နည်းပညာဆိုင်ရာ

ကျောင်းသားများအတွက် မရှိမဖြစ် AI Tools များ

Writing အတွက် အကောင်းဆုံး Tools များ ၁။ ChatGPT- https://chat.openai.com/ အားလုံးသိတဲ့ ChatGPT က ကျောင်းသားများအတွက် အကောင်းဆုံး AI စာရေးကိရိယာများထဲမှ တစ်ခုဖြစ်နေသေးပြီး အခမဲ့သုံးလို့ရပါတယ်။ ChatGPT က စာအတိုကနေဆောင်းပါးတွေအထိ စာသားအမျိုးအစားအားလုံးကို ဖန်တီးနိုင်စေပါတယ်။ သုတေသနအတွက်လည်း အသုံးပြုနိုင်ပြီး AI ကို ဘယ်ပညာရပ်ဆိုင်ရာမေးခွန်းများမဆို မေးနိုင်ပါတယ်။ ChatGPT က ဇယားများနှင့် ဂရပ်များရဲ့ အချက်အလက်များကို အကျဉ်းချုံ့ရန်အတွက်လည်း ကောင်းမွန်ပါတယ်။ ၂။ Caktus AI- https://www.caktus.ai/ ကျောင်းသားများအတွက် အထူးထုတ်လုပ်ထားသည့် AI Tools ဖြစ်ပြီး ကျောင်းသားများအား ကျောင်းအလုပ်များကို အလိုအလျောက်လုပ်ဆောင်နိုင်စေသောပါတယ်။ Caktus AI က ကုဒ်ရေးသားခြင်း၊ စာစီစာကုံးရေးသားခြင်း၊ စာပိုဒ်များရေးသားခြင်းနှင့် သင်္ချာပုစ္ဆာဖြေရှင်းခြင်း အပါအဝင် …

Myanmar Font is build-in for iOS10

iOS 10 ကို မကြာခင်မှာ Apple က အများပြည်သူများ အားလုံးသုံးလို့ရအောင် ထုတ်ပေးတော့မှာဖြစ်ပါတယ်။ လောလောဆယ်တော့ Developer များအတွက် Beta ထုတ်ပေးထားပါတယ်။ Features တွေအများကြီး ထည့်ပေးထားပါတယ်၊ ကျွန်တော် အဓိက ပြောချင်တာကတော့ မြန်မာစာ ပါလာတာပါဘဲ။ ဘားမှမသွင်းထားဘဲ မြန်မာစာကို မြင်နိုင်ပါတယ်၊ မြန်မာလို Apps တွေမှာ ကောင်းကောင်းသုံးလို့ရပါတယ်။ Myanmar Sangam MN ဖောင့်ကို ထည့်ပေးထားတာပါ။ မြန်မာယူနီကုဒ် တွေကို အားလုံးမြင်နိုင်ပါတယ်။ အနည်းငယ် အမှားလေးတွေရှိပါတယ်။ အဲ့ဒါကလည်း ဖောင့်ထွင်တဲ့သူကို feedback ပေးပြီးထားပြီဖြစ်ပါတယ်။ နောက်ဆုံး version မှာတော့ အမှန်ပါလာနိုင်ပါတယ်။ သူတို့က မြန်မာဖောင့်တွေကို ထည့်ထားပေးတာ ကျွန်တော်တို့ မြန်မာတွေထွင်ထားတဲ့ ဖောင့်တွေမဟုတ်ပါဘူး၊ သူတို့ဖာသာ ထွင်ထားတာပါ။ …

Playing Local Movies with Chromecast

Chromecast မှာ local hard-disk က ဗီဒီယို ဖိုင်တွေကို ဖွင့်ချင်တယ်ဆိုရင် လုပ်လို့ရတဲ့ နည်းလမ်း ကောင်းတစ်ခုရှိပါတယ်။ အောက်ကအတိုင်း အဆင့်ဆင့် လုပ်သွားလို့ ရပါတယ်။ အရင်ဆုံး Chromecast Extension ကို Chrome Browser မှာ သွင်းလိုက်ပါ။ နောက်တော့ Chrome Browser ကိုဖွင့်ပြီး Ctrl+O(Windows) or Command+O(Mac) နှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုယ်ကြည့်ချင်တဲ့ ဗီဒီယိုကို ရှာပြီး ဖွင့်လိုက်ပါ။ နောက်ဆုံး ခုနက သွင်းထားတဲ့ Chrome Extension ကနေ Case this tab to… အဲ့ဒါဆိုရင်တော့ ကိုယ် download ထားတဲ့ movie ဖိုင်တွေကို ကောင်းကောင်း မွန်မွန် TV …

