Facebook မှာတော်တော်လေးကို ဟော့သွားတဲ့ သတင်းတွေက တိုက်ပေါ်ကနေ ခုန်ချတာက စတာ အခုဆို ရေသန့်ဘူး ထိဖြစ်လာပြီ။ ဘာတွေမှန်းကိုမသိတော့ပါဘူး။ ပြောကျ၊ ရေးကျ၊ share ကျနဲ့ ပွစိကို ထနေတာပဲ။ တစ်နေ့တစ်နေ့ တတ်လာလိုက်တဲ့ notifications အားလုံး အဲ့အကြောင်းတွေပဲ။ စိတ်ရှုပ်လာတယ်။ ဟုတ်တယ် မဟုတ်ဘူး ငြင်းရတဲ့ အရသာ ကဘာများကောင်းလို့လဲဗျာ။ ငြင်းကျ၊ ရန်ဖြစ်ကျ နဲ့ အချိန်ကုန်တာပဲရှိတယ်။ ဘားမှ အကျိုးမများသလို ဘားကောင်းကျိုးမှဖြစ်မလာဘူးလို့ ကျွန်တော်ထင်တယ်။ တိုက်ပေါ်က ခုန်ချတဲ့ နေ့ကဆိုရင် သတင်းကတော်တော်လေးကို ပြန့်သွားတယ်။ Facebook ကြောင့်လို့ထင်တယ်။ ကောင်းပါတယ် သတင်းပြန့်တာမြန်တာ။ လူများများ ကို မြန်မြန်သိအောင် ပြောလို့ရတာပေါ့။ အကျိုးရှိပါတယ်။ အခုဟာက သတင်းဖြန့်တာမဟုတ်တော့ဘူး။ spam လုပ်သလိုဖြစ်လာပြီ။ ပြီးတော့ …
Month: November 2011
Android ကတော့ Malware တိုးလာတာကတော့ ၄လ အတွင်းကို 472% တောင်တိုးလာပါတယ်။ ဘာလို့ တိုးလာတာများလာလဲဆိုတော့ Android App Market မှာ လွယ်လွယ်နဲ့ တင်လို့ရလို့ပါ။ ပြီးတော့ code signing and an application review process တွေမှာ အားနည်းလို့ထင်ပါတယ်။ အခုဆိုရင် Android သွင်းထားတဲ့ devices ပေါင်း 200 millions ကျော်သွားပါပြီး။ Devices တွေတိုးတိုးလာသလို Security ပိုင်းဟာ အရေးပါလာပါတယ်။ Malware တွေများနေတဲ့ ကြားကနေ အကောင်းဆုံး အလုပ်လုပ် ပေးနိုင်တဲ့ Applications တွေကို ပြောပါ့မယ်။ အားလုံးတော့ သွင်းစရာ မလိုပါဘူး။ တစ်ခုသွင်းထားရင် ရပါပြီ။ ESET Mobile …
ကျွန်တော်ဒီရက်ပိုင်းတွေမှာ တော်တော် အလုပ်များနေတယ်။ ဘာတွေများနေလဲ ဆိုတာကို ပြန်ကြည့်ရရင်… ကျွန်တော်တို့ ကျောင်းရဲ့ Cultural Show မှာ ဝင်ပါထားတယ်။ ကျွန်တော်တို့ကျောင်းမှာ Cultural Show တစ်ခါမှမလုပ်နိုင်သေးပါဘူး။ ကျောင်းသားတွေလဲ အများကြီ:ရှိရဲ့သားနဲ့ မလုပ်နိုင်ရမလားဆို ပြီး သူငယ်ချင်းတွေ စုပေါင်းပြီး လုပ်လိုက်တာ အခုဆို လက်မှတ် အားလုံးနီးပါး ကုန်သွားပါပြီ။ လာမယ့် Sunday ဆိုရင် ပွဲစပါပြီ။ ဟိုးအရင်တုန်းတွေကတော့ International Student Festival ဆိုပြီးတော့ လူအများနဲ့တော့ လုပ်နိုင်ပါတယ်။ အခုကတော့ မြန်မာတွေပဲ လုပ်တဲ့ပွဲဆိုတော့ အစစ အရာရာ လုပ်ရတာ ခက်ခဲပါတယ်။ Performers တွေက Practice မလာ၊ လုပ်ရမှာတွေက မပြီးသေး။ ပြောထားပြီးသား အရာတွေက ဖြစ်မလာ။ အားလုံး တော်တော်လေး ပင်ပန်းတယ်။ အထူးသဖြင့်တော့ Main …
