ပြီးတော့လဲ ပြီးသွားတာပါဘဲ။

Facebook မှာတော်တော်လေးကို ဟော့သွားတဲ့ သတင်းတွေက တိုက်ပေါ်ကနေ ခုန်ချတာက စတာ အခုဆို ရေသန့်ဘူး ထိဖြစ်လာပြီ။ ဘာတွေမှန်းကိုမသိတော့ပါဘူး။ ပြောကျ၊ ရေးကျ၊ share ကျနဲ့ ပွစိကို ထနေတာပဲ။ တစ်နေ့တစ်နေ့ တတ်လာလိုက်တဲ့ notifications အားလုံး အဲ့အကြောင်းတွေပဲ။ စိတ်ရှုပ်လာတယ်။ ဟုတ်တယ် မဟုတ်ဘူး ငြင်းရတဲ့ အရသာ ကဘာများကောင်းလို့လဲဗျာ။ ငြင်းကျ၊ ရန်ဖြစ်ကျ နဲ့ အချိန်ကုန်တာပဲရှိတယ်။ ဘားမှ အကျိုးမများသလို ဘားကောင်းကျိုးမှဖြစ်မလာဘူးလို့ ကျွန်တော်ထင်တယ်။

တိုက်ပေါ်က ခုန်ချတဲ့ နေ့ကဆိုရင် သတင်းကတော်တော်လေးကို ပြန့်သွားတယ်။ Facebook ကြောင့်လို့ထင်တယ်။ ကောင်းပါတယ် သတင်းပြန့်တာမြန်တာ။ လူများများ ကို မြန်မြန်သိအောင် ပြောလို့ရတာပေါ့။ အကျိုးရှိပါတယ်။ အခုဟာက သတင်းဖြန့်တာမဟုတ်တော့ဘူး။ spam လုပ်သလိုဖြစ်လာပြီ။ ပြီးတော့ ဘားမှ မဟုတ်တဲ့ ကောင်မလေးတစ်ယောက် သတ်သေသွားတာကို အားလုံးက ဝိုင်းပြီးပြောနေတာတော့ တစ်ခုခုတော့ မဟုတ်တော့ဘူး။ ဘာကြောင့်သေသွားတယ်ဆိုတာကို ငြင်းလို့က မပြီးတော့ဘူး။ ဘယ်လို သေသွား သေသွား သူသေသွားတာပဲ။ သူမသေခင် ဘာကောင်းတာလုပ်ခဲ့လဲ၊ ဘာမကောင်းတာလုပ်ခဲ့လဲ ဆိုတာ သူ့ကိုသူသိမှာပဲလေ။ ကိုယ်လုပ်ခဲ့သလောက် ကိုဖြစ်မှာပဲ။ ကောင်းတာဖြစ်နိုင်သလို့ မကောင်းတာလဲဖြစ်နိုင်တယ်။ အားလုံးဝိုင်းဆုတောင်းပေးတော့ ဘာများ ဖြစ်လာနိုင်သလဲ။ ကျွန်တော်မေးချင်တယ်။ ဆုတောင်းတယ် ဆိုတာက ဘာလဲဆိုတော့ ကျွန်တော်သိသလောက်ပြောရရင် “အားပေးတာ။ တိုက်တွန်းပေးတာ၊ ဘယ်အရာမဆို ကိုယ်လုပ်မှ ကိုယ်ရမှာပါ” သူများတွေပြောတိုင်း ကိုယ်ကလိုက်ဖြစ်မှာလား။

