အိုင်တီကိုကို

I am just what I am! Code Ninga, Design Maker and Creative Worker. Gadgets Lover!

ပညာပေး ဗီဒီယိုများ

ကျွန်တော် အလုပ်များနေလို့ မအားဖြစ်နေတာနဲ့ ဗီဒီယို လေးတွေပဲ တင်လိုက်တယ်။ များများစားစားတော့မဟုတ်ပါဘူး။ ပညာပေးလေးတွေပါ။ Youtube မှာတွေ့လို့ ကြိုက်သွားပြီး ပြန်တင်လိုက်တာ။ ဒါကတော့ Down Syndrome ဖြစ်တဲ့ သူတွေကို လူတွေ ဘယ်လို တုန့်ပြန်မှုတွေရှိလဲ ဆိုတာတွေကို လိုက်ရိုက်ထားတာပါ။ နောက်တစ်ခုကတော့ Deaf ဖြစ်နေတဲ့သူတွေကို ရိုက်ထားတာပါ။ ဒါကတော့ အရပ်ပုတဲ့ သူတွေကို ပါ။ ဒါကတော့ တော်တော်လေး ကောင်းတဲ့ ဗီဒီယိုတွေပါ။ Nick Vujicic ပြောသွားတာလေးတွေက တော်တော်လေး ကောင်းသလို့ အားကျစရာလဲ ကောင်းပါတယ်။ သူကြိုးစားခဲ့တာတွေ၊ အခက်အခဲတွေ့ခဲတာတွေ၊ စတဲ့ အရာတွေကို ပြောထားတဲ့ မိန့်ခွန်း ဗီဒီယိုပါ။ သုံးပိုင်းလုံး တင်လိုက်ပါတယ်။ အပိုင်း ၁ အပိုင်း ၂ အပိုင်း …

Kindness keeps the world afloat!

သူငယ်ချင်းတွေ Facebook မှာ တင်ထားတာကိုတွေ့လို့ ကြည့်ဖြစ်တဲ့ ဗီဒီယိုပါ။ လူတိုင်း လူတိုင်း လုပ်သင့်၊ လုပ်ထိုက်တဲ့ အရာလေးတွေ၊ ကိုယ်လုပ်တဲ့ ကောင်းမှု့ ကိုယ့်စီပြန်လာမယ် ဆိုတဲ့ ငယ်ငယ်တုန်းက သင်ခဲ့၊ ကြားခဲ့တဲ့ စာရိတ္တပိုင်း ဆိုင်ရာလေးတွေကို မသိမသာနဲ့ ရိုးရိုးလေးပြသွားတာကို တွေ့ရတယ်။ သီချင်း စာသားလေး ကိုလဲကြိုက်တယ်။ ရိုက်သွားတာလေးတွေကလဲ မိုက်လို့ ပြန်တင်ချင်စိတ်ပေါက်သွားလို့ ပြန်တင်လိုက်တာပါ။ video ကတော့ WebYuki Technology မှာတင်ထားတာကို တွေ့ရပါတယ်။ Background music က Matisyahu – One Day ပါ။ လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာမှာ ကူညီလိုစိတ်လေးတွေ ရစေချင်တယ်၊ ကိုယ်လုပ်ပေးလိုက်ရလို့ ကိုယ်ပြန်ရလာတဲ့ ပီတိက ဘယ်သူမှ မခံစားနိုင်ဘူး။ ကိုယ်ကလည်း တစ်ကယ့်စစ်မှန်တဲ့စိတ်နဲ့ …

