About Me

ပုံစံအနေအထား
လူပုံကတော့ မဝ မပိန် အရပ်အမောင်း မကောင်းပါဘူး။ အများအားဖြင့် ဂတုံးဆံပင်ပေါက်နဲ့ နေတာများတယ်။ အသားရောင်ကတော့ နည်းနည်းဖြူတယ်၊ တရုတ်လောက်တော့ မဖြူဘူး။ ဘာသွေးမှ မရောတဲ့ ဗမာစစ်စစ်ပါ။ မြင်တဲ့လူတိုင်း ရိုက်ချင်တဲ့ပုံဆန်တော့မဟုတ်ပါဘူး။


ဝတ်ပုံစားပုံ

ဝတ်ပုံစားပုံမြင်ပြီး လူအထင်ကြီးနိုင်မည့် အသွင်အပြင် လုံးဝမရှိပါ။ ဘာလို့လည်းဆိုတော့ ကလေးကလား အဝတ်တွေပဲဝတ်တယ်။ ပြီးတော့ အတိုအပြတ်တွေဆို အရန်းဝတ်တယ်။ 

ပြောဆိုနေထိုင်ပုံ
ပျော်ပျော်နေတယ်။ အားရင်အားသလို စာရေးတယ်၊ စာဖတ်တယ်၊ game ကစားတယ်၊ ဓာတ်ပုံရိုက်တာ ကတော့ မလုပ်မနေရ ဝါသနာ။ နည်းပညာပိုင်းကတော့ အကြိုက်ဆုံး အရာ။ မြောင်ပြောတာကို မခံနိုင်။ သဘာဝမကျတာတတွေ့ရင် ပြင်ပေးချင်တယ်။ အကောင်းနဲ့ပြောတာကို နားမထောင်ရင် ဆက်မပြောချင်ဘူး။ စကားပြောရင် ဒဲ့ဒိုး၊ စိတ်တိုရင် စကား မပြောတော့ဘူး။ လူအများနဲ့ ရန်မဖြစ်အောင်နေတတ်တယ်။ အခုချိန်ထိ ရန်သူဆိုတာ ရေရေ ရာရာ မတွေဖူးဘူး။ အသေအခြာဆုံးကတော့ မသိတဲ့လူကို စကားများများ မပြောတတ်ဘူး။


အလုပ်အကိုင်
ဘားမှ ကောင်းကောင်းမွန်မွန် မလုပ်ရသေးဘူး။ ကျောင်းတတ်နေတာနဲ့ပဲ အချိန်ကုန်နေတယ်။ အချိန်ပိုင်း အလုပ်အနေနဲ့ကတော့ Fish & Co မှာ ၂နှစ်ကျော်ကျော်။ St Regis Hotel မှာ ၃နှစ်လောက်ရှိပြီ၊ အခုထက်ထိလည်း လုပ်နေတုန်း…


ပညာအရည်အချင်း
၁၀တန်းကို ၂၀၀၄ မှာအောင်တယ်။ ၂၀၀၇ မှာ စင်္ကာပူကို ရောက်ပြီး SIM မှာ Management Studies ကျောင်းတတ်တယ်။ ကျောင်းပြီးတော့ Hotel မှာ အချိန်ပြည့်နီးပါး အလုပ်လုပ်တယ်။ ပြီးတော့ မှ Republic Polytechnic ကို ၂၀၁၀ မှာ စိတ်ကူးပေါက်ပြီး တတ်ဖြစ်တယ်။ Business Information Systems ကိုယူထားတယ်။ 



ဆက်သွယ်ရန်
Email : [email protected]
www.facebook.com/hanmyohtwe
www.twitter.com/hanmyohtwe
www.hanmyohtwe.com