ယခုခေတ် သိပ္ပံထွန်းကားပြီး ဘာသာတရားအပေါ်ယုံကြည်မှု အားနည်းလာကြတဲ့ လူငယ်အများစုတို့က ဗုဒ္ဓတရားတွေအပေါ် “ဒီတရားတွေဟာ လူကိုလွန်တဲ့တရားတွေ လူတွေ မသိနိုင်မလုပ်နိုင်တဲ့တရားတွေ” ဟု သုံးသပ်ကာ ဘာသာတရားအောက်က ရုန်းထွက်ကြတယ်… ဗုဒ္ဓဘာသာမှ မဟုတ် အခြားသော ဘာသာတွေမှာလဲ ဒီသဘောဟာ ဖြစ်နေတာကိုတွေ့ရပြန်တယ်… အလယ်ခေတ်ဦးပိုင်းတွေမှာ ပေါ်ပေါက်ခဲ့ကြတဲ့ ဘာသာတွေ အဆုံးအမတွေဖြစ်လို့ တချို့နေရာတွေမှာ ခေတ်မမှီသလို ဖြစ်နေတာတွေကတော့ ရှိနိုင်ပါတယ်.. လူ့သမိုင်းတွေ နိုင်ငံရေး လူမှုရေးတွေဟာလဲ အခုခေတ်နဲ့ယှဉ်ရင် လုံးဝ မတူလေတော့ ဘာသာတရားတွေဟာ ခေတ်မမှီသလိုဖြစ်နေပါတယ်… သို့သော် လူကိုလွန်သော တရားတွေ မဟုတ်ပါ… လူတွေလုပ်နိုင်သော အမှန်ကျင့်ကြံနိုင်သောတရားတွေသာ ဖြစ်ပါတယ်… တကယ့်လုပ်သူတွေ တကယ်ရခဲ့ကြသော ငြိမ်းချမ်းမှုကို ခေတ်အဆက်ဆက်မှာတွေ့နိုင်ပါတယ်… ဘာသာတရားမှာ မဆိုထားနှင့် သိပ္ပံတိုးတက်မှုတွေသည်ပင်လျင် အလယ်ခေတ်လူများအဖို့ လူကိုလွန်သော အရာတွေဟု ထင်နိုင်ပါသည်။ ယခုအောင်မြင်နေကြသော …
ဒီလကုန်ရင် ကျွန်တော် အလုပ်စလုပ်တာ ၆လပြည့်ပြီပေါ့။ ဘာတွေထူးခြားသွားလဲဆိုတော့ သိသိသာသာကြီး ဝလာတယ်။ အနည်းဆုံး 5kg လောက်တိုးသွားတယ်။ အလုပ်လုပ်ပြီဆိုရင် ထိုင်ရာကနေ ထတာဆိုလို့ အိမ်သာသွားတဲ့ အချိန်နဲ့ ထမင်းစားတဲ့ အချိန်ဘဲရှိတယ်။ ကျန်တဲ့အချိန်တော်တော်များများက ကွန်ပြူတာရှေ့မှာဘဲ ရှိနေတယ်။ အလုပ်ပြီးလို့ အိမ်ရောက်တော့လည်း ခဏလောက်ဘဲ ရေချိုး၊ ထမင်းစား ပြီးတာနဲ့ ကွန်ပြူတာရှေ့ ပြန်ရောက်နေတယ်။ ရုပ်ရှင်ကြည့်တယ်၊ ရေးစရာမပြီးသေးရင် ဆက်ပြီးရေးတယ်။ ဒီဇိုင်းကတော့ အလုပ်မှာဘဲ အပြီးလုပ်တယ်။ အလုပ်က ကွန်ပြူတာက ကြီးတော့ ပိုပြီး အစဉ်ပြေတယ်။ အလုပ်လုပ်တော့မှ Mac ကို စသုံးတာဆိုတော့ နည်းနည်းတော့ လက်ပေါက်ကတ်တယ်။ အခုတော့လည်း Mac သုံးရတာ ပိုကြိုက်လို့ နောက်တစ်ခါ Laptop ဝယ်ရင် Mac ဝယ်တော့မယ်။ အလုပ်အပိုင်းမှာတော့ …
အလုပ်များတာ၊ မအားတာ၊ စိတ်မပါတာ၊ ပျင်းတာ၊ မလုပ်ဖြစ်တာ၊ မလုပ်တတ်တာ အားလုံးပေါင်းပြီး ဆိုဒ်ကို ဒေါင်းနေတာ ပြန်မလုပ်ဖြစ်ဘူး။ အရင်တုန်းက အလကား ရတဲ့ free shared hosting ပေါ်မှာ တင်ထားတာ ဟိုပြောင်းလိုက်၊ ဒီပြောင်းလိုက်နဲ့ အတည်တကျ ဖြစ်တယ်ဆိုတာကို မရှိဘူး။ vps ကောင်းကောင်း တစ်လုံး လိုချင်နေတာနဲ့ လိုက်ရှာတာ ဈေးကြီးတာနဲ့ မဝယ်ဖြစ်ဘူး။ နောက်တော့ ကြေငြာအားကောင်းတဲ့ DigitalOcean ကိုတွေ့ပြီး ကြည့်လိုက်တော့ စိတ်ကြိုက်ဖြစ်နေတယ်၊ ဈေးကလည်း တစ်လ ၅ကျပ်လောက်ဆိုတော့ တတ်နိုင်တာနဲ့ စမ်းသုံးကြည့်တာ တော်တော်လေးကြိုက်တာနဲ့ အရင်ကျောင်း ဆိုဒ်မှာတင်ထားတဲ့ scripts တွေ အားလုံးကို ဒီမှာ စမ်းကြည့်တော့ အိုကေတယ်။ ပြီးတော့ ကိုယ်စိတ်ကြိုက်လုပ်လို့ရတာနဲ့ အားလုံးပြောင်းဖြစ်သွားတာ။ RAM 512, …
ဘာလိုလိုနဲ့ ဒီနေ့ သင်္ကြန် အကျနေ့ တောင်ရောက်သွားပါပြီ။ မြနန္ဒာ သီချင်းကို မသိတဲ့သူမရှိ ပါဘူး။ မြန်မာသံစစ်စစ်နဲ့ ဆိုထားတဲ့ သင်္ကြန်သီချင်းပါ။ Facebook ကို Cho TuZal တင်ထားတာတွေ့လို ကျွန်တော် ပြန်ပြီး ရှယ်လိုက်ပါတယ်။ သမိုင်းကြောင်းပါ ဒီမှာ ဖတ်လို့ရပါတယ်။ Man Taung Yeit Kho မူရင်းသီချင်းက ဒီမှာပါ။
Ask yourself. What would you do with your life if money was no object? An amazing lecture from the late Alan Watts.
