1.11.11 +1st Razer Prizes

ကျွန်တော်စာ မရေးဖြစ်တာတောင် တော်တော်ကြာ နေသလိုရှိနေပါပြီ။ မအားတာကြောင့်ပါ။ အလုပ်ကရှုပ်ဆို ဟိုလိုက်ပါ၊ဒီလိုက်ပါ လုပ်နေတာကိုး။ ပါတယ်ဆိုတာက တစ်မျိုးတော့မထင်ပါနဲ့အုံး။ ပြိုင်ပွဲလေးတွေ လိုက်ပြိုင်နေတာပါ။ ကျောင်းမှာဆိုတော့ ပြိုင်ပွဲတွေက တော်တော်ရှိတယ်။ ဘောဒါတွေ အဖော်လိုလို့ ကျွန်တော် ဝင်ပြိုင်မိခဲ့တယ်။ Razer ဆိုရင် ဂိမ်းဆော့တဲ့သူတွေ မသိသူမရှိလောက်ဘူးလို့ထင်ပါတယ်။

ကျွန်တော်တို့ ပထမဆု ရသွားပါတယ်။ ကျောင်းမှာ ပြိုင်တဲ့အဖွဲတွေထဲမှာ top 10 ကို ရွေးပြီး ဒီနေ့မှာ နောက်ဆုံး Presentation လုပ်ခိုင်းပြီး 1st, 2nd, 3rd ရွေးတာပါ။ ကျွန်တော်တို့ ၂၉မှတ်ရပါတယ်။ ပျော်ရွင်စရာနေ့လေးဖြစ်သွားပါတယ်။ ၁.၁၁.၁၁ မှာ ပထမဆု တစ်ခုရတယ်ဆိုတော့ မှတ်မှတ်ရရ ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ရသွားတဲ့ Design က မိုက်တယ်လို့ ပြောလို့ရမယ်။ တစ်ကယ်တော့ ဖြစ်ဖို့ဆိုတာ မပြောတတ်သေးဘူး။ ဘာလို့လဲဆိုတော့ စိတ်ကူးထဲမှာပေါလာတာတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ထားတာ။ ကျွန်တော်တို့ကိုပေးတဲ့ဆုတွေကတော့ Starcraft bag, mouse, keyboard, headphone ပါ။ အားလုံးပေါင်း $၅၀၀+လောက်ရှိတယ်လို့ထင်ပါတယ်။

ဒီနေ့မှာ နောက်ဆုံးအနေနဲ့ Grand Final လုပ်တာပါ။ အားလုံးပေါင်း ၁၀ ဖွဲ့ရှိပါတယ်။ မြန်မာ က ၃ဖွဲ့ပါတယ်။ အရင်ပိုင်းတွေတုန်းက ကျွန်တော်တို့တွေကို ဘယ်လို စဉ်းစာပြီး Ideas တွေထွက် လာအောင် လုပ်နည်းတွေ အရင်ဆုံး ပြောပါတယ်။ ကျွန်တော် မှတ်မှတ်ရရ ရှိတာတစ်ခုကတော့ တွေးတွေကို ပိတ်မထားပါနဲ့၊ တွေးချင်သလို ပေးတွေးလိုက်ပါတဲ့။ တွေးနိုင်သလောက် ကိုတွေးပြီ: ထချရေးထားလိုက်ပါ။ ကျွန်တော်တို့ကို စမ်းသပ်တဲ့အနေနဲ့ အိမ်သာစက္ကူတစ်ခုကို ဘယ်လိုနေရာတွေမှာ သုံးလို့ရသလဲလို့ မေးပြီး ၃မိနစ် အတွင်း ချရေးခိုင်းတယ်။ ပြီးတော့ အားလုံးကိုစုပြီး ပြန်ကြည့်လိုက်တော့ တစယောက်ကို မနည်းဆုံး ၅ခုလောက် ချရေးထားကျတယ်။ လူအားလုံးပေါင်းလိုက်ရင် အများကြီးရသွားတယ်။ ၃မိနစ်အတွင်းမှာ အဲ့လောက်တောင်ရအောင်လုပ်နိုင်တယ်။ အဲ့ဒါ Brainstorming ရဲ့ Power တဲ့။

နောက်တစ်ခုကတော့ ကိုထွက်လာတဲ့ အတွေးကို ပြောင်းပြန် လုပ်ပြီးတွေးကြည့်ပါတဲ့။ ဆိုလိုတာကတော့ think out of box ပေါ့။ ဉပမာလေးကိုတော့ တော်တော် ကြိုက်တယ်။ ဘာလဲဆိုတော့ လူတွေအားလုံးက စားသောက်ဆိုင်ကို သွားရင် Menu ကိုတောင်းတယ်။ ဆိုင်အားလုံးမှာလဲ Menu တွေရှိတယ်။ ကျွန်တော့ဆိုင်မှာ ဘာ Menu မှမထားဘူးဆိုရင် ဘာဖြစ်သွားမလဲတဲ့၊ အားလုံးလုပ်တာကို လိုက်မလုပ်မှ အသစ်ဆိုတာ ဖြစ်လာမှာပေါ့။ ပြောတာတွေကတော့ အများကြီ:ဆိုတော့ ကျွန်တော်မမှတ်မိတော့ဘူး။ ကျွန်တော်သိသလောက်ကို ပြန်ပြီးရေးလိုက်တာပါ။

ပြောရရင် ကျွန်တော် တော်တော် တွေ့အကြုံရလိုက်တယ်။ သူများတွေရဲ့ Ideas တွေကိုလည်း တော်တော်သိလိုက်တယ်။ Razer က ကျွန်တော်တို့ကို ဉီးနှောက်ဖောက်စားသွားတာ။ ကျောင်းသားတွေရဲ့ Ideas တွေက လုံးဝကြီးသုံးလို့မရဘူးဆိုရင်တောင် သူတို့အတွက် အတွေးတစ်ခုခုလောက်ရသွားရင် တော်တော်တန်သွားပါပြီ။ ဘာလိုလဲ ဆိုတော့ Idea, Design တစ်ခုခုရဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှမဟုတ်တာ။

PS. ကျွန်တော်နဲ့ တူတူကြိုးစာပြီး လုပ်ခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့၊

သတင်းကိုတော့  ဒီလင့် မှာလဲ သွားဖတ်လို့ရပါတယ်။ အသေးစိတ်ရေးထားပါတယ်။
ဒါကတော့ Presentation မှာပြတဲ့ video ပါ။