Testing Android 4 (ICS) on My Phone

အခုတလော လုပ်ဖြစ်နေတာ ကတော့ ဖုန်ကို ကလိ နေတာပဲ။ HTC ဖုန်းကို ဝယ်ပြီး ၃လလောက်မှာ root လုပ်လိုက်ပါတယ်။ ရိုးရိုးကြီး ပါပြီးသားတွေသုံနေရတာ စိတ်မပါတော့လို့ Custom Rom သွင်းချင်လို့ လုပ်လိုက်တာပါ။ အဲ့ပိုစ့်ကို ဒီလင့် မှာတင်ပြီးပါပြီ။ အခုကတော့ root လုပ်ပြီးသား ဖုန်းတွေမှာပဲ လုပ်လို့ရမှာပါ။ Android version 4 က အခုဆိုရင် Source Code တင်လိုက်ပြီ ဖြစ်လို့ ဖုန်း ကုမ္ပဏီ တော်တော်များများက အပြိုင်အဆိုင် Modify လုပ်နေကြပါပြီ။ ကျွန်တော်က HTC ဖုန်းဆိုတော့ သွင်းလို့ ရမလားဆိုပြီ: လိုက်ရှာတာ တွေ့သွားတယ်။ Beta ပဲရှိသေးတော့ function အကုန်မရသေးဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အသစ်ဆိုတော့ …

Android Market Apps 10B Celebration

ကျွန်တော် Android ကို စသိတာက ၂၀၀၉ လောက်မှပါ။ စပေါ်နေတာတော့ ၂၀၀၈ လောက်ကတည်းက Market က စနေပါပြီ။ အခု ၂၀၁၁ ဆိုရင်တော့ ၃နှစ်ပြည့် ပြီလို့ ပြောလို့ရတာပေါ့။ ၃နှစ်အတွင်းမှာ ဘာတွေပြောင်းလဲသွားလဲဆို တာတော့ ပြောရရင် အများကြီးပဲ။ ကျွန်တော် စသိတဲ့ နာမည် ကို စပြောရမယ်ဆိုရင်တော့ 1.5 Cupcake ပါ။ သူငယ်ချင်းတစ်ယောက်က သုံးနေတာတွေ့လို့ မေးကြည့်လိုက်တာ သူကပြောတယ် Android တဲ့ ကျွန်တော် ဘားမှမသိသေးပါဘူး။ သုံးလို့မကောင်းဘူးတဲ့ အဲ့ဒါနဲ့ ကျွန်တော်လည်း ဆက်မမေးတော့ဘူး။ အဲ့တုန်းက ကျွန်တော်ကိုင်တာက Sony Erission ပါ။ Walkman ပါတဲ့ ဖုန်းဆိုပြီး သီချင်း အမြဲနားထောင်နေခဲ့တယ်။ နောက်ပိုင်းမှာ စက်ရုပ်ပုံလေးနဲ့ဖုန်းတွေ …

DVDVideoSoft − Free Studio 5

ကျွန်တော်သုံးနေကျ အကြိုက်ဆုံး converter software ကို ပြောပါဆိုရင် DVDVideoSoft ကို ပြောရပါလိမ့်မယ်။ ဘာတွေကောင်းလို့လဲဆိုရင်တော့၊ အများကြီးပဲဗျာ။ ကျွန်တော် သိနေတာ တော်တော် ကြာနေပြီ။ ဒီနေ့မှ စိတ်ကူးပေါက်လို့ ပိုစ့်တင်ဖြစ်သွားတာ။ DVDVideoSoft ရဲ့ အဓိက အားသာချက်ကတော့ Free ရတာပဲ။ ပြီးတော့ software ကတစ်ခုတည်း မဟုတ်ဘူးနော် အများကြီ: ကို တစ်ခါတည်းရတယ်။ ဘာတွေပါလဲဆိုတော့ အောက်မှာသာကြည့်လိုက်ပါတော့။ အားလုံး အလကားရတာ။ စမ်းသုံးကြည့်ပါ။ ကြိုက်သွားလိမ့်မယ်။ Free YouTube Download Free YouTube to MP3 Converter Free YouTube to iPod and PSP Converter Free YouTube to …

