Month: December 2011

Google’s – Doodles

Doodles က ဘာလဲဆိုတာကို Google သုံးဖူးတဲ့ လူတော်တော် များများ သိမယ်လို့ထင်ပါတယ်။ အမြဲလိုလို Google က နေ့ထူးနေ့မြတ်တွေ၊ အထင်ကရနေ့တွေ၊ နာမည်ကျော်၊ ကမ္ဘာကျော် ပုဂ္ဂိုများရဲ့ လူသားတွေကို ပြောင်းလဲမှုတွေပေးခဲ့၊ တီထွင်ခဲ့တဲ့ နေ့ တွေမှာဆို Google Home Page ကို သွားလိုက်ရင် Google Logo က ပုံမှန်နဲ့ မတူအောင် ပြောင်းလဲနေတယ်ဆိုတာ သတိထားမိလောက်မယ် ထင်ပါတယ်။ Google သုံးတဲ့ သူတွေကို သမိုင်းဝင် နေ့ထူးနေ့မြတ် တွေကို သိအောင် ပြောပြနေသလို ဖြစ်ပါတယ်။ အပျော်သဘောလုပ်ထားတာ ဆိုပေမယ့် သုံးတဲ့သူတွေကို တစ်ဖတ်တစ်လှမ်းက သတိပေးသလို ဖြစ်နေတာကို သဘောကျမိတယ်။ အခုလောလောဆယ်တော့ Happy Holidays from Google …

ပညာပေး ဗီဒီယိုများ

ကျွန်တော် အလုပ်များနေလို့ မအားဖြစ်နေတာနဲ့ ဗီဒီယို လေးတွေပဲ တင်လိုက်တယ်။ များများစားစားတော့မဟုတ်ပါဘူး။ ပညာပေးလေးတွေပါ။ Youtube မှာတွေ့လို့ ကြိုက်သွားပြီး ပြန်တင်လိုက်တာ။ ဒါကတော့ Down Syndrome ဖြစ်တဲ့ သူတွေကို လူတွေ ဘယ်လို တုန့်ပြန်မှုတွေရှိလဲ ဆိုတာတွေကို လိုက်ရိုက်ထားတာပါ။ နောက်တစ်ခုကတော့ Deaf ဖြစ်နေတဲ့သူတွေကို ရိုက်ထားတာပါ။ ဒါကတော့ အရပ်ပုတဲ့ သူတွေကို ပါ။ ဒါကတော့ တော်တော်လေး ကောင်းတဲ့ ဗီဒီယိုတွေပါ။ Nick Vujicic ပြောသွားတာလေးတွေက တော်တော်လေး ကောင်းသလို့ အားကျစရာလဲ ကောင်းပါတယ်။ သူကြိုးစားခဲ့တာတွေ၊ အခက်အခဲတွေ့ခဲတာတွေ၊ စတဲ့ အရာတွေကို ပြောထားတဲ့ မိန့်ခွန်း ဗီဒီယိုပါ။ သုံးပိုင်းလုံး တင်လိုက်ပါတယ်။ အပိုင်း ၁ အပိုင်း ၂ အပိုင်း …

Kindness keeps the world afloat!

သူငယ်ချင်းတွေ Facebook မှာ တင်ထားတာကိုတွေ့လို့ ကြည့်ဖြစ်တဲ့ ဗီဒီယိုပါ။ လူတိုင်း လူတိုင်း လုပ်သင့်၊ လုပ်ထိုက်တဲ့ အရာလေးတွေ၊ ကိုယ်လုပ်တဲ့ ကောင်းမှု့ ကိုယ့်စီပြန်လာမယ် ဆိုတဲ့ ငယ်ငယ်တုန်းက သင်ခဲ့၊ ကြားခဲ့တဲ့ စာရိတ္တပိုင်း ဆိုင်ရာလေးတွေကို မသိမသာနဲ့ ရိုးရိုးလေးပြသွားတာကို တွေ့ရတယ်။ သီချင်း စာသားလေး ကိုလဲကြိုက်တယ်။ ရိုက်သွားတာလေးတွေကလဲ မိုက်လို့ ပြန်တင်ချင်စိတ်ပေါက်သွားလို့ ပြန်တင်လိုက်တာပါ။ video ကတော့ WebYuki Technology မှာတင်ထားတာကို တွေ့ရပါတယ်။ Background music က Matisyahu – One Day ပါ။ လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာမှာ ကူညီလိုစိတ်လေးတွေ ရစေချင်တယ်၊ ကိုယ်လုပ်ပေးလိုက်ရလို့ ကိုယ်ပြန်ရလာတဲ့ ပီတိက ဘယ်သူမှ မခံစားနိုင်ဘူး။ ကိုယ်ကလည်း တစ်ကယ့်စစ်မှန်တဲ့စိတ်နဲ့ …

