အိုင်တီကိုကို

I am just what I am! Code Ninga, Design Maker and Creative Worker. Gadgets Lover!

ကျောင်းသားများအတွက် မရှိမဖြစ် AI Tools များ

Writing အတွက် အကောင်းဆုံး Tools များ ၁။ ChatGPT- https://chat.openai.com/ အားလုံးသိတဲ့ ChatGPT က ကျောင်းသားများအတွက် အကောင်းဆုံး AI စာရေးကိရိယာများထဲမှ တစ်ခုဖြစ်နေသေးပြီး အခမဲ့သုံးလို့ရပါတယ်။ ChatGPT က စာအတိုကနေဆောင်းပါးတွေအထိ စာသားအမျိုးအစားအားလုံးကို ဖန်တီးနိုင်စေပါတယ်။ သုတေသနအတွက်လည်း အသုံးပြုနိုင်ပြီး AI ကို ဘယ်ပညာရပ်ဆိုင်ရာမေးခွန်းများမဆို မေးနိုင်ပါတယ်။ ChatGPT က ဇယားများနှင့် ဂရပ်များရဲ့ အချက်အလက်များကို အကျဉ်းချုံ့ရန်အတွက်လည်း ကောင်းမွန်ပါတယ်။ ၂။ Caktus AI- https://www.caktus.ai/ ကျောင်းသားများအတွက် အထူးထုတ်လုပ်ထားသည့် AI Tools ဖြစ်ပြီး ကျောင်းသားများအား ကျောင်းအလုပ်များကို အလိုအလျောက်လုပ်ဆောင်နိုင်စေသောပါတယ်။ Caktus AI က ကုဒ်ရေးသားခြင်း၊ စာစီစာကုံးရေးသားခြင်း၊ စာပိုဒ်များရေးသားခြင်းနှင့် သင်္ချာပုစ္ဆာဖြေရှင်းခြင်း အပါအဝင် …

မြန်မာနိုင်ငံ၊ Covid-19 နှင့် Lockdown

Lockdown

Lock Down ဆိုသည်မှာ… မြန်မာနိုင်ငံ၊ Covid-19 နှင့် Lockdown မြန်မာနိုင်ငံမှာ Covid-19 အတည်ပြုလူနာတွေ တွေ့ရှိရပြီးနောက်ပိုင်းမှာ ရောဂါထိန်းချုပ်ဖို့အတွက် အမြန်ဆုံး Lockdown လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို လူမှုကွန်ယက်တစ်ခွင်မှာ မြင်တွေ့လာရပါတယ်။ ဒီ Post မှာတော့ Lockdown နဲ့ပတ်သက်လို့ စဥ်းစားစရာအချက်တချို့ကို အနည်းငယ်ဆွေးနွေးလိုပါတယ်။ Lockdown ဆိုတာဘာလဲဆိုရင်တော့ အရိုးရှင်းဆုံးပြောရရင် နေရာ‌ဒေသတစ်ခုမှာ လူဝင်ထွက်သွားလာမှုကို ကန့်သတ်ထိန်းချုပ်လိုက်တဲ့၊ ဒေသတစ်ခုလုံးကို ပိတ်ဆို့လိုက်တဲ့ အရေးပေါ်လုပ်ဆောင်မှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒေသတစ်ခုလုံးအပေါ် ချမှတ်တဲ့ ကွာရန်တင်း (Quarantine) အကြီးစားလို့ မြင်ရင်လည်း ရပါတယ်။ Covid-19 လို ကူးစက်ရောဂါဖြစ်ပွားတဲ့အချိန်ကာလမျိုးမှာ Lockdown လုပ်ခြင်းအားဖြင့် လူစုလူဝေးနဲ့ လူဝင်ထွက်သွားလာမှုတွေအပြင် လူတစ်ယောက်နဲ့တစ်ယောက်ထိတွေ့ဆက်ဆံမှုကို လျော့နည်းသွားစေမှာဖြစ်ပါတယ်။ ရလဒ်အားဖြင့် ‌‌‌ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းနှေးကွေးလာမယ်၊ ကျန်းမာရေး၀န်ဆောင်မှုတွေအတွက် လုပ်နိုင်ကိုင်နိုင်၊ နိုင်နိုင်နင်းနင်းရှိလာမယ်၊ …

COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ လျော့နည်းစေရန် နည်းလမ်းများ

COVID-19 သည် အဓိကအားဖြင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်းဖြစ်သည်။ COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ လျော့နည်းစေရန် နည်းလမ်းများမှာ…