ပြီးတော့လဲ ပြီးသွားတာပါဘဲ။

Facebook မှာတော်တော်လေးကို ဟော့သွားတဲ့ သတင်းတွေက တိုက်ပေါ်ကနေ ခုန်ချတာက စတာ အခုဆို ရေသန့်ဘူး ထိဖြစ်လာပြီ။ ဘာတွေမှန်းကိုမသိတော့ပါဘူး။ ပြောကျ၊ ရေးကျ၊ share ကျနဲ့ ပွစိကို ထနေတာပဲ။ တစ်နေ့တစ်နေ့ တတ်လာလိုက်တဲ့ notifications အားလုံး အဲ့အကြောင်းတွေပဲ။ စိတ်ရှုပ်လာတယ်။ ဟုတ်တယ် မဟုတ်ဘူး ငြင်းရတဲ့ အရသာ ကဘာများကောင်းလို့လဲဗျာ။ ငြင်းကျ၊ ရန်ဖြစ်ကျ နဲ့ အချိန်ကုန်တာပဲရှိတယ်။ ဘားမှ အကျိုးမများသလို ဘားကောင်းကျိုးမှဖြစ်မလာဘူးလို့ ကျွန်တော်ထင်တယ်။ တိုက်ပေါ်က ခုန်ချတဲ့ နေ့ကဆိုရင် သတင်းကတော်တော်လေးကို ပြန့်သွားတယ်။ Facebook ကြောင့်လို့ထင်တယ်။ ကောင်းပါတယ် သတင်းပြန့်တာမြန်တာ။ လူများများ ကို မြန်မြန်သိအောင် ပြောလို့ရတာပေါ့။ အကျိုးရှိပါတယ်။ အခုဟာက သတင်းဖြန့်တာမဟုတ်တော့ဘူး။ spam လုပ်သလိုဖြစ်လာပြီ။ ပြီးတော့ …

Top Three Android Antivirus Apps

Android ကတော့ Malware တိုးလာတာကတော့ ၄လ အတွင်းကို 472% တောင်တိုးလာပါတယ်။ ဘာလို့ တိုးလာတာများလာလဲဆိုတော့ Android App Market မှာ လွယ်လွယ်နဲ့ တင်လို့ရလို့ပါ။ ပြီးတော့ code signing and an application review process တွေမှာ အားနည်းလို့ထင်ပါတယ်။ အခုဆိုရင် Android သွင်းထားတဲ့ devices ပေါင်း 200 millions ကျော်သွားပါပြီး။ Devices တွေတိုးတိုးလာသလို Security ပိုင်းဟာ အရေးပါလာပါတယ်။ Malware တွေများနေတဲ့ ကြားကနေ အကောင်းဆုံး အလုပ်လုပ် ပေးနိုင်တဲ့ Applications တွေကို ပြောပါ့မယ်။ အားလုံးတော့ သွင်းစရာ မလိုပါဘူး။ တစ်ခုသွင်းထားရင် ရပါပြီ။ ESET Mobile …

Very Busy? Actually Not That Busy!

ကျွန်တော်ဒီရက်ပိုင်းတွေမှာ တော်တော် အလုပ်များနေတယ်။ ဘာတွေများနေလဲ ဆိုတာကို ပြန်ကြည့်ရရင်… ကျွန်တော်တို့ ကျောင်းရဲ့ Cultural Show မှာ ဝင်ပါထားတယ်။ ကျွန်တော်တို့ကျောင်းမှာ Cultural Show တစ်ခါမှမလုပ်နိုင်သေးပါဘူး။ ကျောင်းသားတွေလဲ အများကြီ:ရှိရဲ့သားနဲ့ မလုပ်နိုင်ရမလားဆို ပြီး သူငယ်ချင်းတွေ စုပေါင်းပြီး လုပ်လိုက်တာ အခုဆို လက်မှတ် အားလုံးနီးပါး ကုန်သွားပါပြီ။ လာမယ့် Sunday ဆိုရင် ပွဲစပါပြီ။ ဟိုးအရင်တုန်းတွေကတော့ International Student Festival ဆိုပြီးတော့ လူအများနဲ့တော့ လုပ်နိုင်ပါတယ်။ အခုကတော့ မြန်မာတွေပဲ လုပ်တဲ့ပွဲဆိုတော့ အစစ အရာရာ လုပ်ရတာ ခက်ခဲပါတယ်။ Performers တွေက Practice မလာ၊ လုပ်ရမှာတွေက မပြီးသေး။ ပြောထားပြီးသား အရာတွေက ဖြစ်မလာ။ အားလုံး တော်တော်လေး ပင်ပန်းတယ်။ အထူးသဖြင့်တော့ Main …

