ဒီနေ့ဟာ သူ့ရဲ့ ၂၈ ပတ်မြောက် ကိုယ်ဝန်လွယ်ထားရတဲ့ နေ့ဖြစ်ပါတယ်။ ဆေးခန်းပြပြီး အပြန် စိတ်ပြေလက်ပျောက် သွားရင်းလာရင်း ဓာတ်ပုံရိုက်လာတာလေးတွေ ပြန်ကြည့်ရင်း သူဘာတွေများပြောင်းလဲသွားလဲပေါ့။ ကျွန်တော့အမြင်တော့ ဗိုက်ကတော့ သိသိသာသာ ပူတတ်လာသလို ဟိုနားက ဖုတတ်လာလိုက်၊ ဒီနားကဖုတတ်လာလိုက်နဲ့ အထဲကခလေးက လှုပ်နေတာကို သိသိသာသာ မြင်လာရတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်တာတွေတော့ အပြောင်းအလဲ မရှိသလိုဘဲ။ နေ့တိုင်းမြင်တွေ့နေရလို့ မသိတာတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာတွေတော့ သိသိသာသာ ပြောင်းလဲလာတယ်။ အရာရာကို အကောင်းမြင်လာသလို မကောင်းတာဆို မတွေး၊ မပြော၊ မလုပ် ဘူး။ တစ်ယောက်နှင့်တစ်ယောက် အမြဲ သတိပေးနေရတာလဲ ပါတာပေါ့။ ဘာရယ်မဟုတ် ၂ ယောက်လုံး စိတ်ကိုလျှော့ထားနိုင်ခဲ့တယ်။ သူ့အလိုလို ကောင်းဘက်တွေကို တွေးလာနိုင်ခဲ့တယ်။ ဘာကြောင့်မှန်းမသိ စိတ်အေးလက်အေးဖြစ်နေကြတယ်။ သူက နောက် ၂ လလောက်ဆို ခလေးမွေးတော့မယ်၊ ကျွန်တော်ကလဲ နောက် ၂ လ လောက်ဆို ကျောင်းတတ်နေတာ ပြီးတော့မယ်။ အိမ်ပြောင်းရမယ်။ အလုပ်လဲ ပြောင်းဖို့ လုပ်နေတယ်။ ဒီနှစ်အကုန်တော့ အပြောင်းအလဲတွေ တော်တော်များမယ်ထင်ပါတယ်။ အစကတည်းကလည်း အသက် ၃၀ ပြည့်ရင် ဘဝ အချိုးအကွေ့အနေနဲ့ အပြောင်းအလဲလုပ်ဖို့ စီစဉ်ထားပြီးသားဆိုတော့ လုပ်ချင်တာတွေ ဖြစ်လာဖို့ အချိုးအကွေ့တွေ စတွေ့လာရတော့မှာပေါ့။ ဒီလိုပါဘဲ ဘဝဆိုတာ ရှင်သန်နေမှ ဘဝလို့ ခေါ်လို့ရမှာပေါ့။ ရှင်သန်ဖို့က လှုပ်ရှားသွားလာနေမှ အဓိပါယ်ရှိတော့မှာပေါ့။ ရပ်တန့်နေလို့ကတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
ဘာရယ်မဟုတ် ညဘက်မအိပ်ချင်သေးလို့ အမှတ်တရ အနေနဲ့ ပိုစ့်တင်ဖြစ်သွားတာ။