ဆရာ့ ဆုံးမစကား

ဆရာဦးမြင့်လွင်

ကျောက်တွင်းကြီးထဲရောက်နေပြီးမှ စိန်ကျောက် အကောင်းတွေ မယူဘဲနဲ့ ဘာလို့ တန်ဖိုးနည်းတဲ့ ကျောက်လေးတွေယူပြီး ပြန်ကြမှာလဲတဲ့။ ဆရာပြောတာ အရမ်းကိုမှန်ပါတယ်၊ ကိုယ်တွေမိသားစုလောက် နီးနီးကပ်ကပ်နေခွင့်ရခဲ့တဲ့ မိသားစုတွေ အတော့ကို နည်းပါတယ်။ ဆရာသမားကောင်းနဲ့ ဒီတစ်သက်တွေ့ခွင့်ရခဲ့တယ်ဆိုတာ ကျွန်တော်တို့ မိသားစုအတွက်က ‌ေကျာက်တွင်းထဲကို ထိုးကျသွားသလိုပါဘဲ၊ အတိုင်းမသိ တန်ဖိုးကြီးတဲ့ အရာ‌‌‌ေတွ ရနိုင်ခွင့်ရှိခဲ့ပါတယ်။ ရသင့်သလောက်တော့ ရခဲ့ပါတယ်၊ အခြေခံတွေ ခိုင်မြဲသွားသလို အသိတရား၊ အတွေးအခေါ်‌ေတွ ‌ေကာင်းသွားပါတယ်။ ဆရာ့ရဲ့ ‌ေမတ္တာက ဒီလောက်နဲ့ရပ်မနေစေဘဲ ‌ေနာက်ထက် တိုးတိုး‌ေအာင် ကြိုးစား‌ေစချင်တာကို အထင်းသား မြင်ရပါတယ်။ ‌ေနာင်မှ ‌ေ‌နာင်တရမယ်ဆိုတာထက် အခုလက်တွေ့ကို အစွမ်းကုန် ကြိုးစားအားထုတ်ဖို့လဲ ဆုံးဖြတ်ထားပါတယ်။ အကြောင်း‌ေကြာင်း‌ေကြာင့် ခလေးနဲ့ မတွေ့ပေးခဲ့နိုင်တာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာသမားအပေါ် ဘယ်တုန်းကမှ အမြင်မစောင်းခဲ့သလို ‌ဆုံးမခဲ့တာ‌ေတွကိုလဲ အမြဲလိုက်နာ …

ကလေးအဖေ အပိုင်း (၂)

ခလေးတစ်နှစ်ပြည့်ကတော့ အလုပ်များများနဲ့ ပြီးသွားခဲ့ပါတယ်။ တစ်နှစ်ပြည့်ကို ၂ဘက်သော အမျိုးများနဲ့ ပျော်ပျော်ပါးပါးလုပ်မယ်ဆိုပြီး အမျိုးသမီးက နေရာတွေ လိုက်ရှာ၊ လှူမယ့် ဘုန်းကြီးကျောင်းတွေ လိုက်မေးနဲ့ တတ်ကြွနေခဲ့တာ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘယ်မှာမ မလုပ်ဖြစ်တော့ဘဲ အမျိုးတစ်ဘက်ဆီကို စားသောက်ဆိုင်မှာ လိုက်ကျွေးတာဘဲ လုပ်ဖြစ်တော့ပါတယ်။ တခြားကုန်မယ် အရာတွေကို ရိပ်သာတွေမှာ ဆွမ်းကပ်တယ်၊ မိဘမဲ့ ဂေဟာတစ်ခုမှာ သွားလှူတယ်၊ သူ့နာမည်နဲ့ ရေခွက်လေးတွေ လှူတယ်။ အဲ့ဒါနဲ့ဘဲ အားလုံး ပြီးသွားပါတယ်။ ခလေးက အခုအရွယ်မှာ သေသေချာချာ မသိသေတော့ မိဘတွေ ဘာတွေလုပ်ပေးခဲ့လဲဆိုတာ နောင်မှာတော့ ပြန်သိအောင် လုပ်ပေးရမှာပေါ့။ အမျိုးသမီးကတော့ စာအုပ်တစ်ခု လုပ်ထားတယ်၊ သူ့ပုံလေတွေနဲ့ စာလေးတွေနဲ့ပေါ့၊ အမျိုးတွေကိုလဲ အမှတ်တရ စာလေးတွေ ရေးထားခိုင်းတာပေါ့။ အဲ့လိုလုပ်ရတာ သူ့အကြိုက်လေ… …

Unicode ပြောင်းပြီ

အောက်တိုဘာလ ၁ရက်နေ့မှာ ဘလော့ကို ယူနီကုဒ် ပြောင်းပြီ။ ဟဟဟဟဟဟဟဟ “မြန်မာယူနီကုဒ်စံကူးပြောင်းရေးသည် ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါသည်။ ပြိုင်တူရွှေ့မှ ရွေ့မည့် အ‌ရွေ့တစ်ခုလည်း ဖြစ်ပါသည်” − Dr Tun T. Thet ref: [1] ဒီဂျစ်တယ်မြန်မာစာနှင့် ယူနီကုဒ်စံကူးပြောင်းရေး‌

ကလေးအဖေ အပိုင်း (၁)

၂၃ရက် သြဂုတ်လ ၂၀၁၈ မနက် ၇နာရီ ၁၇မိနှစ် ကျွန်တော့သား မောင် Reo (ခ) မြတ်မင်းဟန် ကို ကိုယ်အလေးချိန် ၆ပေါင် ၅အောင်စ နှင့် Grand Hantha International Hospital မှာ မွေးခဲ့ပါတယ်။ ဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများ ဂရုစိုက်မှုကြောင့် လွယ်လွယ်ကူကူဘဲ မွေးဖွားခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်ကြီးက ဆေးခန်းစပြကတည်းက ခွဲခန်းထဲဝင်တဲ့အထိ အစစအရာရာ သေချာ ဂရုစိုက်ခဲ့တယ်။

အတွေးတစ်ခု

မနေ့က အတွေး အခုထိ တွေးဆဲမို့… ဘာဖြစ်မယ်မသိ အတွေးလွန်တဲ့… အတိတ်လား.. အနာဂတ်လား.. မဟုတ်မမှန် တွေးမိနေသလား.. သိသိရက်နဲ့ တွေးမိလေသလား.. ပစ္ပုန်တည့်တည့် တွေးမိလိုက်တော့.. ဟုတ်တိုင်းမှန်စွာ တန်းမြင်ပြီပေါ့.. ဟောတော့…