Month: June 2018

Her Third Trimester and My Last Trimester

ဒီနေ့ဟာ သူ့ရဲ့ ၂၈ ပတ်မြောက် ကိုယ်ဝန်လွယ်ထားရတဲ့ နေ့ဖြစ်ပါတယ်။ ဆေးခန်းပြပြီး အပြန် စိတ်ပြေလက်ပျောက် သွားရင်းလာရင်း ဓာတ်ပုံရိုက်လာတာလေးတွေ ပြန်ကြည့်ရင်း သူဘာတွေများပြောင်းလဲသွားလဲပေါ့။ ကျွန်တော့အမြင်တော့ ဗိုက်ကတော့ သိသိသာသာ ပူတတ်လာသလို ဟိုနားက ဖုတတ်လာလိုက်၊ ဒီနားကဖုတတ်လာလိုက်နဲ့ အထဲကခလေးက လှုပ်နေတာကို သိသိသာသာ မြင်လာရတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်တာတွေတော့ အပြောင်းအလဲ မရှိသလိုဘဲ။ နေ့တိုင်းမြင်တွေ့နေရလို့ မသိတာတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာတွေတော့ သိသိသာသာ ပြောင်းလဲလာတယ်။ အရာရာကို အကောင်းမြင်လာသလို မကောင်းတာဆို မတွေး၊ မပြော၊ မလုပ် ဘူး။ တစ်ယောက်နှင့်တစ်ယောက် အမြဲ သတိပေးနေရတာလဲ ပါတာပေါ့။ ဘာရယ်မဟုတ် ၂ ယောက်လုံး စိတ်ကိုလျှော့ထားနိုင်ခဲ့တယ်။ သူ့အလိုလို ကောင်းဘက်တွေကို တွေးလာနိုင်ခဲ့တယ်။ ဘာကြောင့်မှန်းမသိ စိတ်အေးလက်အေးဖြစ်နေကြတယ်။ သူက …