Typography

Typography ဆောင်ရန်၊ ရှောင်ရန်များ (အပိုင်း ၁)

စာမေးပွဲရှိလို့ စိတ်နဲနဲ ပူနေလို့စာတွေရေးဖြစ်နေတယ်။ ရေးဖြစ်ဖို့ကလည်း အကြောင်းက ဖန်လာတာကိုး။ G+ မှာ သူငယ်ချင်းတစ်ယောက်က ရှယ်ထားတဲ့ လင့်ကနေ သွားဖတ်မိတယ်။ ခေါင်းစဉ်ကို တွေ့ပြီးကတည်းက ဆက်ဖတ်ချင်သွားတာ။ ဘာလို့လည်းဆိုတော့ ခေါင်းစဉ်က ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းဖြစ်တာက တစ်ကြောင်း၊ လေ့လာနေတဲ့ ကြောင်းအရာဖြစ်နေတာကတစ်ကြောင်း ဆက်ဖတ်မိသွားတယ်။ ခေါင်းစဉ်က “5 More Typography Do’s and Don’ts Everyone Should Know” ပါ။ ကျွန်တော် တော်တော်လေး ကြိုက်သွားတယ်။ ပြီးတော့ မြန်မာလိုတတ်နိုင်သလို ပြန်ရေးမလို့ စဉ်းစားမိသွားလို့ပါ။ ကျွန်တော်များသောအားဖြင့် မြန်မာလိုပဲ ရေးဖြင့်တာများတယ်။ သူငယ်ချင်းတစ်ယောက်ကမေးတယ် ဘာလို့မြန်မာလိုရေးတာလဲ တဲ့။ မင်းအင်္ဂလိပ်လို ရေးတာပိုကောင်းတယ်၊ ပြီးတော့ ပိုပြီးတော့လည်း စာဖတ်တဲ့သူများလာမယ်လို့ အကြံဉာဏ်လာပေးတယ်။ ကျွန်တော်လက်ခံပါတယ်၊ ဒါပေမဲ့ …