အဆိုးဆုံးက သူ့အတွက်ဆိုပြီ: fan page လုပ်ပြီးလာ like ခိုင်းသေးတယ်။ ကျွန်တော် ပြန်ပြောလိုက်တယ်။ သူကဘာမို့လို့လဲလို့၊ တိုင်းပြည်နဲ့ လူမျိူးအတွက် အသက်ပေးသွားလို့လားလို့၊ လူအများအတွက် ဘာကောင်းကျိုးများ ပေးသွားလို့လဲလို့၊ ပြန်မေးပြီ: Sorry လို့ပြောလိုက်တယ်။ သူ့ဟာသူ သေတာကို အဲ့လိုမျိုး ပုံကြီးချဲ့စရာ မလိုဘူးလို့ထင်လို့ပါ။ ကိုယ်နဲ့မသိသလို ကိုယ်နဲလည်း ဘားမှမဆိုင်တဲ့ သူတစ်ယောက်အတွက် ကျွန်တော် စိတ်ထဲ မထည့်ထားချင်ဘူး။ သေသွားတဲ့ ကောင်မလေးကတော့ သေရင် နာမည်ကြီးမယ့် ဇာတာပါလာတယ်ထင်ပါတယ်။ တော်တော် ကြီးသွားတယ်။ ပြီးတော့လဲ ပြီးသွားတာပါဘဲ။

အခုလည်း လာပြန်ပြီ ရေသန့်ဘူး။ စွယ်တော် ပုံပေါ်တယ်ဆိုပြီး တော်တော်လေးကို ပြောနေကြတယ်။ ဟုတ်လား မဟုတ်လား ကျွန်တော်မသိဘူး။ ဖြစ်နိုင်ခြေ ဘာ ရှိလဲ ဆိုတာကို စဉ်းစားကြည့်ရင် အရှင်းကြီ:ပါ။ ကျွန်တော်ကတော့ ဘာပြေရမလဲကို မသိတော့ဘူးဗျာ။ မြန်မာ့ အတွေးလို့ပြောရမလား၊ မြန်မာ့ style လို့ ပြောရမလား၊ ဘာမှန်းကိုမသိတော့ပါဘူး။ သေချာတာတစ်ခုကတော့ မြန်မာနိုင်ငံမှာ ရေသန့်ဘူးတွေတော်တော်ရောင်းရသွားမယ်ထင်တယ်။ ကျွန်တော်ကတော့ ဟုတ်လား မဟုတ်လားဆိုတာ အချိန်ကုန်ခံပြီ:တော့ research လည်းမလုပ်တော့ပါဘူး။ ပြောလည်းမပြောတော့ပါဘူး။ အခုတောင် စိတ်အလိုလိုက်ပြီး ရေးဖြစ်သွားတယ်။

ပြီ:တော့ တရုတ်က အမြဲအမြဲလာပြီး လုပ်စားနေတာကို ကျွန်တော်စိတ်မကောင်းဘူး။ လူတွေကို အယုံသွင်းပြီ: အလှူတွေခံသွားတယ်။ ပြီးတော့ ပြန်သွားတယ်။ လှူချင်တဲ့လူတွေကတော့ ရှိတာလေးတွေနဲ့ အကုန်လှူကြတာပေါ့။ တစ်ဖတ်မှာ ဘာလုပ်လဲဆိုတာ အသိနိုင်သလို တကယ်အကျိုးရှိလားဆိုတော့ အပြောတတ်ဘူး။ ဒါပေမယ့် လှူလိုက်တဲ့ လူကတော့ မလှူခင်၊ လှူဆဲ၊ လှူပြီ: စိတ်လေးတွေနဲ့တင် ကုသိုလ်ရနေပါပြီ။ ကုသိုလ်လည်းရ တကယ်အကျိုးလဲရှိဆိုရင် ပိုမကောင်းဘူးလာဗျာ။ ကျွန်တော်ကတော့ လက်တွေ့မှာ အကျိုးရှိမှ လှူချင်တယ်။ လူ့စိတ်က မျိုးမျိူးဆိုတော့ မကောင်းဘူးလို့ သွားပြောလို့မှ မရတာ။ ပြီးတော့လဲ ပြီးသွားတာပါပဲ။

နောက်ထက် ဘာတွေရှိသေးလဲတော့ မသိဘူး။ ကျွန်တော်သိတဲ့ ဟော့တဲ့ သတင်းတွေကတော့ ဒီလောက်ပါပဲ။ စိတ်ထဲရှိတာတွေ ချရေးထားတော့ အပြောမဆို ရိုင်းသွားရင် ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။ ကျွန်တော့စိတ်ထဲက အတိုင်းပြောချင်တာလေးတွေ ရေးလိုက်မိတာပါ။ အမှားပါရင် ဆောရီးပါလို့…