ကျွန်တော် ဒီနေ့ပဲ ရထားတဲ့ ဆုတွေကို ဖောက်လိုက်ပါတယ်။ စမ်းကြည့်ချင်တာနဲ့ပဲ ဖောက်လိုက်တယ်။ Mouse & Head Phone ကို စမ်းသုံးကြည့်လိုက်တယ်။ Laptop က စစချင်းမှာ USB နဲ့ ဆက်ထားတာကို မသိတော့ ဘားမှလုပ်လို့မရဘူး။ နောက်တော့မှ Razer ကနေ Drivers တွေသွင်းလိုက်တော့မှ အားလုံး အိုကေသွားတော့တယ်။ Mouse ကတော့ အရမ်းမကောင်းပေမဲ့ သုံးလို့တော်တော်ကောင်းတယ်။ sensor ကတော်တော်ကောင်းပြီ: အရမ်းမြန်တယ်။ မီးတွေလင်းနေတော့ တော်တော် လှတယ်။ Keyboard ကိုတော့ မလိုသေးလို့ မဖွင့်ထားဘူး။ နောက်မှပဲ စမ်းကြည့်တော့မယ်။
ပြဿနာ စတာက Head Phone Set ဘားမှလုပ်လို့မရဘူး။ မီးလဲ မလင်း၊ အသံလဲ မကြားရတော့ တော်တော် စိတ်ညစ်သွားတယ်။ နောက်တော့မှ ပြန်စစ်တော့ Driver ကကောင်းကောင်းမလုပ်ဘူး။ USB နဲ့လုပ်ထားတော့ ပိုဆိုးတယ်။ Computer နဲ့ပဲ သုံးလို့ရတယ်လေ။ အားလုံးသေသေချာချာ လုပ်တော့ အကုန်ရသွားတယ်။ အသံကတော့ တော်တော်ကောင်းတယ်။ Dr.DRE လောက်တော့ မကောင်းဘူး။ ကောင်းတာတစ်ခုက mic ။ တော်တော်မိုက်တယ်။ ဖြုတ်လို့ တတ်လို့ရတယ်။ အသံ အတိုး၊အချဲအကုန်ပါတယ်။ မီးလင်းတာတွေဘာတွေကိုလဲ ပြောင်းလို့ရတယ်။
အလကားရတာဆိုပေမဲ့ ကျွန်တော် တန်ဖိုးထားတယ်။ ဆုရထားတာဆိုတော့ မသုံးရက်ဘူးဖြစ်နေလို့ ဘားမှမသုံးပဲ ပြန်ထည့် ထားလိုက်တယ်။ အခုတော့ အရင် Mouse အစုတ်လေးပဲ ပြန်သုံးနေတယ်။ ဟဲဟဲ။ ဘဝမှာ ဆုမရခဲ့တာ တော်တော် ကြာနေပြီလေ။ ဘားမှတော့ မဟုတ်ပေမယ့် အားလုံးကြိုးစာခဲလို့ ရခဲတာဆိုတာကတော့ ပြောစရာတောင် မလိုတော့ပါဘူး။ လုပ်နေတဲ့ အချိန်မှာ ပြောခဲ့၊ ဆဲခဲ့၊ အော်ခဲ့၊ ဟောက်ခဲ့ တာတွေက နောက်ဆုံးမှာတော့ ပျော်ရွှင်စရာလေးတွေ ဖြစ်လာတော့ လုပ်ရကျိုးနပ်တယ်လို့ ဆိုနိုင်ပါတယ်။ ဆုမရခဲ့ဘူး ဆိုရင်လည်း လုပ်ရတာ တန်ပါတယ်။ ဘာလို့လဲ့ဆိုတော့ ကိုယ်လုပ်ခဲ့တာတွေက ကိုယ်ပဲပြန်ရတာလေ။ ကိုယ်ပဲ အသိဉာဏ်တွေ ရသွားတယ်။ တွေးခေါ်တတ်သွားတယ်။ ဗဟုတုဟတွေ ရသွားတယ်ဆိုတာ ဘာနဲ့မှ လဲလို့မရတဲ့ အတွေ့အကြုံတွေပါပဲ။