Month: August 2011

I just bought Canon S95

ကျွန်တော် ဒီနေ့ပဲ Camera အသစ်တစ်လုံး ဝယ်လိုက်ပါတယ်။ Canon S95 ပါ။ DSLR ကရှိပြီးသားဆိုတော့ သေးသေးလေးတစ်လုံးပဲ ဝယ်လိုက်တယ်. တော်တော်ကောင်းတယ်။ ညမှာတော်တော် လင်းတယ်။ f2.0 ဆိုတော့ မဆိုးဘူးဗျ၊ အစတုန်းက Olympus XZ-1 ဝယ်မလို့ပဲ။ ပြန်စဉ်းစားလိုက်တော့ မဝယ်ချင်တော့ပြန်ဘူး၊ အဲ့ဒါနဲ့ မဝယ်သေးဘဲ နေနေတာ တော်တော်ကြာသွားတယ်။ ဝယ်တယ်ဆိုတာကလဲ ကျွန်တော့အတွက်မဟုတ်ပါဘူး။ သူများကို လက်ဆောင်ပေးမလို့ပါ။ အဲဒီတော့ ကျွန်တော် ကြိုက်လို့ပဲမဖြစ်ဘူးလေ။ ရမယ့်လူက ကြိုက်ဖို့က ပိုအရေးကြီးတယ်လေ။ ဒါနဲ့ပဲ Canon ကိုပဲရွေးလိုက်တာပါ။ တန်ပါတယ်။ ၆၀၀ တော့ပေးလိုက်ရတယ်။ Olympus XZ-1 က ၆၃၀။ အရမ်းတော့ မကွားဘူး။ အစတုန်းကတော့ XZ-1 ကိုတော်တော်လေးကြိုက်တယ်။ အရမ်းကောင်းတာကိုး ဒါပေမယ့် …

How to Root HTC Incredible S (S-ON)

ကျွန်တော့ဖုန်းလေးကို အမြစ်လုပ်လိုက်ပါပြီ။ တော်တော်လေးကို လုပ်လိုက်ရတယ်။ မသိတော့လဲ နဲနဲကြာတာပေါ့။ ပြီးတော့ HTC ဆိုတော့ နဲနဲ လုပ်ရတာ ခက်တယ်။ အမြစ်လုပ်ပြီးတော့ တော်တော်လေးကောင်းသွားတယ်။ လှသွားတယ်။ မြန်မာလိုမြင်ရတယ်။ မြန်အောင်လုပ်လို့ရသွားတယ်။ လုပ်ချင်တိုင်းလုပ်လို့ရသွားတာပေါ့။ အခုမှပဲ တကယ့် ကျွန်တော့ ဖုန်းအစစ် ဖြစ်တော့တယ်။ အခုတလော ပျော်နေတဲ့ထဲမှာ အဲဒါတွေလဲပါတယ်။ ဖုန်းကို ကလိနေတာနဲ့ အချိန်ကုန်လို့ကုန်သွားမှန်းကို မသိလိုက်ဘူး။ နောက်ဆုံးတော့ ကျွန်တော့ ဖုန်းလေးကို Root လုပ်နိုင်ခဲ့ပါပြီ။ ဘာတွေလုပ်ရမလဲဆိုတာတွေကို အတတ်နိုင်ဆုံး အရှင်းဆုံးပြောပါ့မယ်။ အတွေ့အကြုံရော၊ ဖတ်ထားတာတွေရော အားလုံးပေါင်းပြီး ဒီပိုစ့်ကို ရေးပါ့မယ်။ အရင်ဆုံး root လုပ်တော့မယ်ဆိုရင် Android version နဲ့ Phone Model ကို သိအောင်လုပ်ရပါမယ်။ ကျွန်တော်ကတော့ HTC …

ကျွန်တော်ပျော်နေသည်…(သတိထား)