မနေ့ညတုန်းက စာလုပ်မယ်ဆိုပြီး laptop ဖွင့်လိုက်တယ်။ ပြီးတော့ ဟိုလိုလို ဒီလိုလိုနဲ့ Facebook ရောက်သွားတော့ မြန်မာ ဘောလုံးပွဲအကြောင်းတွေ တင်ထားတာနဲ့ ဝင်ကြည့်လိုက်မိတယ်။ ဗီယက်နမ် နှင့် ကန်နေတဲ့ ပွဲကို live ကြည့်လို့ရနေတာနဲ့ ဆက်ကြည့်ဖြစ်သွားတယ်။ တော်တော်ကောင်းတဲ့ မြန်မာ ကစားသမားတွေလို့ ပြောလိုက်မိတယ်။ ကျွန်တော် ငယ်ငယ်တုန်းကဆို အမြဲ အားပေးတယ်။ ရန်ကုန်မှာတုန်းကဆို သုဝဏကွင်းထဲမှာကို သွားအားပေးဖူးတယ်။ အခုနောက်ပိုင်း မကြည့်ရတာလဲ ကြာနေသလို ကောင်းကောင်းမွန်မွန် သတင်းဆိုလို့ ဘားမှမကြားရဘူးလေ။ ဘာပဲဖြစ်ဖြစ် မြန်မာဆိုတော့ သွေးကပဲ ပြောလို့လား မသိဘူး ကြည့်ရင် ရင်ခုန်တယ်။ ဂိုးသွင်းနိုင်ရင် ပျော်တယ်။ ရှုံးရင် ဝမ်းနည်းတယ်။ မန်ယူကန်တာ ဘယ်လောက်ပဲ ကောင်းကောင်း မြန်မာပွဲတွေလောက် ရင်မခုန်ဘူး။ ကြည့်ကောင်းကောင်းနဲ့ ပြီးတဲ့အထိကြည့်သွားတာ။ …
ကျွန်တော် ဒီနေ့ပဲ ရထားတဲ့ ဆုတွေကို ဖောက်လိုက်ပါတယ်။ စမ်းကြည့်ချင်တာနဲ့ပဲ ဖောက်လိုက်တယ်။ Mouse & Head Phone ကို စမ်းသုံးကြည့်လိုက်တယ်။ Laptop က စစချင်းမှာ USB နဲ့ ဆက်ထားတာကို မသိတော့ ဘားမှလုပ်လို့မရဘူး။ နောက်တော့မှ Razer ကနေ Drivers တွေသွင်းလိုက်တော့မှ အားလုံး အိုကေသွားတော့တယ်။ Mouse ကတော့ အရမ်းမကောင်းပေမဲ့ သုံးလို့တော်တော်ကောင်းတယ်။ sensor ကတော်တော်ကောင်းပြီ: အရမ်းမြန်တယ်။ မီးတွေလင်းနေတော့ တော်တော် လှတယ်။ Keyboard ကိုတော့ မလိုသေးလို့ မဖွင့်ထားဘူး။ နောက်မှပဲ စမ်းကြည့်တော့မယ်။ ပြဿနာ စတာက Head Phone Set ဘားမှလုပ်လို့မရဘူး။ မီးလဲ မလင်း၊ အသံလဲ မကြားရတော့ တော်တော် …
ကျွန်တော်စာ မရေးဖြစ်တာတောင် တော်တော်ကြာ နေသလိုရှိနေပါပြီ။ မအားတာကြောင့်ပါ။ အလုပ်ကရှုပ်ဆို ဟိုလိုက်ပါ၊ဒီလိုက်ပါ လုပ်နေတာကိုး။ ပါတယ်ဆိုတာက တစ်မျိုးတော့မထင်ပါနဲ့အုံး။ ပြိုင်ပွဲလေးတွေ လိုက်ပြိုင်နေတာပါ။ ကျောင်းမှာဆိုတော့ ပြိုင်ပွဲတွေက တော်တော်ရှိတယ်။ ဘောဒါတွေ အဖော်လိုလို့ ကျွန်တော် ဝင်ပြိုင်မိခဲ့တယ်။ Razer ဆိုရင် ဂိမ်းဆော့တဲ့သူတွေ မသိသူမရှိလောက်ဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့ ပထမဆု ရသွားပါတယ်။ ကျောင်းမှာ ပြိုင်တဲ့အဖွဲတွေထဲမှာ top 10 ကို ရွေးပြီး ဒီနေ့မှာ နောက်ဆုံး Presentation လုပ်ခိုင်းပြီး 1st, 2nd, 3rd ရွေးတာပါ။ ကျွန်တော်တို့ ၂၉မှတ်ရပါတယ်။ ပျော်ရွင်စရာနေ့လေးဖြစ်သွားပါတယ်။ ၁.၁၁.၁၁ မှာ ပထမဆု တစ်ခုရတယ်ဆိုတော့ မှတ်မှတ်ရရ ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ရသွားတဲ့ Design က မိုက်တယ်လို့ ပြောလို့ရမယ်။ တစ်ကယ်တော့ …