Google Nexus 7

Google Nexus 7(2nd Generation) 16GB ကို $229 နဲ့ Amazon က ဝယ်ထားတာ၊ ဒီနေ့ဘဲ အိမ်ကိုရောက်လာတယ်။ Monday တုန်းက မှ မှာထားတာ။ 2TB HDD တစ်လုံးနဲ့တူတူမှာထားတာ၊ Nexus7 ကအရင်ရောက်လာတယ်။ Amazon က Singapore ကို $120 ကျော်ရင်လားမသိဘူး Shipping Free ရှိတယ်ဆိုတော့ သက်သာသွားတယ်။ ၂ပတ်လောက်ကြာမှ ရောက်မယ်လို့ထင်ထားတာ၊ အတစ်ပတ်အတွင်းရောက်လာတော့ တော်တော်လေး သဘောကျသွားတယ်။ Cover နဲ့ တခြားလိုအပ်တာတွေကိုတော့ Kutis မှာသွားဝယ်ဖို့ရှိတယ်။ Company ကဖွင့်ထားတဲ့ Mobile Accessories ဆိုင်တစ်ခုပါ။ ထုပ်ပေးလိုက်တာကတော့ Amazon က ထုံးစံအတိုင်း ကတ်ထူဘူးနဲ့၊ အထဲမှာတော့ Nexus& box …

Facebook Shared Album

Facebook က feature အသစ်တစ်ခုဖြစ်တဲ့ Shared Album ဟာ တကယ်တော့ Google+ က Party Mode လိုမျိုး Photo Album တစ်ခုထဲကို လူအများကြီး တင်လို့ရတာပါဘဲ။ event, party တွေအတွက် အကောင်းဆုံး အသုံးအဝင်ဆုံးဖြစ်ပါတယ်။ Facebook Share Album အကြောင်းဟပြောရရင် တစ်ယောက်ကို ပုံ ၂၀၀ ၊ အများဆုံး အယောက် ၅၀ ထိ စုပြီး Shared Album လုပ်လို့ရပါတယ်။ create လုပ်တဲ့သူက သူကြိုက်တဲ့သူတွေကို Add လို့ရသလို့ တင်လာတဲ့ ပုံတွေကိုလည်း ဖြတ်လို့ ရပါတယ်။ Google+ Party Mode လိုတော့ event နဲ့ ချိန်ဆက် …

Google Chromecast

Google Chromecast လိုချင်နေတာနဲ့ Amazon ဝယ်ထားလိုက်တယ်။ အရင်လို laptop ကို HDMI cable နဲ့ TV မှာ အကြီးကြီး မကြည့်ရတော့ဘူးပေါ့။ $35 ဆိုတာ ပြောရရင် မဆိုးပါဘူး။ Youtube ပုံမှန်ကြည့်တတ်တဲ့ ကျွန်တော့အတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။ အိမ်မှာလည်း TV က ဘားမှ ကြည့်စရာလိုင်းမရှိတော့ အားရင် မိသားစုနဲ့ အတူတူ ကြည့်လို့ရတယ်။ Amazon ကတော့ November 01, 2013 – November 22, 2013 လောက်ရောက်မယ်လို့ပြောတာဘဲ။ စင်္ကာပူကိုတော့ ပိုပြီးနောက်ကျမယ်ထင်တယ်။ အစတုန်းက Google TV ဝယ်ချင်နေတာ ဈေးကြီးလို့ စဉ်းစားနေတာ။ အခုတော့ မဝယ်ဖြစ်တော့ဘူးပေါ့။ Chromecast ဝယ်ရင်းနဲ့ Amazon …