ကျွန်တော် အရမ်းပျော်နေတယ်။ ဘာလို့လဲဆိုတော့ ပထမဆုံးက စာမေးပွဲတွေအားလုံးကို ကောင်းကောင်းမွန်မွန် နဲ့ ဖြေပြီးသွားလို့၊ နောက်တစ်ခုက ကျောင်းက ၅ပတ်လောက် ပိတ်တော့ အားအားယားယားဖြစ်ရတော့မယ်။ လုပ်ချင်တာလေးတွေကို တစ်ရက်ချင်းစီ သေသေချာချာ လုပ်ရမယ်။ အဲ့ဒိတော့ ပျော်တယ်။ နောက်ဆုံးတစ်ခုကတော့ ပျော်ဆုံးပဲ၊ ဘာလဲဆိုတော့ ကျောင်းကနေ Adobe CS 4 ကို အလကား ရလိုက်လို့ပဲ။ ကျောင်းမှာသွင်းလို့ရတယ်ဆိုတာ အစတုန်းက မသိလိုက်ဘူး။ လိုချင်နေတာကြာနေပြီ။ သွင်းလိုက်တာ တော်တော်လေးကိုဆုံသွားပြီ။ Master Collection ကြီးရသွားတာလေ။ အပြင်မှာဆိုရင် အနဲဆုံး $1000 ကျော်တယ်။ ပြီးတော့ အတုသုံးရသလို စိတ်မညစ်ရတော့ဘူး။ စိတ်ချမ်သာတယ်။ ကျောင်းနောက်ဆုံးနေ့မှာ သွားပြီးသွင်းလိုက်တာ။ ၃နာရီလောက်စောင့်လိုက်ရတာယ်။ အခုတော့ လိုချင်တာတွေလဲရပြီဆိုတော့ လုပ်စရာရှိတာလေးတွေ လုပ်ဖြင့်အောင်လုပ်ရတော့မယ်။ အရေးအကြီးဆုံးကတော့ ကျောင်းကပွဲအတွက် …

ကျွန်တော့ကို နားလည်ပေးကြပါ…

စာမရေးနိုင်တော့ဘူးလို့ထင်ထားတာ။ အခုနည်းနည်းရေးလိုက်အုံးမယ်.. ဘာလို့လည်းဆိုတော့ နောက်တစ်ပတ်ကစပြီး စာမေးပွဲတွေပြီးသွားပြီလေ။ အဲဒါ အမျိုးတွေရောက်နေတာရော၊ မရောက်ဖူးတဲ့နေရာတွေသွားချင်တာရော၊ နားချင်တာရော အားလုံးပေါင်းပြီး ခရီးသွားမလို့ လောလောဆယ်တော့ မလေးရှားနဲ့ အင်ဒိုနှီးရှား နှစ်ခုသွားမလို့ စီစဉ်ထားတယ်။ ဓာတ်ပုံတွေလည်း ရိုက်ဖြစ်တော့မှာပေါ့။ သူငယ်ချင်းတစ်ယောက်ကလည်း သွားမလို့ခေါ်ထားသေးတယ်။ သူနဲ့ကတော့ ယိုးဒးယားဖြစ်ဖို့များတယ်။ ဘာပဲဖြစ်ဖြစ် အနားယူရင်း၊ ဓာတ်ပုံရိုက်လို့ရတာပေါ့။ အဓိကပြောချင်တာက နေက်နှစ်ပတ်လောက်မှာ မအားတော့မှာဖြစ်လို့ ပိုစ့်တွေမတင်နိုင်တော့မှာကို ကြိုပြောထားတာပါ။ ပြောသာပြောနေရတာပါ ကျွန်တော့ဆီကိုလာဖတ်တဲ့လူဆိုတာ လက်ချိုးရီလို့ရပါတယ်။ များများစားစားမရှိပါဘူး။ ရှိတာမရှိတာထား.. ပြောရမှာက ကျွန်တော့ တာဝန်၊ လေးစားတဲ့အနေနဲ့တော့ အသိပေးရမှာပေါ့။ မဟုတ်ရင် စာဖတ်သူတွေကို မလေးစားသလိုဖြစ်သွားမှာဆိုးလို့ပါ။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေ စိတ်ဆိုးဖူးတယ်။ ဘာလို့လဲဆိုတော့ ကွန်တော့က သူတို့နဲ့ chat နေတုန်း ဘာမပြောညာမပြောနဲ့ ထထ ထွက်ထွက်သွားတတ်တယ်။ …

Typography ဆောင်ရန်၊ ရှောင်ရန်များ (အပိုင်း ၁)

စာမေးပွဲရှိလို့ စိတ်နဲနဲ ပူနေလို့စာတွေရေးဖြစ်နေတယ်။ ရေးဖြစ်ဖို့ကလည်း အကြောင်းက ဖန်လာတာကိုး။ G+ မှာ သူငယ်ချင်းတစ်ယောက်က ရှယ်ထားတဲ့ လင့်ကနေ သွားဖတ်မိတယ်။ ခေါင်းစဉ်ကို တွေ့ပြီးကတည်းက ဆက်ဖတ်ချင်သွားတာ။ ဘာလို့လည်းဆိုတော့ ခေါင်းစဉ်က ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းဖြစ်တာက တစ်ကြောင်း၊ လေ့လာနေတဲ့ ကြောင်းအရာဖြစ်နေတာကတစ်ကြောင်း ဆက်ဖတ်မိသွားတယ်။ ခေါင်းစဉ်က “5 More Typography Do’s and Don’ts Everyone Should Know” ပါ။ ကျွန်တော် တော်တော်လေး ကြိုက်သွားတယ်။ ပြီးတော့ မြန်မာလိုတတ်နိုင်သလို ပြန်ရေးမလို့ စဉ်းစားမိသွားလို့ပါ။ ကျွန်တော်များသောအားဖြင့် မြန်မာလိုပဲ ရေးဖြင့်တာများတယ်။ သူငယ်ချင်းတစ်ယောက်ကမေးတယ် ဘာလို့မြန်မာလိုရေးတာလဲ တဲ့။ မင်းအင်္ဂလိပ်လို ရေးတာပိုကောင်းတယ်၊ ပြီးတော့ ပိုပြီးတော့လည်း စာဖတ်တဲ့သူများလာမယ်လို့ အကြံဉာဏ်လာပေးတယ်။ ကျွန်တော်လက်ခံပါတယ်၊ ဒါပေမဲ့ …

