GALAXY Tab 10.1 and Me!

ကျွန်တော် မလေးရှားမသွားခင်လေးမှာ(၃၀.၉.၂၀၁၁) Galaxy Tab 10.1 ကို ဝယ်လိုက်ပါတယ်။ မဝယ်ခင်တုန်းကတော့ တော်တော်လေးကို လိုက်ရှာလိုက်ရတယ်။ အရင်ဆုံး Online မှာလိုက်ရှာတယ်။ ဘာတွေကောင်းလဲ၊ ဘာတွေမကောင်းဘူးလဲ အကုန်လိုက်ဖတ်တာပေါ့။ အားလုံးဖတ်ပြီးတော့ Galaxy Tab 10.1 ကို ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ Online မှာရေးထားတာက S$688 လောက်ရှိတယ်။ Singtel or Starhub မှာကတော့ လိုင်းနဲ့ဝယ်ရင် ၃၈၀ ကျော်လောက်ပေးရမယ်ထင်တယ်။ ပြီးတော့ တစ်လကို S$42 ပေးရအုံးမယ်။ အဲ့ဒီ့တော့ မဝယ်ချင်တော့ဘူး။ အဲ့ဒါနဲ့ အပြင်ဆိုင်တွေမှာ လိုက်မေးတာပေါ့။ ဈေးအမျိုးမျိုးပြောကြတာပေါ့။ Showroom မှာကတော့ ဈေးအကြီးဆုံးပဲ။ ၈၀၀ ကျော်တယ်။ နောက်ဆုံး Vision 1 မှာ သွားတွေ့တယ်။ လိုချင်တဲ့ ဈေးနဲ့ရလိုက်တော့ ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆိုင်က ရောင်းတဲ့လူက iPad 2 ကို ဝယ်ပါလားတဲ့ wifi only ဆိုရင် ၆၀၀ လောက်နဲ့ရတယ်တဲ့။ တန်တယ်ဆိုတော့ စိတ်က ယိုင်သွားသေးတယ်။ သူ့ဟာနဲ့သူ ကောင်းတယ် ဆိုတော့ ဘယ်ဟာပိုကောင်းလဲလို့ ပြောရခက်သား။ ကျွန်တော်ကတော့ Android ကို ပိုကြိုက်လို့ Galaxy Tab ကိုပဲ ရွေးလိုက်တယ်။ ဘာလို့လဲကိုမသိဘူး Apple ကို မကြိုက်ဘူးဖြစ်နေတယ်။ လူသုံးများနေလို့ပဲလားမသိဘူး။ လိုက်မသုံးချင်ဘူး။ နောက်တစ်ခုက Open Source ကို ပို အားပေးချင်တာလည်းပါတယ်။ ကိုယ်ကြိုက်တာလည်းပါတယ်။ ကိုယ်လိုအပ်နေတာနဲ့လည်းဆိုင်တယ်။ ကိုယ့်အတွက် အသုံးဝင်တဲ့ အရာဖြစ်နေတာကြောင့်လည်းပါတယ်။ ရှိစုမှတ်စုလေးတွေ အားလုံးပေါင်းပြီး ဝယ်လိုက်တယ်။

