ကျွန်တော်စာ မရေးဖြစ်တာတောင် တော်တော်ကြာ နေသလိုရှိနေပါပြီ။ မအားတာကြောင့်ပါ။ အလုပ်ကရှုပ်ဆို ဟိုလိုက်ပါ၊ဒီလိုက်ပါ လုပ်နေတာကိုး။ ပါတယ်ဆိုတာက တစ်မျိုးတော့မထင်ပါနဲ့အုံး။ ပြိုင်ပွဲလေးတွေ လိုက်ပြိုင်နေတာပါ။ ကျောင်းမှာဆိုတော့ ပြိုင်ပွဲတွေက တော်တော်ရှိတယ်။ ဘောဒါတွေ အဖော်လိုလို့ ကျွန်တော် ဝင်ပြိုင်မိခဲ့တယ်။ Razer ဆိုရင် ဂိမ်းဆော့တဲ့သူတွေ မသိသူမရှိလောက်ဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့ ပထမဆု ရသွားပါတယ်။ ကျောင်းမှာ ပြိုင်တဲ့အဖွဲတွေထဲမှာ top 10 ကို ရွေးပြီး ဒီနေ့မှာ နောက်ဆုံး Presentation လုပ်ခိုင်းပြီး 1st, 2nd, 3rd ရွေးတာပါ။ ကျွန်တော်တို့ ၂၉မှတ်ရပါတယ်။ ပျော်ရွင်စရာနေ့လေးဖြစ်သွားပါတယ်။ ၁.၁၁.၁၁ မှာ ပထမဆု တစ်ခုရတယ်ဆိုတော့ မှတ်မှတ်ရရ ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ရသွားတဲ့ Design က မိုက်တယ်လို့ ပြောလို့ရမယ်။ တစ်ကယ်တော့ …
PBL(Problem Based Learning) ကို တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင်တော့ ပြဿနာတစ်ခုခုကို ဖြေရှင်းပြီး သင်ကြားရတဲ့ စာသင်စနစ်ဖြစ်ပါတယ်။ ကျောင်းတော်တော်များများမှာ PBL ကိုသုံးနေကြပါပြီ။ အဓိက Objective ကတော့ ကျောင်းသားတွေကို problem-solving process skills တိုးတတ်လာစေဖို့ပါ။ Team-work, group discussion, presentation, communication and problem-solving စတဲ့ အလုပ်ခွင်မှာ အဓိက ကျတဲ့ skills တွေကို လုပ်ရင်းနဲ့သင်(learning by doing) ရတာပါ။ ကျောင်းပြီ:သွားလို့ အလုပ်စလုပ်ရတဲ့ အခါမှာ တော်တော်များများအခက်တွေ့ကြတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ကျောင်းမှာ သင်ကြားရင်းနဲ့ လေ့ကျင့်ပေးထားတာပါ။ ရည်ရွယ်ချက်ကောင်းသလို့ အလုပ်ခွင်မှာ ကျောင်းသားတွေ တော်တော်များများ OK တယ်။ အူကြောင်ကြောင် …
ကျွန်တော် မလေးရှားမသွားခင်လေးမှာ(၃၀.၉.၂၀၁၁) Galaxy Tab 10.1 ကို ဝယ်လိုက်ပါတယ်။ မဝယ်ခင်တုန်းကတော့ တော်တော်လေးကို လိုက်ရှာလိုက်ရတယ်။ အရင်ဆုံး Online မှာလိုက်ရှာတယ်။ ဘာတွေကောင်းလဲ၊ ဘာတွေမကောင်းဘူးလဲ အကုန်လိုက်ဖတ်တာပေါ့။ အားလုံးဖတ်ပြီးတော့ Galaxy Tab 10.1 ကို ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ Online မှာရေးထားတာက S$688 လောက်ရှိတယ်။ Singtel or Starhub မှာကတော့ လိုင်းနဲ့ဝယ်ရင် ၃၈၀ ကျော်လောက်ပေးရမယ်ထင်တယ်။ ပြီးတော့ တစ်လကို S$42 ပေးရအုံးမယ်။ အဲ့ဒီ့တော့ မဝယ်ချင်တော့ဘူး။ အဲ့ဒါနဲ့ အပြင်ဆိုင်တွေမှာ လိုက်မေးတာပေါ့။ ဈေးအမျိုးမျိုးပြောကြတာပေါ့။ Showroom မှာကတော့ ဈေးအကြီးဆုံးပဲ။ ၈၀၀ ကျော်တယ်။ နောက်ဆုံး Vision 1 မှာ သွားတွေ့တယ်။ လိုချင်တဲ့ …