မြန်မာနိုင်ပြီ၊ တို့မြန်မာနိုင်ပြီ။

မနေ့ညတုန်းက စာလုပ်မယ်ဆိုပြီး laptop ဖွင့်လိုက်တယ်။ ပြီးတော့ ဟိုလိုလို ဒီလိုလိုနဲ့ Facebook ရောက်သွားတော့ မြန်မာ ဘောလုံးပွဲအကြောင်းတွေ တင်ထားတာနဲ့ ဝင်ကြည့်လိုက်မိတယ်။ ဗီယက်နမ် နှင့် ကန်နေတဲ့ ပွဲကို live ကြည့်လို့ရနေတာနဲ့ ဆက်ကြည့်ဖြစ်သွားတယ်။ တော်တော်ကောင်းတဲ့ မြန်မာ ကစားသမားတွေလို့ ပြောလိုက်မိတယ်။ ကျွန်တော် ငယ်ငယ်တုန်းကဆို အမြဲ အားပေးတယ်။ ရန်ကုန်မှာတုန်းကဆို သုဝဏကွင်းထဲမှာကို သွားအားပေးဖူးတယ်။ အခုနောက်ပိုင်း မကြည့်ရတာလဲ ကြာနေသလို ကောင်းကောင်းမွန်မွန် သတင်းဆိုလို့ ဘားမှမကြားရဘူးလေ။ ဘာပဲဖြစ်ဖြစ် မြန်မာဆိုတော့ သွေးကပဲ ပြောလို့လား မသိဘူး ကြည့်ရင် ရင်ခုန်တယ်။ ဂိုးသွင်းနိုင်ရင် ပျော်တယ်။ ရှုံးရင် ဝမ်းနည်းတယ်။ မန်ယူကန်တာ ဘယ်လောက်ပဲ ကောင်းကောင်း မြန်မာပွဲတွေလောက် ရင်မခုန်ဘူး။ ကြည့်ကောင်းကောင်းနဲ့ ပြီးတဲ့အထိကြည့်သွားတာ။ …

Unboxing Razer Prizes

ကျွန်တော် ဒီနေ့ပဲ ရထားတဲ့ ဆုတွေကို ဖောက်လိုက်ပါတယ်။ စမ်းကြည့်ချင်တာနဲ့ပဲ ဖောက်လိုက်တယ်။ Mouse & Head Phone ကို စမ်းသုံးကြည့်လိုက်တယ်။ Laptop က စစချင်းမှာ USB နဲ့ ဆက်ထားတာကို မသိတော့ ဘားမှလုပ်လို့မရဘူး။ နောက်တော့မှ Razer ကနေ Drivers တွေသွင်းလိုက်တော့မှ အားလုံး အိုကေသွားတော့တယ်။ Mouse ကတော့ အရမ်းမကောင်းပေမဲ့ သုံးလို့တော်တော်ကောင်းတယ်။ sensor ကတော်တော်ကောင်းပြီ: အရမ်းမြန်တယ်။ မီးတွေလင်းနေတော့ တော်တော် လှတယ်။ Keyboard ကိုတော့ မလိုသေးလို့ မဖွင့်ထားဘူး။ နောက်မှပဲ စမ်းကြည့်တော့မယ်။ ပြဿနာ စတာက Head Phone Set ဘားမှလုပ်လို့မရဘူး။ မီးလဲ မလင်း၊ အသံလဲ မကြားရတော့ တော်တော် …