အလုပ်ကိစ္စ

New Roadmap (2018)

ဒီနှစ်တော့ အလုပ်မှာ ပေါ်တင်ဘဲ ငါ website အပိုင်း အများကြီး မလုပ်ချင်တော့ဘူး။ System Analyst လုပ်ရင်းနဲ့ Machine Learning, Ai နဲ့ Data Analyst အပိုင်းတွေ ဘက်ကို သွားမယ်လို့ ပြောလိုက်တယ်။ အလုပ်မှာက အဲ့အပိုင်းတွေကို လုပ်နေတာက တခြား team တွေဖြစ်နေတယ်။ Internal Transfer လုပ်ချင်နေတယ်လို့များ ထင်သွားမလား မသိဘူး။ မတတ်နိုင်ဘူးလေ။ ပြောင်းခိုင်းတော့လဲ ကောင်းတာဘဲ။ လောလောဆယ်တော့ Chat Bot အရင်စထွက်ဖို့ရှိတယ်။ Idea စဖြစ်လာတာက မနှစ်က SIA Innovation Challenge မှာ ကျွန်တော်ရယ် တခြား Marketing က တချို့ရယ် ပေါင်းပြီး သွားးပြိုင်တယ်။ FB Messenger …

ဟိုရေးဒီရေး ၂၀၁၅

အလုပ်လုပ်တာ ၂နှစ်ကျော် ၃နှစ်လောက် ရှိလာတော့ မသိမသာ နဲ့ မကောင်းတဲ့ အကျင့်တစ်ခု ရလာတယ်?။ အလုပ်ကို သေသေချာချာ သေသေသပ်သပ် မလုပ်တော့်ဘူး။ ဖြစ်သလိုနဲ့ ပြီးရင် ပြီးရော လုပ်တတ်လာတယ်။ အမှားများလာသလို လိုရင်လိုသလို ဖောပြီး ရွှီးတတ်လာတယ်။ ကိုယ်က ကျွမ်းကျင်တဲ့ အပိုင်းဆို ပိုပြီးတော့ ဖောတတ်လာတယ်။ အချိန်မလေးစားတော့သလို အလုပ်ကို ချက်ချင်းမလုပ်တော့ဘူး။ အချိန်ဆွဲပြီး လုပ်တတ်လာတယ်။ အရင်တုန်းကဆို အလုပ်တစ်ခု ရလာပြီဆို ချက်ချင်း လုပ်တယ်၊ မပြီးမချင်း မပြန်ဘဲလုပ်တယ်။ အခုနောက်ပိုင်းတော့ အချိန်ဘယ်လောက်ကြာမယ်၊ ဘယ်တော့မှ လာယူ၊ ပြီးရင်ပို့လိုက်မယ်၊ စသည်ဖြင့် အချိန်ဆွဲတတ်လာတယ်။ ကောင်းတာလား ဆိုးတာလားတော့ မသိ၊ ကိုယ်ပြောင်းလဲလာတာတော့ သိတယ်။ အလုပ်လုပ်တာ မြန်လာပေမယ့် အလုပ်မပြီးသလိုဖြစ်နေတယ်။ အလုပ်တွေကို ပြီးအောင်မလုပ်ဘဲ …

ကျောင်းပြန်တတ်ရတော့မယ်

စာမရေး စာမဖတ်တာ တစ်နှစ်လောက်ရှိပြီ။ အလုပ်နဲ့ဆိုင်တဲ့ သတင်းတွေ လောက်ဘဲ လိုက်လေ့လာဖြစ်တယ်။ အလုပ်မှာတော့ အပြောင်းအလဲ တော်တော်များသလို ကျွန်တော့ တာဝန်ယူရတဲ့ အပိုင်းတွေပိုများလာတယ်။ လုပ်ဖော်ကိုင်ဘက် အသစ်တွေများလာတော့ သူတိုနဲ့ အစဉ်ပြေအောင် သည်းခံပြီးနေရတာပေါ့။ အလုပ်ထွက်တဲ့သူတွေများလာတော့ ကျွန်တော်က အလိုလို စီနီယာကြီးဖြစ်သွားရော၊ ပြီးတော့ ထွက်မယ်လုပ်တဲ့ကျွန်တော့ကို သူဌေးက နည်းမျိုးစုံနဲ့ Psycho ထည့်တာပေါ့။ နောက်ဆုံးတော့ မပြောင်းတော့ပါဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်။ နောက်ပြီးတော့ ကျောင်းဆက်တတ်ချင်တာ တစ်ခုကြောင့်လဲ ပါတာပေါ့။ ဒီနှစ် ကျောင်းဆက်တတ်ဖြစ်တယ်။ မြန်မြန်နဲ့ ပြီးတဲ့ကျောင်း တွေရှာကြည့်တော့ government uni ထက် private uni ကို တတ်ဖို့ရွေးဖြစ်သွားတယ်။ လောလောဆယ်တော့ PSB က University of Newcastle မှာ တတ်ဖို့ …