Samsung Galaxy Tab 10.1  Specifications တွေကတော့ ဒီမှာ ပါ။ သုံးရတာ တော်တော်မိုက်တယ်။ iPad ကတော့ Smooth ပိုဖြစ်မယ်ထင်တယ်။ အဲ့ဒါကလည်း ကလေးအကြိုက်ပါ။ ဟီးဟီး။ အခုတော့ wifi ကနေပဲ သုံးလို့ရသေးတယ်။ ံSIM card မရိှသေးလို့ 3G ကနေ internet သုံးလို့မရသေးဘူး။ 3G ကအရမ်းမလိုသေးလို့ မဝယ်ချင်သေးဘူး။ ဒီအတိုင်းလေးပဲ သုံးအုံးမယ်။ internet လိုချင်ရင် ဖုန်းကနေ ယူသုံးလို့ရတာပဲလေ။ နောက်တစ်ခု ကြိုက်တာတစခုက မြန်မာ လို ကောင်းကောင်း ဖတ်လို့ရတယ်။ Zawgyi One.apk လေးသုံးပြီး font ကိုပြောင်းလိုက်ရင် အားလုံးအိုကေသွားပြီ။ Myanmar Unicode မရသေးတာတော့ ကျွန်တော်လည်း ဘားမှမတတ်နိုင်ဘူး။ နောက်ပိုင်းတော့ ရလာမယ်ဆိုတာ ယုံကြည်ပြီးသားပါ။ OS အားလုံးနဲ့ Web Browsers တွေမှာ မြန်မာယူနီကုဒ် ရသွားတဲနေ့ ကျွန်တော် Zawgyi font ကို စက်ထဲကနေ အပြီးအပိုင် ထုတ်တဲ့နေ့ပဲလို့ စိတ်ထဲမှာ တွေးထားတယ်။ ထားပါတော့ ပြောရင်းနဲ့ လမ်းလွဲသွားပြီ။

ကျွန်တော် အခုသွင်းထားတဲ့ application တွေထဲက အကြိုက်ဆုံးလေးတွေကို ပြောချင်ပါသေးတယ်။

  1. Talk (Gtalk) built-in ပါပြီးသား။ Video call, voice call အကုန်ရတယ်။ သုံးရတာ မြန်ပြီး တော်တော် အသုံးဝင်တယ်။
  2. MX Video Player  အကြိုက်ဆုံးပဲ။ Market မှာရှာပြီးသွင်းရတယ်။ အလကားရပါတယ်။ Movie တွေကို Subtitle နဲ့ကြည့်လို့ရတယ်။
  3. Built-in Browser ကလည်း တော်တော်မိုက်တယ်။ မြန်တယ်။ ရှင်းတယ်။ flash တွေအကုန် ဖွင့်လို့ရတယ်။
  4. Quickoffice Pro ကိုသုံးတယ်။ Built-in ပါပြီးသား Polaris Office ကလဲမဆိုးပါဘူး တော်တော်သုံးလို့ရတယ်။
  5. Evernote, Dropbox, Ubuntu One, Minus စတဲ့ Cloud Storage Sharing တွေ အကုန်သွင်းထားတယ်။ Multi-Platforms Apps တွေကို အရမ်းသုံးတယ်။
  6. ဖုန်းခေါ်ဖို့က fring, Skype ရှိတယ်။

လောလောဆယ်တော့့ဒီလောက်ပဲ သွင်းထားသေးတယ်။ နောက်ပိုင်းတော့ များလာမှာပေါ့။ ရေးတာလဲများပြီ:။ ဒါလေးဝယ်တာကို ဒီလောက် ပြောရင် ကြွားတယ်လို့ ထင်ခံနေလောက်ပြီထင်တယ်။ အဲ့ဒီတော့ ရိုက်ထားတဲ့ ပုံလေးတွေတင်ပြီ:​ရင် ကြွားတာလေး ရပ်ပါတော့မယ်။ ကြိုက်ရင်တော့ ဝယ်သုံးလို့ပြောချင်ပါတယ်။ iPad 2 ထက် ပိုသုံးလို့ကောင်းမယ်လို့ လုံးဝအာမခံပါတယ်။ Android ကို ကြိုက်တယ်ဆိုမှပါ။ မကြိုက်တဲ့သူတွေကတော့ ဘားမှမပြောတော့ပါဘူး။ ကိုယ်ကြိုက်တာကိုသုံးလို့ရပါတယ်။ ကိုယ်လိုအပ်တာနဲ့၊ ကိုယ်လိုချင်တာကို ခွဲပြီးသိရင်ရပါပြီ။