Testing Android 4 (ICS) on My Phone

အခုတလော လုပ်ဖြစ်နေတာ ကတော့ ဖုန်ကို ကလိ နေတာပဲ။ HTC ဖုန်းကို ဝယ်ပြီး ၃လလောက်မှာ root လုပ်လိုက်ပါတယ်။ ရိုးရိုးကြီး ပါပြီးသားတွေသုံနေရတာ စိတ်မပါတော့လို့ Custom Rom သွင်းချင်လို့ လုပ်လိုက်တာပါ။ အဲ့ပိုစ့်ကို ဒီလင့် မှာတင်ပြီးပါပြီ။ အခုကတော့ root လုပ်ပြီးသား ဖုန်းတွေမှာပဲ လုပ်လို့ရမှာပါ။ Android version 4 က အခုဆိုရင် Source Code တင်လိုက်ပြီ ဖြစ်လို့ ဖုန်း ကုမ္ပဏီ တော်တော်များများက အပြိုင်အဆိုင် Modify လုပ်နေကြပါပြီ။ ကျွန်တော်က HTC ဖုန်းဆိုတော့ သွင်းလို့ ရမလားဆိုပြီ: လိုက်ရှာတာ တွေ့သွားတယ်။ Beta ပဲရှိသေးတော့ function အကုန်မရသေးဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အသစ်ဆိုတော့ …

Android Market Apps 10B Celebration

ကျွန်တော် Android ကို စသိတာက ၂၀၀၉ လောက်မှပါ။ စပေါ်နေတာတော့ ၂၀၀၈ လောက်ကတည်းက Market က စနေပါပြီ။ အခု ၂၀၁၁ ဆိုရင်တော့ ၃နှစ်ပြည့် ပြီလို့ ပြောလို့ရတာပေါ့။ ၃နှစ်အတွင်းမှာ ဘာတွေပြောင်းလဲသွားလဲဆို တာတော့ ပြောရရင် အများကြီးပဲ။ ကျွန်တော် စသိတဲ့ နာမည် ကို စပြောရမယ်ဆိုရင်တော့ 1.5 Cupcake ပါ။ သူငယ်ချင်းတစ်ယောက်က သုံးနေတာတွေ့လို့ မေးကြည့်လိုက်တာ သူကပြောတယ် Android တဲ့ ကျွန်တော် ဘားမှမသိသေးပါဘူး။ သုံးလို့မကောင်းဘူးတဲ့ အဲ့ဒါနဲ့ ကျွန်တော်လည်း ဆက်မမေးတော့ဘူး။ အဲ့တုန်းက ကျွန်တော်ကိုင်တာက Sony Erission ပါ။ Walkman ပါတဲ့ ဖုန်းဆိုပြီး သီချင်း အမြဲနားထောင်နေခဲ့တယ်။ နောက်ပိုင်းမှာ စက်ရုပ်ပုံလေးနဲ့ဖုန်းတွေ …

DVDVideoSoft − Free Studio 5

ကျွန်တော်သုံးနေကျ အကြိုက်ဆုံး converter software ကို ပြောပါဆိုရင် DVDVideoSoft ကို ပြောရပါလိမ့်မယ်။ ဘာတွေကောင်းလို့လဲဆိုရင်တော့၊ အများကြီးပဲဗျာ။ ကျွန်တော် သိနေတာ တော်တော် ကြာနေပြီ။ ဒီနေ့မှ စိတ်ကူးပေါက်လို့ ပိုစ့်တင်ဖြစ်သွားတာ။ DVDVideoSoft ရဲ့ အဓိက အားသာချက်ကတော့ Free ရတာပဲ။ ပြီးတော့ software ကတစ်ခုတည်း မဟုတ်ဘူးနော် အများကြီ: ကို တစ်ခါတည်းရတယ်။ ဘာတွေပါလဲဆိုတော့ အောက်မှာသာကြည့်လိုက်ပါတော့။ အားလုံး အလကားရတာ။ စမ်းသုံးကြည့်ပါ။ ကြိုက်သွားလိမ့်မယ်။ Free YouTube Download Free YouTube to MP3 Converter Free YouTube to iPod and PSP Converter Free YouTube to …