Kindness keeps the world afloat!

သူငယ်ချင်းတွေ Facebook မှာ တင်ထားတာကိုတွေ့လို့ ကြည့်ဖြစ်တဲ့ ဗီဒီယိုပါ။ လူတိုင်း လူတိုင်း လုပ်သင့်၊ လုပ်ထိုက်တဲ့ အရာလေးတွေ၊ ကိုယ်လုပ်တဲ့ ကောင်းမှု့ ကိုယ့်စီပြန်လာမယ် ဆိုတဲ့ ငယ်ငယ်တုန်းက သင်ခဲ့၊ ကြားခဲ့တဲ့ စာရိတ္တပိုင်း ဆိုင်ရာလေးတွေကို မသိမသာနဲ့ ရိုးရိုးလေးပြသွားတာကို တွေ့ရတယ်။ သီချင်း စာသားလေး ကိုလဲကြိုက်တယ်။ ရိုက်သွားတာလေးတွေကလဲ မိုက်လို့ ပြန်တင်ချင်စိတ်ပေါက်သွားလို့ ပြန်တင်လိုက်တာပါ။ video ကတော့ WebYuki Technology မှာတင်ထားတာကို တွေ့ရပါတယ်။ Background music က Matisyahu – One Day ပါ။ လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာမှာ ကူညီလိုစိတ်လေးတွေ ရစေချင်တယ်၊ ကိုယ်လုပ်ပေးလိုက်ရလို့ ကိုယ်ပြန်ရလာတဲ့ ပီတိက ဘယ်သူမှ မခံစားနိုင်ဘူး။ ကိုယ်ကလည်း တစ်ကယ့်စစ်မှန်တဲ့စိတ်နဲ့ ကူညီခဲ့ရင် တန်ပြန်သက်ရောက်မှုဆိုတာ မလွဲမသွေ ရောက်လာမှာပါ။ အခုခောတ်မှာတော့ စာရိတ္တပိုင်း ဆိုင်ရာတွေက လူငယ်တွေတင် အကဘူး လူကြီးတွေပါ ပြင်ပေးဖို့လိုလာပြီထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ ဗီဒီယိုလေးကြည့်ပြီး တစ်ခုခုရသွားတယ်ဆိုရင် တင်ရကျိုးနပ်ပါပြီ။

မူရင်းလင့်က ဒီမှာပါ။ Click Here
Credit to http://www.lifevestinside.com/