ကျွန်တော်ဒီရက်ပိုင်း စာရေးချင်စိတ်ရှိနေတာနဲ့ ရေးမိခဲ့တယ်။ ရေးထားတာကကြာနေပါပြီ၊ အခုမှ ပြီးလို့တင်လိုက်တာ။ အကြာင်းအရာကတော့ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ကျောင်းမှာသင်ခဲ့တာနဲ့ ကိုယ့်ဟာကို စာအုပ်တွေ ဖတ်မိရင်းနဲ့ ရလာတဲ့ အသိတွေကို ပေါင်းပြီ: ရေးလိုက်တာပါ။ ကိုယ်ထင်သလို၊ နားလည်သလို ရေးထားတာဖြစ်လို့ အမှားပါရင် ပြောပေးပါလို့ အရင်ဆုံး တောင်းပန်လိုက်ပါတယ်။ အဓိက ပြောချင်တာကတော့ ကျွန်တော်တို့လို လူငယ်လေးတွေ ကို အထင်မှား အမှတ်မှားတွေဖြစ်တဲ့ ရှေးရိုးအတိုင်း တွေးခေါ်ပုံတွေနဲ့ အခုခာတ် သိပ္ပံနညး်ကျ တွေးခေါ်ပုံလေးတွေကို သိသလောက်ရေးလိုက်တာပါ။ အရင်ဆုံး သိပ္ပံနည်းကျမတွေးခင် ကြောင်းအရာ ၂ ခုကို အရင်ခွဲမှတ်ဖို့လိုပါတယ်။ အဲ့ဒါကတော့ observation and explanation ပါပဲ။ အကြောင်းအရာတစ်ခုက်ု သိပ္ပံနည်းကျမကျ သိဖို့က ဒီနှစ်ခုကို နားလည် အဘောပေါက်ရင် ဆက်သွားလို့ရပါပြီ။ …
Minus lets you drag files from your desktop and folders directly to your browser to start sharing or via our desktop and mobile apps. Minus is really good if you need more online storage.Free 10GB for sign up and up to 50GB if you invite to your friends. One of your friend accept and sign …
ဒီတစ်ခါတော့ Google_Gravity ကို မသိသေးတဲ့သူများကို သိအောင် တင်ပေးလိုက်ပါတယ်။ ထူးထူးဆန်းဆန်း လေးတွေပါ။ နည်းပညာတွေက တော်တော်ကိုး မိုက်လာတယ်။ အမျိုးမျိုး ထွင်လာကြတယ်။ Google_Gravity ဆိုတာကတော့ Google.com ကို အပိုင်းပိုင်းတွေခွဲလိုက်ပြီ: မျိုးစုံ လုပ်လို့ရတယ်။ ပြီးရင် အောက်ကို ပြန်ကျလာတယ်။ အပျင်းပြေဆော့လို့ရတာပေါ။ ဒီလင့် မှာ ရှိပါတယ်။ တော်တော်လေးကို ပျော်ဖို့ကောင်းပါတယ်။ Depth_of_Field စမ်းကြည့်ပါ မိုက်တယ်။ Chrome နဲ့ဆိုရင်တော့ အကောင်းဆုံးပဲလို့ထင်တယ်။ Google_Gravity ကို http://mrdoob.com/ က လုပ်ထားတာပါ။ တခြား ကောင်းတဲ့ ဟာလေးတွေ ရှိပါသေးတယ်။ Youtube_now_in_Super_HD! ဆိုတာလည်း တော်တော်ကောင်းတယ်။ ဆိုတာက တော့ Youtube ကို အပိုင်းပိုင်းခွဲပြီး ကြည့်လို့ရတယ်။ ကျွန်တော် အများကြီးမပြောတော့ဘူး …