New Hosting!

ကျွန်တော်အရမ်းပျော်သွားပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဆိုဒ်ကို Hosting ပြောင်းလိုက်နိုင်ခဲ့လို့ပါပဲ။ အရင်တုန်းက www.000.webhosting.com မှာတင်ထားပါတယ်၊ နောက်တော့ဘာလို့မှန်းမသိဘူး ကြေငြာတွေပေါ်လားလို့ သူတို့ဆီကို မေးလိုက်တော့ cpanel ကို မဝင်တာကြာရင် သူတို့က ကြေငြာတွေထဲ့ပေးထားတယ်လို့ပြောတယ်။ အော်…ဟုတ်မှာပဲဆိုပြီးထားလိုက်တယ်။ နောက်တော့ထက်ပေါ်လာတယ်။ Dashboard ဝင်တာတောင်ပေါ်နေတယ်။ ဘာလို့မှန်းလဲမသိဘူး။ သူတို့ဆီထက် mail ပို့တော့ သူတို့မတွေ့ဘူးဆိုပြီးပြောတယ်။ အဲ့ဒါနဲ့ ပြောင်းဖို့ စိတ်ကူးဖြစ်လာတယ်။ MZ မှာလိုက်မေးတယ်၊ ဘယ်ဟာတွေကောင်းလဲလို့ပေါ့။ တော်တော်များများလည်းတွေ့ပါတယ်၊ ဒါပေမဲ့ အရမ်းမကြိုက်ခဲ့ဘူး။ နောက်ဆုံးတော့ ကိုရာဇာ (yarzar.me) ပြောထားတာတွေ့လို့ သူ့ဆီကို အကူအညီတောင်းလိုက်တော့ သူက တခါတည်း အကောင့်လုပ်ပေးလိုက်တယ်။ ygnhostin.co.cc မှာ​ပါ့။ ကိုယ်တိုင်ကလည်း မဝယ်နိုင်​ေသးလို့ သူများဆီကပဲ free လုပ်ရတာ​ေပါ့။ ​အရမ်းကြိုက်တယ်။ ပိုလဲမြန်တယ်။ ​ေကာင်းလည်း​ေကာင်းတယ်။ အဲ့ဒါနဲ့ …

Educated Person, What’s it?

ပထမဆုံး ပညာတတ်ဆိုတာ ဘယ်လိုသူတွေလဲ ဆိုတာ ကို အရင်ဆုံး မေးချင်ပါတယ်။ အမျိုးမျိုးသော အဖြေတွေရပါလိမ့်မယ်။ လူအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးရှိနိုင်သလို အတွေးအခေါ်တွေလည်း တူနိုင်မယ်မထင်ပေ။ ဆရာဝန်က ဆေးဘက်ဆိုင်ရာရှုထောင့်ကနေတွေးမယ်။ သူသင်ဖူးတဲ့ အသိဉာဏ်တွေနဲ့ တွေးခေါ် ထင်မြင်ပြီး ပြောလိမ့်မယ်။ ထို့နည်းတူစွာ ကွန်ပြူတာ သမားကလည်း နည်းပညာပိုင်းဆိုင်ရာတွေနဲ့ တွေးတော၊ ပြောဆို နေထိုင်လိမ့်မယ်။ အဲ့လိုလူအမျိုးမျိုးက ပုံစံမျိုးစုံနဲ့ အဓိပါယ်ဖွင့်ကြလိမ့်မယ်။ သင့်အနေနဲ့ကော ဘယ်လို မျိုး အဓိပါယ် ဖွင့်မလဲ? ၁၀တန်းအောင်ရင် ပညာတတ်ဖြစ်ပြီလား၊ ဘွဲရရင် ပညာတတ်လို့ခေါ်လို့ရပြီလား၊ ပါရဂူကြီဖြစ်မှ ပညာတတ်တာလို့ ခေါ်မလား။ မေးခွန်းတွေမဖြေခင် အရင်ဆုံး Educating လုပ်တယ် ဆိုတာဘာလည်း အရင်ကြည့်လိုက်ရအောင်… Educating to instill knowledge စာသင်တယ်ဆိုတာ အသိပညာတွေကို မှတ်ယူတာ၊ …

