Window 8 with Myanmar Font

ကျွန်တော် ဒီနေ့ပဲ Window 8 Developer preview ကို စမ်းပြီးသွင်းလိုက်တယ်။ အစတုန်းကတော့ dual boot နဲ့ တင်မလို့၊ လုပ်ရမှာ ရှုပ်လို့ VMware နဲ့ စမ်းပြီးတင်လိုက်တယ်။ ဒီဇိုင်းကတော့ ဝင်းဒိုးဖုန်းနဲ့တူတယ်။ ပြီးတော့ Window 8 က ကွန်ပျူတာ၊ ဖုန်း၊ tablet တွေမှာပါ သုံးလို့ရမယ်ဆိုတော့ မဆိုးဘူးလို့ပြောလို့ရတယ်။ အပျော်ဆုံးတစ်ခုကတော့ မြန်မာ font ပါပဲ။ built-in ပါပြီးသားဆိုတော့ တော်တော် မိုက်တယ်။ ဘားမှ သွင်းစရာ မလိုတော့ဘူး။ စသွင်းသွင်းချင်းမှာဆိုရင် keyboard ကိုပါမြန်မာလို့ ရွေးလို့ရတယ်။ ကျွန်တော်ကတော့ ရိုးရိုး English နဲ့ပဲသွင်းလိုက်တယ်။ နောက်ပိုင်းဆို ဇော်ဂျီကို မေ့လိုက်လို့ရတော့မှာပါ။ အခုဆိုရင်ပဲ Apple နဲ့ Microsoft က စပြီး Unicode font ကို ထဲ့လာကြပြီဆိုတော့ နောက်ပိုင်း အားလုံးက ထဲ့ပေးလိုက်ပြီဆိုရင် အခုတွေ့နေရတဲ့ square square တွေဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ အားလုံးကို ထက်ပြီးတော့ ပြောချင်ပါတယ်။ ယူနီကုဒ်ကို သုံးကြပါဆို့၊ အမြဲမသုံးသေးရင်တောင် ဖတ်လို့ရအောင်တော့ font တစ်ခုခုတော့ သွင်းထားသင့်တယ်လို့ထင်တယ်။ ဒါဘာကြီးလဲ၊ အသိဘူး၊ အလုပ်တတ်ဘူးဆိုရင်တော့ မကောင်းသေးပါဘူး။ မြန်မာစာကို တတ်နိုင်သမျှ ကွန်ပျုတာပေါ်ရောက်အောင်လုပ်ပေးကြပါလို့။

ဘာလို့ font ကို တီထွင်တဲ့သူက မြန်မာ မဟုတ်ပဲနဲ့ နိုင်ငံခြားသားဖြစ်နေတာလဲ၊ အခုကျွန်တောတို့ သုံးနေတဲ့ font တွေမဟုတ်ပဲနဲ့ “Myanmar Text” ဆိုပြီး အသစ်ဖြစ်နေရတာလဲ၊ ကီဘုတ်ကရော ဘာကိုသုံးမှာလဲ၊ စတဲ့ စိတ်ထဲမှာရှိတဲ့မေးခွန်းတွေ မေးချင်တယ်။ ဒါပေမယ့် ဆက်မရေးတော့ပါဘူး။ နေမကောင်းလို့ စောစောနားလိုက်တော့မယ်။ နောက်နေ့မှ သေသေချာချာ စမ်းပြီးတော့ ဆက်ရေးတော့မယ်။