SAMSUNG Galaxy Tab 10.1 ဝယ်မလို့ လိုက်ကြည့်ရင်းနဲ့ SAMSUNG ဆိုဒ်ကိုရောက်သွားတယ်။ အဲ့မှာ ကြေငြာထားတဲ့ ကြေငြာလေးတွေကို ကြိုက်လို့ ပြန်တင်လိုက်တာပါ။ SAMSUNG Galaxy SII အတွက်ပါ။ ပြောချင်တာလေးတွေကို ထိအောင်၊ မိအောင်ပြသွားတာကို သဘောကျသွားတာ။ အောက်မှာကြည့်လိုက်ပါနော် … Vivid, Fast, Slim SUPER AMOLED Plus Dual Core Slimness အားလုံးက short video လေးတွေဆိုတော့ ရန်ကုန်မှာလဲ ကြည့်လို့ရနိုင်မယ်လို့ထင်ပါတယ်။ အခုတလော YouTube တွေ ပြန်ကြည့်လို့ရနေတယ်လို့ကြားလို့ ဒီအတိုင်းပဲ တင်လိုက်တာပါ။
ကျွန်တော် ဒီနေ့ပဲ Window 8 Developer preview ကို စမ်းပြီးသွင်းလိုက်တယ်။ အစတုန်းကတော့ dual boot နဲ့ တင်မလို့၊ လုပ်ရမှာ ရှုပ်လို့ VMware နဲ့ စမ်းပြီးတင်လိုက်တယ်။ ဒီဇိုင်းကတော့ ဝင်းဒိုးဖုန်းနဲ့တူတယ်။ ပြီးတော့ Window 8 က ကွန်ပျူတာ၊ ဖုန်း၊ tablet တွေမှာပါ သုံးလို့ရမယ်ဆိုတော့ မဆိုးဘူးလို့ပြောလို့ရတယ်။ အပျော်ဆုံးတစ်ခုကတော့ မြန်မာ font ပါပဲ။ built-in ပါပြီးသားဆိုတော့ တော်တော် မိုက်တယ်။ ဘားမှ သွင်းစရာ မလိုတော့ဘူး။ စသွင်းသွင်းချင်းမှာဆိုရင် keyboard ကိုပါမြန်မာလို့ ရွေးလို့ရတယ်။ ကျွန်တော်ကတော့ ရိုးရိုး English နဲ့ပဲသွင်းလိုက်တယ်။ နောက်ပိုင်းဆို ဇော်ဂျီကို မေ့လိုက်လို့ရတော့မှာပါ။ အခုဆိုရင်ပဲ Apple နဲ့ …
ဒီတခါတော့ Samsung Galaxy ဖုန်းတွေကို မြန်မာလို မြင်အောင် လုပ်နည်းလေးကို ပြောပြပါ့မယ်။ လွယ်လွယ်လေးပါပဲ။ applications နှစ်ခုကိုတော့ သွင်းထားဖို့လိုပါတယ်။ download အောက်မှာ ရှိပါတယ်။ Fontomizer Zawgyi_One ပထမဆုံး ဖုန်းရဲ့ Setting>Application>Unknown sources ကို တစ်ထားပါ။ ဒါမှ download ထားတဲ့ files တွေကို သွင်းလို့ရမှာပါ။ AppInstaller နဲ့သွင်းလို့ရပါတယ်။ အရင်ဆုံး Fontomizer ကိုသွင်း၊ ပြီးရင် Zawgyi_One ။ အားလုံး သွင်းပြီးပြီ ဆိုရင်တော့ Setting > Display > Font ကိုသွားပါ။ Zawgyi font ကို font list မှာတွေ့ပါလိမ့်မယ်၊ ရွေးလိုက်ပါ။ ဒါဆိုရင် မြန်မာလို ကောင်းကောင်းမြင်ရပါပြီ။ …
ဒီနေ့ အွန်လိုင်းမှာ ဟိုရှာဒီရှာနဲ့ Aviary ဆိုတဲ့ ဆိုဒ်တစ်ခု သွားတွေ့တယ်။ သူများတွေတော့မသိဘူး ကျွန်တော်ကတော့ ဒီနေ့မှသိတယ်။ အဓိကတော့ ဓာတ်ပုံ၊ ဒီဇိုင်း နဲ့ အသံပိုင်းတွေကို edit လုပ်လို့ရတဲ့ web application ပါ။ တော်တော်လေးကောင်းပြီး အသုံးဝင်တယ်။ ပိုကောင်းတာတစ်ခုက Free သုံးလို့ရတယ်။ အွန်လိုင်းမှာဆိုတော့ Internet Connection ကောင်းကောင်းတော့လိုမယ်ထင်တယ်။ Browser extensions တွေလဲ ရှိတော့ သုံးရတာလွယ်တယ်။ နောက်တစ်ခုက Developers တွေ အတွက် API တွေပါရှိတယ်။ Tutorials တွေလဲရှိတော့ စမ်းသုံးရတာ အစဉ်ပြေတယ်။ လောလောဆယ် သုံးလို့ရတဲ့ tools တွေကတော့… Photo Image Editor Effects Editor Screen …