ကလေးအဖေ အပိုင်း (၁)

၂၃ရက် သြဂုတ်လ ၂၀၁၈ မနက် ၇နာရီ ၁၇မိနှစ် ကျွန်တော့သား မောင် Reo (ခ) မြတ်မင်းဟန် ကို ကိုယ်အလေးချိန် ၆ပေါင် ၅အောင်စ နှင့် Grand Hantha International Hospital မှာ မွေးခဲ့ပါတယ်။ ဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများ ဂရုစိုက်မှုကြောင့် လွယ်လွယ်ကူကူဘဲ မွေးဖွားခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်ကြီးက ဆေးခန်းစပြကတည်းက ခွဲခန်းထဲဝင်တဲ့အထိ အစစအရာရာ သေချာ ဂရုစိုက်ခဲ့တယ်။ နောက်ပြီး ခွဲစိတ်ခ၊ ဆရာဝန်ကြည့်ခ စတာတွေကို အားလုံး FOC လုပ်ပေးခဲ့တယ်။ မွေးမွေးချင်း နို့တိုက်လို့ မရာတာ တစ်ခုကလွဲပြီး ကျန်တာ အကုန်အဆင်ပြေခဲ့ပါတယ်။ နို့က စစချင်း မထွက်သေးတော့ ခလေးက မစို့နိုင်၊ နို့ကလဲ သူစို့မှထွက်မယ်ဆိုတော့ ခေါင်းခြောက်သွားတယ်။ နောက်တော့လဲ သူ့အလိုလို ထွက်လာခဲ့ပါတယ်။ ဆေးရုံက အစစအရာရာ အဆင်ပြေပေမယ့် အိမ်ရောက်မှဘဲ စိတ်ချလက်ချ နေနိုင်တော့တယ်။

မွေးပြီး ၂ ပတ်လောက်ကြာတော့ မပြန်ချင်ပေမယ့် ပြန်ခဲ့ရပါတယ်။ စိတ်ထဲက ခံစားချက်ကတော့ ပျော်ရာထက် သင့်တော်တဲ့ နေရာမှာ နေရမှာပေါ့လို့ဘဲ တွေးပြီး လေယာဉ်ပေါ်တတ်ခဲ့ရပါတယ်။ နောက်နေ့ အလုပ်အတွက် ဘာတွေ ဘယ်လို စလုပ်ရမလဲ တွေးပြီး အိမ်ရောက်တော့ ည ၁၂ ထိုးတော့မယ်။ ကြိုသူမရှိ အိမ်ခန်းထဲ တစ်ယောက်တည်း အိပ်လိုက်ပါတော့တယ်။

အပိုင်း (၂) ဆက်ရန်…