Android Market Apps 10B Celebration


ကျွန်တော် Android ကို စသိတာက ၂၀၀၉ လောက်မှပါ။ စပေါ်နေတာတော့ ၂၀၀၈ လောက်ကတည်းက Market က စနေပါပြီ။ အခု ၂၀၁၁ ဆိုရင်တော့ ၃နှစ်ပြည့် ပြီလို့ ပြောလို့ရတာပေါ့။ ၃နှစ်အတွင်းမှာ ဘာတွေပြောင်းလဲသွားလဲဆို တာတော့ ပြောရရင် အများကြီးပဲ။ ကျွန်တော် စသိတဲ့ နာမည် ကို စပြောရမယ်ဆိုရင်တော့ 1.5 Cupcake ပါ။ သူငယ်ချင်းတစ်ယောက်က သုံးနေတာတွေ့လို့ မေးကြည့်လိုက်တာ သူကပြောတယ် Android တဲ့ ကျွန်တော် ဘားမှမသိသေးပါဘူး။ သုံးလို့မကောင်းဘူးတဲ့ အဲ့ဒါနဲ့ ကျွန်တော်လည်း ဆက်မမေးတော့ဘူး။ အဲ့တုန်းက ကျွန်တော်ကိုင်တာက Sony Erission ပါ။ Walkman ပါတဲ့ ဖုန်းဆိုပြီး သီချင်း အမြဲနားထောင်နေခဲ့တယ်။ နောက်ပိုင်းမှာ စက်ရုပ်ပုံလေးနဲ့ဖုန်းတွေ တွေ့လာတော့ လိုက်ရှာကြည့်လိုက်တော့ တော်တော်များများ ဆိုင်ပေါ်မှာ ရောင်ကုန်ပြီလေ။ HTC မှာသွားတွေ့တယ်။ Version 2.2 Froyo တောင် ဖြစ်နေပြီ။ အဲ့နောက်ပိုင်းမှ ကျွန်တော် Android ကို လိုက်လေ့လာ တာပါ။ အခုဆိုရင် တော့ Version 4.0 Ice Cream Sandwich တောင် ဖြစ်နေပြီလေ။ အဲ့တုန်းက ကျောင်းက Business Management ဆိုတော့ ကောင်းကောင်းနားမလည်ခဲ့ဘူး။ အခုနောက်ပိုင်း Business Info System ယူပြီးမှ Programming လေးဘာလေး သင်မိပြီ: ပိုလေ့လာဖြစ်သွားတယ်။ ပြောရင်းနဲ့ ဘေးရောက်သွားတယ်။ အဲ့ဒါပဲ စာကောင်းကောင်းမရေးတတ်မှန်း သိသာနေတယ်။
အခု ဆိုရင် Apple ကို ယှဉ်ပြိုင်မဲ့ အဓိက ပြိုင်ဘက်က Android ဆိုတာ သိကြမှာပါ။ ၃နှစ်အတွင်း တိုးတတ်လာတဲ့ Downloaded Apps ပေါင်းကတော့ အခုဆိုရင် 10 Billions ကျော်သွားပါပြီ (10 billions ဆိုတာက Downloaded Apps တွေကိုပဲ ပြောတာပါ) ဒီနှစ်ပိုင်းအတွင်းမှာ တစ်လကို 1Billion လောက်တိုးတတ်နေပါတယ်။ Google က လည်း 10 Billions ရှိလို့ တစ်ရက်ကို Apps ၁၀ ခုကို ၁၀ ပြားနဲ့ ၁၀ ရက်ရောင်းမယ်လို့ ပြောထားပါတယ်။ ကျွန်တော်ကတော့ ဒီနေ့ ၄ ခုလောက်တော့ ဝယ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် တန်ပါတယ်။ တစ်နေ့ကို ၁၀ ခုပဲ ပေးတာဖြစ်လို့ ဝယ်မယ်ဆို မြန်မြန် ဝယ်ထားလိုက်ပါ။ နောက်နေ့ရောက်သွားရင် ဒီနေ့က Apps တွေပြန်ဝယ်လို့ မရတော့ဘူး။ အခုလောလောဆယ်တော့ အောက်က ပုံထဲက apps တွေကို ပေးထားပါတယ်။

ဒီလင့် ကနေသွားလို့ရပါတယ်။ သွားကြည့်ပြီး ကိုလိုချင်တဲ့ Apps/Games တွေရှိလား ကြည့်လို့ရပါတယ်။ တစ်နေ့နဲ့ တစ်နေ့ မတူဘူးဆိုတာ သတိထားနော်။ အားလုံး အိုကေပါစေဗျာ။
အိုင်တီ ကိုကို။