ်လောက်ဘူး။ ရှိတဲ့လူနဲ့ ပုံမှန်လုပ်ရတဲ့ အလုပ်တွေ ကွက်တိဖြစ်နေတော့ ဘယ်သူမှ အားအား ယားယား အသစ်မလုပ်နိုင်ကြဘူး။ ကျွန်တော်သာ စိတ်ဝင်စားလို့၊ နောက်ပြီး ကျောင်းက Thesis ကို Machine Learning လုပ်ထားတော့ အလုပ်အတွက် ပြန်အသုံးချချင်တာနဲ့ လုပ်မယ် ဆုံးဖြတ်လိုက်တာ။ အထက်ကလူကြီးတွေ လက်ခံ လက်မခံကတော့ မသိသေးပါဘူး။ ကိုယ်ကတော့ ကိုယ်လုပ်ချင်တာ၊ လုပ်နိုင်တာ ပြောတာဘဲ။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကျွန်တော် အေးဆေးနဲ့ Relax ဖြစ်နေခဲ့တယ်။ Comfort Zone မှာ နေနေသလို ဖြစ်ပြီး လုပ်ချင်ကိုင်ချင်စိတ်ထက် အေးဆေး မိသားစုနဲ့ အချိန်ပေးနိုင်တာကို သဘောကျခဲ့တယ်။ အခုနောက်ပိုင်းကျတော့ ပြန်တွေးကြည့်ရင် အေးဆေး အလုပ်လုပ်ဖို့ အချိန်မတန်သေးဘူးလို့ တွေးမိလာတယ်။ ရာထူးအနေနဲ့လဲ ပေါ်ပိုင်းရောက်ဖို့ အများကြီးလိုသေးတယ်။ အသက်အနေနဲ့လဲ အများကြီးလုပ်နိုင်သေးတယ်ဆိုတော့ ကျွန်တော အရင်က အေးဆေး အလုပ်သွား လုပ်စရာရှိတာလုပ်၊ အလုပ်ပြန်၊ ကျောင်းသွား၊ အဲ့လိုလေးနေတဲ့ အချိန်တွေကို ရပ်လိုက်တော့မယ်။ ကျောင်းလဲ ပြီ:တော့မှာဆိုတော့ အလုပ်မှာ သေချာ အာရုံပြန်စိုက်ပြီး လုပ်ဖို့ ပြန်ကြိုးစားရတော့မယ်။ တွေးမိနေတာ ဒီနှစ် အစကတည်းက ငါဘာလုပ်ရမယ်၊ မိသားစုအတွက် ဘယ်လိုတွေ လုပ်ဖို့ရှိတယ်ဆိုတာ၊ ဇနီးသည်နဲ့ တိုင်ပင်တယ်။ သူလုပ်ချင်တာတွေကို မေးတယ်၊ သူဖြစ်ချင်တာ၊ သူလုပ်နိုင်တာ၊ ကျွန်တော်လုပ်နိုင်တာ တိုင်ပင်ပြီး ကျွန်တော်တို့ ရှေ့ဆက် ဘာလုပ်ကြမယ်ဆိုတာ ပြောဖြစ်ခဲ့ကြတယ်။

အခုပိုစ့်ကတော့ ကျွန်တော့ အလုပ်အတွက် ကျွန်တော်လုပ်ချင်တဲ့ လမ်းစဉ် တစ်ခုပေါ့။ အဲ့အတိုင်းကို ဖြစ်အောင် အားတင်းပြီး လုပ်ရမှာပေါ့။ လွန်ခဲ့တဲ့ ၅ နှစ် အလုပ်စလုပ်တုန်းက web developer cum creative designer ဆိုပြီး လုပ်ခဲ့တယ်။ အလုပ်မှာ ကတော့ အကုန်လုပ်ရတာပါဘဲ။ နောက်ဆုံး Photography, Video Editing, Event Organiser, Wedding Planner အကုန် လုပ်ခဲ့ပြီး ရာထူးတိုးတော့ IT Specialist ပေါ့။ တရုံးလုံးမှာ ရှိတဲ့ ကိစ္စတော်တော်များများ ကျွန်တော့ ဟာဖြစ်လာခဲ့တယ်။ နောက်ဆုံး Management အပိုင်းပို့တော့မယ်အချိန်မှာ ကျွန်တော့ကို လေကြောင်းလိုင်း က ခေါ်လို့ ကျွန်တော့် အလုပ်ပြောင်းခဲ့လိုက်တာ ကျွန်တော့အတွက် စိတ်အထိခိုက်ရဆုံး အချိန်တစ်ခုပေါ့။ ကျွန်တော် Company ကြီးတစ်ခုမှာ Systematic ကျကျ အလုပ်လုပ်ချင်ခဲ့ဖူးတာကြောင့် ပြောင်းခဲ့တာပါလို့ ကိုယ့်ကိုကိုယ် ဝန်ခံရမှာဘဲ။ အဲ့အချိန်မှာ ကျွန်တော် ပြောင်းခဲ့တုန်းက လခ အနေနဲ့ဆို ဒေါ်လာ ၂၀၀ လောက်ဘဲ တိုးတယ်။ အရင် အလုပ်မှာ ရာထူးတိုးရင် အနည်းဆုံး ဒေါ်လာ ၅၀၀ လောက်တိုးတာကို စွန့်လွတ်ပြီး လုပ်ခဲ့တယ်။ သက်သာပေမယ့် တိုးတတ်မှု အရမ်းနည်းတော့ ကျွန်တော့ ကိုယ့်အတွက် ရေရှည်မကောင်းဘူးလေ။ ကောင်းတာတစ်ခုက အခုနောက်ပိုင်း SIA က Innovation ကို အရမ်းလုပ်ခိုင်းတယ်။ Singapore အစိုးရက Smart Nation အတွက် Budget တွေ ချပေးတယ်ထင်ပါတယ်။ Innovation Labs တွေလုပ်တယ်။ လူတွေ ခန့်တယ်။ ပြောရရင်တော့ အိုင်တီနည်းပညာ တိုးတတ်အောင် တိုက်တိုက်တွန်းတွန်း လုပ်ပေးတယ်။ ဒီမှာတော့ အိုင်တီနဲ့ဆို အလုပ်အကိုင် မဆိုးဘူးလို့ပြောရမယ်။ တစ်ခုတော့ရှိတယ်၊ အရင်လို web design လောက်တတ်မယ်၊ WordPress website လုပ်တတ်မယ်လောက်နဲ့တော့ မရတော့ဘူး။ ပိုပြီး ပြိုင်ဆိုင်မှု ပိုများလာတာတွေံရတယ်။ ကျွန်တော်လဲ အဲ့လို ပြိုင်ဆိုင်မှုတွေ ပြောင်းလဲမှုတွေ ဖြစ်လာဖို့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးပြိုင်ပြီး ကြိုးစားဖို့ အရင်က ထက်ပိုပြီး အပြောင်းအလဲတွေကို လက်ခံနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်လို့ ပြောရင်း နောက်နေ့မှ ဆက်ရေးတော့မယ်။