I just bought Canon S95

ကျွန်တော် ဒီနေ့ပဲ Camera အသစ်တစ်လုံး ဝယ်လိုက်ပါတယ်။ Canon S95 ပါ။ DSLR ကရှိပြီးသားဆိုတော့ သေးသေးလေးတစ်လုံးပဲ ဝယ်လိုက်တယ်. တော်တော်ကောင်းတယ်။ ညမှာတော်တော် လင်းတယ်။ f2.0 ဆိုတော့ မဆိုးဘူးဗျ၊ အစတုန်းက Olympus XZ-1 ဝယ်မလို့ပဲ။ ပြန်စဉ်းစားလိုက်တော့ မဝယ်ချင်တော့ပြန်ဘူး၊ အဲ့ဒါနဲ့ မဝယ်သေးဘဲ နေနေတာ တော်တော်ကြာသွားတယ်။ ဝယ်တယ်ဆိုတာကလဲ ကျွန်တော့အတွက်မဟုတ်ပါဘူး။ သူများကို လက်ဆောင်ပေးမလို့ပါ။ အဲဒီတော့ ကျွန်တော် ကြိုက်လို့ပဲမဖြစ်ဘူးလေ။ ရမယ့်လူက ကြိုက်ဖို့က ပိုအရေးကြီးတယ်လေ။ ဒါနဲ့ပဲ Canon ကိုပဲရွေးလိုက်တာပါ။ တန်ပါတယ်။ ၆၀၀ တော့ပေးလိုက်ရတယ်။ Olympus XZ-1 က ၆၃၀။ အရမ်းတော့ မကွားဘူး။ အစတုန်းကတော့ XZ-1 ကိုတော်တော်လေးကြိုက်တယ်။ အရမ်းကောင်းတာကိုး ဒါပေမယ့် နှစ်ခုကို ယှဉ်လိုက်တော့ S95 က ပိုသာတယ်။ အထူးသဖြင့် ညမှာတော်တော်ကောင်းတယ်။ IQ နဲ့ Color ကိုတော့ အရမ်းမကြိုက်ဘူး။ XZ-1 ကိုပိုကြိုက်တယ်လေ။ Bright ဖြစ်လို့ ရွေးလိုက်တာ။

ဘားမှထူးထူးဆန်းဆန်းတော့ မရှိပါဘူး ဒါပေမဲ့ ရေးချင်စိတ်ဖြစ်လာလို့ရေးလိုက်တာ။ ကြွားတယ်လို့ပြောရမလားတော့ မသိဘူး။ တစ်ခုခုအသစ်ဝယ်ပြီဆိုရင် အားလုံးကို လိုက်ပြောချင်တာ ငယ်ငယ်တုန်းကတည်းက အကျင့်။ နောက်ပိုင်း ဝယ်စရာတွေအများကြီးရှိသေးတယ်။ ဝယ်ပြီးတော့မှပဲ ပြောပါတော့မယ်။ လောလောဆယ် ဝယ်ချင်နေတာကတော့ Galaxy Tab 10.1. အရမ်းကိုလိုချင်နေတယ်။ Camera မဝယ်ဘဲ အဲ့ဒါဝယ်လိုက်တော့မလို့၊ မနဲတားထားရတယ်။ နောက်တစ်ခေါက်ဆိုရင်တော့ Galaxy Tab 10.1 အကြောင်းရေးပါတော့မယ်။ လောလောဆယ်တော့ ဒီမှာပဲ ကြွားတာကိုရပ်လိုက်တော့ပါမယ်။ အောက်မှာ ပုံလေးတွေကို ကြည့်လိုက်ပါအုံးဗျာ။

PS. S95 Camera လေးဟာ မနက်ဖြန်စောစောဆိုရင်တော့ မြန်မာနိုင်ငံကို ရောက်ပါတော့မယ်။ ဒါဟာနောက်ဆုံးရိုက်ချက်လေးတွေပါ။