Month: September 2011

Introduction of Scientific Thinking

ကျွန်တော်ဒီရက်ပိုင်း စာရေးချင်စိတ်ရှိနေတာနဲ့ ရေးမိခဲ့တယ်။ ရေးထားတာကကြာနေပါပြီ၊ အခုမှ ပြီးလို့တင်လိုက်တာ။ အကြာင်းအရာကတော့ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ကျောင်းမှာသင်ခဲ့တာနဲ့ ကိုယ့်ဟာကို စာအုပ်တွေ ဖတ်မိရင်းနဲ့ ရလာတဲ့ အသိတွေကို ပေါင်းပြီ: ရေးလိုက်တာပါ။ ကိုယ်ထင်သလို၊ နားလည်သလို ရေးထားတာဖြစ်လို့ အမှားပါရင် ပြောပေးပါလို့ အရင်ဆုံး တောင်းပန်လိုက်ပါတယ်။ အဓိက ပြောချင်တာကတော့ ကျွန်တော်တို့လို လူငယ်လေးတွေ ကို အထင်မှား အမှတ်မှားတွေဖြစ်တဲ့ ရှေးရိုးအတိုင်း တွေးခေါ်ပုံတွေနဲ့ အခုခာတ် သိပ္ပံနညး်ကျ တွေးခေါ်ပုံလေးတွေကို သိသလောက်ရေးလိုက်တာပါ။ အရင်ဆုံး သိပ္ပံနည်းကျမတွေးခင် ကြောင်းအရာ ၂ ခုကို အရင်ခွဲမှတ်ဖို့လိုပါတယ်။ အဲ့ဒါကတော့ observation and explanation ပါပဲ။ အကြောင်းအရာတစ်ခုက်ု သိပ္ပံနည်းကျမကျ သိဖို့က ဒီနှစ်ခုကို နားလည် အဘောပေါက်ရင် ဆက်သွားလို့ရပါပြီ။ …

Google Gravity

ဒီတစ်ခါတော့ Google_Gravity ကို မသိသေးတဲ့သူများကို သိအောင် တင်ပေးလိုက်ပါတယ်။ ထူးထူးဆန်းဆန်း လေးတွေပါ။ နည်းပညာတွေက တော်တော်ကိုး မိုက်လာတယ်။ အမျိုးမျိုး ထွင်လာကြတယ်။ Google_Gravity ဆိုတာကတော့ Google.com ကို အပိုင်းပိုင်းတွေခွဲလိုက်ပြီ: မျိုးစုံ လုပ်လို့ရတယ်။ ပြီးရင် အောက်ကို ပြန်ကျလာတယ်။ အပျင်းပြေဆော့လို့ရတာပေါ။ ဒီလင့် မှာ ရှိပါတယ်။ တော်တော်လေးကို ပျော်ဖို့ကောင်းပါတယ်။ Depth_of_Field စမ်းကြည့်ပါ မိုက်တယ်။ Chrome နဲ့ဆိုရင်တော့ အကောင်းဆုံးပဲလို့ထင်တယ်။ Google_Gravity ကို http://mrdoob.com/ က လုပ်ထားတာပါ။ တခြား ကောင်းတဲ့ ဟာလေးတွေ ရှိပါသေးတယ်။ Youtube_now_in_Super_HD! ဆိုတာလည်း တော်တော်ကောင်းတယ်။ ဆိုတာက တော့ Youtube ကို အပိုင်းပိုင်းခွဲပြီး ကြည့်လို့ရတယ်။ ကျွန်တော် အများကြီးမပြောတော့ဘူး …

Samsung Galaxy S II TVC Short Videos

SAMSUNG Galaxy Tab 10.1 ဝယ်မလို့ လိုက်ကြည့်ရင်းနဲ့ SAMSUNG ဆိုဒ်ကိုရောက်သွားတယ်။ အဲ့မှာ ကြေငြာထားတဲ့ ကြေငြာလေးတွေကို ကြိုက်လို့ ပြန်တင်လိုက်တာပါ။ SAMSUNG Galaxy SII အတွက်ပါ။ ပြောချင်တာလေးတွေကို ထိအောင်၊ မိအောင်ပြသွားတာကို သဘောကျသွားတာ။ အောက်မှာကြည့်လိုက်ပါနော် … Vivid, Fast, Slim SUPER AMOLED Plus Dual Core Slimness အားလုံးက short video လေးတွေဆိုတော့ ရန်ကုန်မှာလဲ ကြည့်လို့ရနိုင်မယ်လို့ထင်ပါတယ်။ အခုတလော YouTube တွေ ပြန်ကြည့်လို့ရနေတယ်လို့ကြားလို့ ဒီအတိုင်းပဲ တင်လိုက်တာပါ။

