ဆရာ့ ဆုံးမစကား

ဆရာဦးမြင့်လွင်

ကျောက်တွင်းကြီးထဲရောက်နေပြီးမှ စိန်ကျောက် အကောင်းတွေ မယူဘဲနဲ့ ဘာလို့ တန်ဖိုးနည်းတဲ့ ကျောက်လေးတွေယူပြီး ပြန်ကြမှာလဲတဲ့။

ဆရာပြောတာ အရမ်းကိုမှန်ပါတယ်၊ ကိုယ်တွေမိသားစုလောက် နီးနီးကပ်ကပ်နေခွင့်ရခဲ့တဲ့ မိသားစုတွေ အတော့ကို နည်းပါတယ်။ ဆရာသမားကောင်းနဲ့ ဒီတစ်သက်တွေ့ခွင့်ရခဲ့တယ်ဆိုတာ ကျွန်တော်တို့ မိသားစုအတွက်က ‌ေကျာက်တွင်းထဲကို ထိုးကျသွားသလိုပါဘဲ၊ အတိုင်းမသိ တန်ဖိုးကြီးတဲ့ အရာ‌‌‌ေတွ ရနိုင်ခွင့်ရှိခဲ့ပါတယ်။ ရသင့်သလောက်တော့ ရခဲ့ပါတယ်၊ အခြေခံတွေ ခိုင်မြဲသွားသလို အသိတရား၊ အတွေးအခေါ်‌ေတွ ‌ေကာင်းသွားပါတယ်။ ဆရာ့ရဲ့ ‌ေမတ္တာက ဒီလောက်နဲ့ရပ်မနေစေဘဲ ‌ေနာက်ထက် တိုးတိုး‌ေအာင် ကြိုးစား‌ေစချင်တာကို အထင်းသား မြင်ရပါတယ်။ ‌ေနာင်မှ ‌ေ‌နာင်တရမယ်ဆိုတာထက် အခုလက်တွေ့ကို အစွမ်းကုန် ကြိုးစားအားထုတ်ဖို့လဲ ဆုံးဖြတ်ထားပါတယ်။

အကြောင်း‌ေကြာင်း‌ေကြာင့် ခလေးနဲ့ မတွေ့ပေးခဲ့နိုင်တာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာသမားအပေါ် ဘယ်တုန်းကမှ အမြင်မစောင်းခဲ့သလို ‌ဆုံးမခဲ့တာ‌ေတွကိုလဲ အမြဲလိုက်နာ ကျင့်သုံး‌ေနပါတယ်။ အနားမှာ မနေနိုင်လို့ အများကြီးမသိနိုင်ပေမယ့် သိသလောက်ကိုတော့ အမြဲ လိုက်နာကျင့်သုံး‌ေနတာကိုတော့ ရဲရဲကြီး အာမခံရဲပါတယ်။

ခလေးအပေါ်ထားသင့်တဲ့ စိတ်တွေ၊ နေထိုင်မှုပုံစံတွေပါ သေသေချာချာ ရှင်းပြခဲ့လို့ ကျွန်တော်တို့ မိသားစုအပေါ ထားတဲ့ မေတ္တာတရားကို အကြွင်းမဲ့ လက်ခံယူပါတယ်။ ပေးဝေခဲ့တဲ့ အမျှကိုလဲ သာဓု ၃ ကြိမ် ခေါ်ဆိုခဲ့ပါတယ်။

မှတ်တမ်းအနေနဲ့ တင်ထားတာပါ။

ဒီလောက်ပါဘဲ။