မြန်မာနိုင်ပြီ၊ တို့မြန်မာနိုင်ပြီ။

မနေ့ညတုန်းက စာလုပ်မယ်ဆိုပြီး laptop ဖွင့်လိုက်တယ်။ ပြီးတော့ ဟိုလိုလို ဒီလိုလိုနဲ့ Facebook ရောက်သွားတော့ မြန်မာ ဘောလုံးပွဲအကြောင်းတွေ တင်ထားတာနဲ့ ဝင်ကြည့်လိုက်မိတယ်။ ဗီယက်နမ် နှင့် ကန်နေတဲ့ ပွဲကို live ကြည့်လို့ရနေတာနဲ့ ဆက်ကြည့်ဖြစ်သွားတယ်။ တော်တော်ကောင်းတဲ့ မြန်မာ ကစားသမားတွေလို့ ပြောလိုက်မိတယ်။ ကျွန်တော် ငယ်ငယ်တုန်းကဆို အမြဲ အားပေးတယ်။ ရန်ကုန်မှာတုန်းကဆို သုဝဏကွင်းထဲမှာကို သွားအားပေးဖူးတယ်။ အခုနောက်ပိုင်း မကြည့်ရတာလဲ ကြာနေသလို ကောင်းကောင်းမွန်မွန် သတင်းဆိုလို့ ဘားမှမကြားရဘူးလေ။ ဘာပဲဖြစ်ဖြစ် မြန်မာဆိုတော့ သွေးကပဲ ပြောလို့လား မသိဘူး ကြည့်ရင် ရင်ခုန်တယ်။ ဂိုးသွင်းနိုင်ရင် ပျော်တယ်။ ရှုံးရင် ဝမ်းနည်းတယ်။ မန်ယူကန်တာ ဘယ်လောက်ပဲ ကောင်းကောင်း မြန်မာပွဲတွေလောက် ရင်မခုန်ဘူး။ ကြည့်ကောင်းကောင်းနဲ့ ပြီးတဲ့အထိကြည့်သွားတာ။
ပွဲက ကြည့်လို့ကောင်းတာလဲ မပြောနဲ့ မြန်မာကပဲ သွင်းနေတာကို။ နောက်ဆုံးတော့ ၄ ဂိုး ၁ဂိုးနဲ့ မြန်မာ တတိယနေရာရသွားပါတယ်။ ပထမ မရပေမယ့် ပျော်တယ်။ မြန်မာ့ တွေ တိုးတတ်လာတာ တွေ့ရလို့။ ကန်ချက်တွေ က ကောင်းသလို၊ အကွက် ကျကျ ကန်တတ်လာတယ်။ လူငယ်တွေ ခြေစွမ်းကတော့ တော်တော်လေး အံ့သြမိတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက မြန်မာအသင်းနဲ့ အခုအသင်း တော်တော်လေး ကွာသွားပြီ။ ရန်လည်း မဖြစ်တော့သလို၊ ပေါက်ကရတွေလည်း မဖြစ်တော့ဘူး။ မြန်မာအသင်း ပထမရရင် ဆိုတဲ့စိတ်တွေကတော့ အားလုံးရင်ထဲမှာ ရှိဆဲ ရှိမြဲဆိုတာ မပြောလဲ သိကြမှာပါ။
ဘောပွဲကြည့်နေတာနဲ့ လုပ်ရမဲ့ PHP Assignment လေးတောင် ပြီးအောင်မလုပ် နိုင်ပဲအိပ်သွားတယ်။ Assignment က လွယ်လွယ်လေးပါဆိုပြီး မလုပ်ပဲ ထားလိုက်တာ အခု နောက်ဆုံးနေ့ရောက်နေပြီ မပြီးသေးဘူး။ ကုဒ်အပိုင်းကတော့ တော်တော်လေးပြီးသွားပြီ။ validation တွေပြန်စစ်နေရတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ တော်တော်တော့ ပြီးသွားပြီ။ အခုနောက်ဆုံး CSS ကို ပြန်ရေးနေတာ။ လုပ်လေ ရှုပ်လေ ဖြစ်နေတော့ မလုပ်ချင်တော့လို့ စာရေးရင်းနဲ့ ခဏအနားယူ နေတာ။ ပြီးရင် ပြန်ရေးရအုံးမယ်။ Design က အရမ်းတော့ အရေးမကြီးဘူးဆိုပေမယ့် ဘားမှမပါတော့လဲ ကြည့်လို့မကောင်းဘူး။ ကျွန်တော် နောက်ဆုံး တော့ Jquery နဲ့ လုပ်တတ်သွားပါပြီ။ အများကြီး လေ့လာရအုန်းမယ်။ အများကြီးလုပ်စရာတွေရှိသေးတယ်။။ သေချာတာတစ်ခုကတော့ ကျွန်တော် ဘယ်တော့မှ သင်ယူလို့ကုန်မှာ မဟုတ်တဲ့ လိုင်းကို ယူမိပြီးတော့ ကိုယ့်ဟာကို လေ့လာသင်ယူတတ် နေပါပြီလို့။။။
စာမရေတာကြာတော့ ရေးမိရေးရာတွေ ရေးမိပါတယ်။ သည်းခံပေးပါ။

အားလုံးသိကြတဲ့ သီချင်းလေးပါ။ ဖွင့်ချင်တိုင်းဖွင့်လို့မရပါဘူး။ မြန်မာနိုင်မှ ဖွင့်လို့ကောင်းတယ်၊ နားထောင်လို့ ကောင်းတယ်။

Highlight Video လေးပါ။ မကြည့်လိုက်ရတဲ့ သူတွေ အတွက်ပါ။