Blogging and IT-KOKO

စာမေးပွဲရှိလို့ စာလုပ်နေရတယ်။ အခုတောင် စာလုပ်ရတာပျင်းလာလို့ ရေးမိရာ တွေ ရေးချလိုက်တာ။ ဘားမှတော့ အရေးမကြီပါဘူး။ ဒီရက်ပိုင်းအတွင်း တော်တော်လေး အလုပ်ရှုပ်သွားတယ်။ ဘာလို့လည်းဆိုတော့ အဓိက ကတော့ ဘလော့ကို WordPress မှာတင်လိုက်လို့ပါ။ အရင်တုန်းကတည်းက တင်မလို့စဉ်းစားထားတာ။ အခုမှပဲလုပ်ဖြစ်တော့တယ်။ ဘလော့ကိုစရေးမယ်လို့ စိတ်ကူးမိတာက Singapore ကို စရောက်ကတည်းကပါ။ ၂၀၀၇ နှစ်ကုန်ပိုင်းလောက်ကပေါ့။ အဲ့ဒါနဲ့ ဟိုရှာဒီရှာနဲ့ Blogger ကိုတွေ့တယ်။ ပြီးတော့ အကောင့်လုပ်လိုက်တာပေါ့။ ဟိုလျှောက်ရေး ဒီလျှောက်ရေးပေါ့။ နောက်ပိုင်းတော့ ဆက်မရေးဖြစ်တော့ပါဘူး။ ဒီအတိုင်းပဲထားလိုက်တော့တယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထွက်ပေါက်တစ်ခုခုတော့ ရှိတာ ကောင်းပါတယ်။ စိတ်ရှုပ်လို့ပဲဖြစ်ဖြစ်၊ ပျော်လို့ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အပြင်မှာ ပေါက်ကွဲတာထက် စာရေးပြီတော့ ပေါက်ကွဲတာက အကုန်အကျ ပိုသက်သာသလားလို့ 😛 ။ ပြီးတော့ …

Google+ Games

Google က မနေ့ကပဲ Google+ အတွက် Game ကို စဆော့လို့ရပါပြီ။ Game ဆော့ချင်တဲ့ သူတွေအတွက်တော့ ပျော်စရာပေါ့။ မဆိုးပါဘူး တော်တော်လေးတော့ရှိပါတယ်။ Facebook လောက်တော့ မဆုံသေးဘူး။ နောက်ပိုင်းအသစ်တွေ ထက်ထွက်ဖို့တော့ရှိမှာပါ။ အခုလောလောဆယ်တော့ ၁၅ခုလောက်ပဲရှိအုံးမယ်။ Angry Birds, Diamond Dash, Bubble Island, City of Wonder ကတော့ ကျွန်တော့ အကြိုက်ဆုံးဂိမ်းတွေပါဘဲ။ တော်တော်များများကတော့ Chrome မှာလည်းဆော့လို့ရတဲ့ ဂိမ်းလေးတွေပါ။ နောက်ထက်ကောင်းတာတစ်ခုက ဂိမ်း တွေကို tab တစ်ခုလို ခွဲထုတ်ထားတာပါ။ ပြီးတော့ Featured Games, All Games, Game Notifications and Recent Played ဆိုပြီး အမျိုးအစားတွေခွဲထားတော့ …

Google+ Song

အခုတလော ခေတ်စားလာတဲ့ Google + အကြောင်းကို ဆိုထားတာပါ။ နားထောင်ကြည့်ရင်းနဲ့ Google+ ကဘာလည်း၊ ဘယ်လိုသုံးရတာလည်း၊ ဘာတွေကောင်းလည်းဆိုတာ တွေကိုပါ တခါတည်းဆိုထားပါတယ်။ သီချင်းကို ပိုနားလည်အောင် စာသားလေးပါထဲ့ပေးလိုက်ပါတယ်..     ဒါကတော့ သီချင်းစာသားလေးပါ။ Google+ invitation လိုချင်တယ်ဆိုရင် ကျွန်တော့ဆီမှာတောင်းနိုင်ပါတယ်.. လောလောဆယ်တော့ ၁၅၀လောက်ပဲကျန်တော့ပါတယ်။ နောက် အကောင့်သစ်တစ်ခုထက်လုပ်ပြီး Invite လုပ်ပေးပါ့မယ်။ LYRICS: Check my email, got an invite To a website I don’t know Looked like googlebuzz at first sight, But my friend said that’s a …