Testing Android 4 (ICS) on My Phone

အခုတလော လုပ်ဖြစ်နေတာ ကတော့ ဖုန်ကို ကလိ နေတာပဲ။ HTC ဖုန်းကို ဝယ်ပြီး ၃လလောက်မှာ root လုပ်လိုက်ပါတယ်။ ရိုးရိုးကြီး ပါပြီးသားတွေသုံနေရတာ စိတ်မပါတော့လို့ Custom Rom သွင်းချင်လို့ လုပ်လိုက်တာပါ။ အဲ့ပိုစ့်ကို ဒီလင့် မှာတင်ပြီးပါပြီ။ အခုကတော့ root လုပ်ပြီးသား ဖုန်းတွေမှာပဲ လုပ်လို့ရမှာပါ။ Android version 4 က အခုဆိုရင် Source Code တင်လိုက်ပြီ ဖြစ်လို့ ဖုန်း ကုမ္ပဏီ တော်တော်များများက အပြိုင်အဆိုင် Modify လုပ်နေကြပါပြီ။ ကျွန်တော်က HTC ဖုန်းဆိုတော့ သွင်းလို့ ရမလားဆိုပြီ: လိုက်ရှာတာ တွေ့သွားတယ်။ Beta ပဲရှိသေးတော့ function အကုန်မရသေးဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အသစ်ဆိုတော့ သုံးကြည့်ချင်တာပေါ့။ ဘာတွေ ထူးသွားလဲ ဆိုတော့ Battery ကောင်းတယ်။ UI က တော်တော်မိုက်တယ်။ သုံးလို့ကောင်းတယ်လို့ ပြောရမှာပေါ့။ အားလုံးမရသေးတော့ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ Cyanogenmod မှာတော့ နောက်ပိုင်း ထွက်မယ် version တွေမှာ ပါလာမယ်ထင်တယ်။ အခုတော့ စမ်းချင်တာ စမ်းပြီးပြီဆိုတော့ အရင် HTC Sense 3.5 ROM လေးပဲ ပြန်ပြီး သွင်းထားတယ်။ BeatsAudio ပါတော့ အကြိုက်ဖြစ်နေတယ်။ ဖုန်းလုပ်နေတာနဲ့ အချိန်ကုန်နေတော့ စာတောင် များများ စားစား မရေးဖြစ်တော့ဘူး။ အခုတလော စိတ်ထဲမှာဖြစ်နေတာကတော့ မြန်မာယူနီကုဒ် ကို Android ဖုန်းတွေမှာ ကောင်းကောင်းလုပ်လို့ ရအောင် ကြိုးစားနေပါတယ်။ နည်းလမ်းများရှိနေရင်လည်း ပြောပေးပါလို့။ ကျွန်တော်က လုပ်ခါစဆိုတော့ ဘားမှကောင်းကောင်းမသိသေးလို့ပါ။