Presentation with PowerPoint slides is too mainstream:D

PowerPoint ဆိုတာ Presentation တွေ အားလုံးနီးပါးမှာ သုံးတဲ့ MS ရဲ့ Software ဆိုတာ လူတိုင်းသိပြီးသားပါ။ လှပတဲ့ ဒီဇိုင်းတွေနဲ့ အမျိုးမျိုး ထွင်ပြီး အသုံးပြုကြပါတယ်။ Presentation  လုပ်တာ ပရိတ်သတ် အာရုံကို ဖမ်းစားနိုင်ဖို့ အတွက် ဒါမှမဟုတ် အထူးအဆန်း တွေစိတ်ကြိုက်လုပ်ဖို့အတွက် ဒါမှမဟုတ် အိုင်တီ ပညာရှင်ဆန်ဆန်လုပ်ဖို့အတွက် ဒါမှမဟုတ် MS Office မသွင်းထားဘဲ နဲ့ Presentation လုပ်ဖို့အတွက် အောက်ကို ဆက်ဖတ်ပေးပါ။ သင့်ကို အထောက် အကူပြုပါလိမ့်မယ်။ HTML CSS JS  ကို အခြေခံလောက်ရှိဖို့တော့လိုပါတယ်။ Chrome Browser မှာဆို ပိုအစဉ်ပြေပါတယ်။ Reveal.js Impress.js Deck.js Google Slides Template …

iOS 6.1 Jailbreak

ထွက်လာပါပြီ။ iOS 6.1 အတွက် Jailbreak ပါ ဒီလင့်မှာ Evasi0n jailbreak tool ကို ဒေါင် လိုက်ပါ။ ပြီးရင်တော့ ဒီမှာ iOS 6.1 ကို ဒေါင်းလိုက်ပါ။ ဖုန်းကို လော့မချထားပါနဲ့။ Password ခံထားတယ်ဆိုရင် ပြန်ဖြုတ်လိုက်ပါ။ (Settings –> General –> Passcode Lock –> Off) iTunes နဲ့ Xcode ကိုလည်း ပိတ်ထားပေဖို့ မမေ့ပါနဲ့။ ပြီးရင်တော့ စလို့ရပါပြီ။ Evasi0n ကို run လိုက်ပါ။ နောက်ပြီးရင် ဖုန်းကို computer နဲ့ ဆက်လိုက်ပါ။ Lightning cable(usb) နဲ့ပါ။ ပြီးရင်တော့ jailbreak နှိပ်ပြီး …

Windows Live Messenger (WLM) would be turned off by March 2013

မြန်မာနိုင်ငံက တော်တော်များများကတော့ Google Talk နဲ့ တော်တော်လေး ရင်းနှီးပါတယ်။ စင်္ကာပူလို နိုင်ငံမှာတော့ Microsoft Live Messenger ကို တော်တော်များများ သုံးကြတယ်။ အခုတော့ Microsoft က ၂၀၁၃ ကျရင် သူ့ရဲ့ Messenger ကို ပိတ်တော့မယ်လို့ ပြောထားပါတယ်။ သူဝယ်ထားတဲ့ Skype ကို အားလုံးပြောင်းသုံးဖို့ ပြောထားပါတယ်။ Skype ကလည်း တော်တော်လေး ကောင်းတဲ့ App ဖြစ်နေပါပြီ။ နောက်ပြီး contact အားလုံးကို Skype မှာသုံးလို့ရအောင် လုပ်ပေးမယ်လို့လည်း ဆိုထားပါတယ်။ အဓိက ပြောင်းရတဲ့ အကြောင်းကတော့ သုံးသူတွေ လျော့ကျလာတာက တစ်ကြောင်း၊ Messenger က Microsoft ရဲ့ product တွေဖြစ်တဲ့ …

Ubuntu for phones

CES 2013 မှာ Ubuntu Phone ကို စတင် မိတ်ဆက်တော့မှာဖြစ်ပါတယ်။ မိုဘိုင်းလောက ကို ဝင်လာတဲ့ Ubuntu က Native Ap နဲ့ Web App နှစ်ခုလုံးကို Support လုပ်မယ်လို့ ပြောသွားပါတယ်။ Native App ကိုတော့ Ubuntu QML နဲ့ရေးလို့ရမှာဖြစ်ပြီး၊ Web App ကိုတော့ HTML5 နဲ့ရေးလို့ရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဒီလင့် မှာ ဖတ်လို့ရပါတယ်။ ဒီဇိုင်းကတော့ Ubuntu Desktop ပုံစံ ဖြစ်ပါတယ်။ Screen ရဲ့ လေးဖတ် လုံးကို Swipe လုပ်ရင် လိုအပ်တဲ့ App, Setting တွေကို ကြည့်လို့ရမှာဖြစ်ပါတယ်။ ဘယ်ဘက် …