အလုပ်ရှာရတာ ထင်သလောက် မလွယ်မှန်း ကိုယ်တို်င် ရှာကြည့်တော့မှ သိတယ်။ စင်္ကာပူမှာ ကျောင်းပြီးရင် အလုပ်လွယ်လွယ် ရတယ်ဆိုတာ ခေတ်ကုန်သွားပြီလို့ ဆိုရမယ်။ အစိုးရကျောင်းပြီးပြီး၊ အပြင်ကျောင်းပြီးပြီး ရှာရတာ ခက်တာဘဲ။ အရင်တုန်းကလို ကျောင်းပြီးတာနဲ့ အလုပ်ဆိုတာ မရှိတော့ပါဘူး။ PR ဆိုတာ လည်း ပေးတယ်လို့ မကြားမိတော့ဘူး။ ကျွန်တော်တို့လည်း မရပါဘူး။ Republic Polytechnic မှာကျောင်းပြီးခါနီး ငါဘာတွေသိခဲ့လည်း ကျောင်းက ငါ့ကို ဘာတွေသင်ပေးခဲလဲဆိုတာ ပြန်တွေးကြည့်မိရင် အလုပ်ရှာရမှာ ရင်လေးတယ်။ အတွေ့အကြုံရှိမှ အလုပ်ရှာရတာလွယ်တယ်။ PR ဖြစ်မှ လွယ်တယ်။ မျိုးစံုပြောကြတာပေါ့၊ တကယ်က ကိုယ့်မှာ အရည်အချင်းတကယ် ပြည့်စံုတယ်ဆို ရှာရတာ လွယ်ပါတယ်။ စင်္ကာပူနိုင်ငံသားတိုင်း အလုပ်လွယ်လွယ် မရကြပါဘူး။ အရည်အချင်းရှိတဲ့ သူတိုင်း အလုပ်ရကြပါတယ်။ …
အခုရက်ပိုင်း တော်တော်လေး အလုပ်ရှုပ်တယ်လို့ ပြောရမယ်။ ကျောင်းပြီ:ခါနီးဆိုတော့ ပိုပြီး အလုပ်ရှုပ်တာပေါ့။ ပထမဆုံးကတော့ နောက်ဆုံးနှစ် ပရောဂျက် လုပ်နေရတယ်။ admin pages for map, location, text,photo and video uploading and auto converting on server, android app, web-services for android, API token, API security စတဲ့ အပိုင်းတွေကို လုပ်ရတာပါ။ အစကတော့ အေးဆေးပြီးမယ်ထင်ထားတာ အခု due date နားကပ်လာတော့မှ ဘားမှ ကောင်းကောင်း မပြီးသေးဘူးဆိုတာ သိပြီး လန့် လန့် လာတယ်။ နောက်တစ်ခုကတော့ အပြင်ကနေ ပရောဂျက် တစ်ခုရတာနဲ့ယူပြီးလုပ်လိုက်တယ်။ eCommerce …
ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်တော် ကြိုက်လို့တင်တယ်။ ဟဲဟဲ/ နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေဗျာ။ အားလုံး မင်္ဂလာပါ။
ဘားမှတော့ အရေးမကြီးပါဘူး။ အမှတ်တရ အနေနဲ့ တင်လိုက်တာပါ။ အားလုံး ပျော်ရွှင်နိုင်ကြပါစေဗျာ။၊
မနေ့က Microsoft ကနေ အသစ်ထုတ်တော့မယ့် Windows 8 Surface Tablet ကြောငြာ လေးကြိုက်လို့ တင်ပေးလိုက်တယ်။ iPad နဲ့ တခြားသော Tablets တွေ ခောတ်ကုန်တော့မလား မသိဘူး။ ကျွန်တော့အထင်ကိုပြောတာပါ။ နောက်မှာဘဲ comparison videos တွေတင်တော့မယ်။ အခုတော့ ကြောငြာလေးနဲ့ သွားရည်ကျလိုက်အုံးအယ်ဗျာ။ ဒါကတော့ နောက်ဆုံးကြောငြာပါ။ ဒါက ပထမဆုံး သော ကြောငြာပါ။ ဒါကတော့ နောက်တစ်ခုပါ time lapse နဲ့ရိုက်ထားတာပါ။