Window 8 with Myanmar Font

ကျွန်တော် ဒီနေ့ပဲ Window 8 Developer preview ကို စမ်းပြီးသွင်းလိုက်တယ်။ အစတုန်းကတော့ dual boot နဲ့ တင်မလို့၊ လုပ်ရမှာ ရှုပ်လို့ VMware နဲ့ စမ်းပြီးတင်လိုက်တယ်။ ဒီဇိုင်းကတော့ ဝင်းဒိုးဖုန်းနဲ့တူတယ်။ ပြီးတော့ Window 8 က ကွန်ပျူတာ၊ ဖုန်း၊ tablet တွေမှာပါ သုံးလို့ရမယ်ဆိုတော့ မဆိုးဘူးလို့ပြောလို့ရတယ်။ အပျော်ဆုံးတစ်ခုကတော့ မြန်မာ font ပါပဲ။ built-in ပါပြီးသားဆိုတော့ တော်တော် မိုက်တယ်။ ဘားမှ သွင်းစရာ မလိုတော့ဘူး။ စသွင်းသွင်းချင်းမှာဆိုရင် keyboard ကိုပါမြန်မာလို့ ရွေးလို့ရတယ်။ ကျွန်တော်ကတော့ ရိုးရိုး English နဲ့ပဲသွင်းလိုက်တယ်။ နောက်ပိုင်းဆို ဇော်ဂျီကို မေ့လိုက်လို့ရတော့မှာပါ။ အခုဆိုရင်ပဲ Apple နဲ့ …

Install Myanmar Font in Samsung Galaxy Phone and Tablet (No root required)

ဒီတခါတော့ Samsung Galaxy ဖုန်းတွေကို မြန်မာလို မြင်အောင် လုပ်နည်းလေးကို ပြောပြပါ့မယ်။ လွယ်လွယ်လေးပါပဲ။ applications နှစ်ခုကိုတော့ သွင်းထားဖို့လိုပါတယ်။ download အောက်မှာ ရှိပါတယ်။ Fontomizer Zawgyi_One ပထမဆုံး ဖုန်းရဲ့ Setting>Application>Unknown sources ကို တစ်ထားပါ။ ဒါမှ download ထားတဲ့ files တွေကို သွင်းလို့ရမှာပါ။ AppInstaller နဲ့သွင်းလို့ရပါတယ်။ အရင်ဆုံး Fontomizer ကိုသွင်း၊ ပြီးရင် Zawgyi_One ။ အားလုံး သွင်းပြီးပြီ ဆိုရင်တော့ Setting > Display > Font ကိုသွားပါ။ Zawgyi font ကို font list မှာတွေ့ပါလိမ့်မယ်၊ ရွေးလိုက်ပါ။ ဒါဆိုရင် မြန်မာလို ကောင်းကောင်းမြင်ရပါပြီ။ …

Aviary − Advanced Creative Tools

ဒီနေ့ အွန်လိုင်းမှာ ဟိုရှာဒီရှာနဲ့ Aviary ဆိုတဲ့ ဆိုဒ်တစ်ခု သွားတွေ့တယ်။ သူများတွေတော့မသိဘူး ကျွန်တော်ကတော့ ဒီနေ့မှသိတယ်။ အဓိကတော့ ဓာတ်ပုံ၊ ဒီဇိုင်း နဲ့ အသံပိုင်းတွေကို edit လုပ်လို့ရတဲ့ web application ပါ။ တော်တော်လေးကောင်းပြီး အသုံးဝင်တယ်။ ပိုကောင်းတာတစ်ခုက Free သုံးလို့ရတယ်။ အွန်လိုင်းမှာဆိုတော့ Internet Connection ကောင်းကောင်းတော့လိုမယ်ထင်တယ်။ Browser extensions တွေလဲ ရှိတော့ သုံးရတာလွယ်တယ်။ နောက်တစ်ခုက Developers တွေ အတွက် API တွေပါရှိတယ်။ Tutorials တွေလဲရှိတော့ စမ်းသုံးရတာ အစဉ်ပြေတယ်။ လောလောဆယ် သုံးလို့ရတဲ့ tools တွေကတော့…     Photo Image Editor Effects Editor Screen …

KeyMagic 1.5 – Win32/Win64

KeyMagic 1.5 ကို မနေ့က release လုပ်လိုက်ပါပြီ။ လောလောဆယ်တော့ Window အတွက်ပဲရပါသေးတယ်။ စမ်းသပ်လိုချင်တဲ့သူများရှိရင် စမ်းလို့ရပါပြီ။ ကျွန်တော်ကတော့ KeyMagic ကို စပေါ်ကတည်းက သုံးလားတာ တော်တော်လေးကို OK တယ်ဗျာ။ ယူနီကုဒ်ရော၊ Zawgyi ပါရိုက်လို့ရလို့ ပိုအစဉ်ပြေတယ်။ ပြီးတော့ Multi OS ရတယ်ဆိုတော့ မဆိုးဘူး။ Window နဲ့ Mac မှာကတော့ အားလုံး အိုကေ ပေမယ့် Linux မှာတော့ အစဉ်မပြေဘူး။ မြန်မာနဲ့ အင်္ဂလိပ်ပြောင်းလိုက်ရင် ရေးထားတာတွေ အကုန်ပျောက်ကုန်တယ်လေ။ ဘာပဲဖြစ်ဖြစ် အားလုံးစမ်းသုံးပေးကြပါလို့ ပြောချင်ပါတယ်။ Free လဲရပါတယ်။ ဒီမှာ ယူလိုက်ပါ။ အခုကာလက အစမ်းကာလ ဖြစ်လို့ လိုအပ်တာများရှိရင် ပြောလို့ရပါတယ်။ ဒီလင့် ကနေပြောလို့ရပါတယ်။ လောလောဆယ် တော့ …