ပထမဆုံး ပညာတတ်ဆိုတာ ဘယ်လိုသူတွေလဲ ဆိုတာ ကို အရင်ဆုံး မေးချင်ပါတယ်။ အမျိုးမျိုးသော အဖြေတွေရပါလိမ့်မယ်။ လူအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးရှိနိုင်သလို အတွေးအခေါ်တွေလည်း တူနိုင်မယ်မထင်ပေ။ ဆရာဝန်က ဆေးဘက်ဆိုင်ရာရှုထောင့်ကနေတွေးမယ်။ သူသင်ဖူးတဲ့ အသိဉာဏ်တွေနဲ့ တွေးခေါ် ထင်မြင်ပြီး ပြောလိမ့်မယ်။ ထို့နည်းတူစွာ ကွန်ပြူတာ သမားကလည်း နည်းပညာပိုင်းဆိုင်ရာတွေနဲ့ တွေးတော၊ ပြောဆို နေထိုင်လိမ့်မယ်။ အဲ့လိုလူအမျိုးမျိုးက ပုံစံမျိုးစုံနဲ့ အဓိပါယ်ဖွင့်ကြလိမ့်မယ်။ သင့်အနေနဲ့ကော ဘယ်လို မျိုး အဓိပါယ် ဖွင့်မလဲ? ၁၀တန်းအောင်ရင် ပညာတတ်ဖြစ်ပြီလား၊ ဘွဲရရင် ပညာတတ်လို့ခေါ်လို့ရပြီလား၊ ပါရဂူကြီဖြစ်မှ ပညာတတ်တာလို့ ခေါ်မလား။ မေးခွန်းတွေမဖြေခင် အရင်ဆုံး Educating လုပ်တယ် ဆိုတာဘာလည်း အရင်ကြည့်လိုက်ရအောင်…
Educating to instill knowledge
စာသင်တယ်ဆိုတာ အသိပညာတွေကို မှတ်ယူတာ၊ သိသင့်တဲ့ သတင်းအချက်အလက်တွေ၊ သင်ရိုးညွှန်းတန်းတွေကို လေ့လာ၊ သင်ယူ၊ မှတ်သားထားတာ လို့ပြောလို့ရတယ်။ လေ့လာနေတုန်းမှာ တွေ့ခဲ့၊ ရခဲ့တဲ့ အတွေ့အကြုံတွေကို မှတ်သားထားတာလို့ပြောကြတယ်။
Educating to develop skills
စာသင်တယ်ဆိုတာ skill တစ်ခုခုကို ရအောင်လုပ်ပေးတာ။ စာသင်ရင်းနဲ့ ရလာတဲ့ skills တွေကို ပြောတာပါ။ ဥပမာပြောရင် calculator ဘယ်လိုသုံးတယ်၊ MS Excel ကို ဘယ်လိုသုံးတယ် စတာတွေကို သင်ပေးတာ။ ဒါတင်မကဘူး ဉာဏ်ရည် ဉာဏ်သွေးတွေ တတ်လာအောင်၊ ပြဿနာတွေကို ပိုင်းခြားစိတ်ဖြာနိုင်အောင် သင်ပေးတာလို့ ပြောလို့ရတယ်။
Educating for selection
ဒါကတော့ စာသင်တယ်ဆိုတာ စာမေးပွဲတွေဖြေနိုင်ဖို့ကို ပြောတာ။ မြန်မာနိုင်ငံမှာ တော်တော်များများသော မိဘတွေက သားသမီးတွေကို စာမေးပွဲအောင်ရင်ပြီတာပဲဆိုပြီး စာသင်ပေးကြတာများတယ်။ တကယ်တတ်အောင်၊သိအောင် သင်ပေးတဲ့ ဆရာ၊ဆရာမတွေ လည်းရှားသွားပြီ။ အောင်ချက်ကောင်းရုံလောက်ကို ဦးစားပေးနေတာများပါတယ်။
Educating for citizenship
စာသင်တယ်ဆိုတာ နိုင်ငံအတွတ် ကောင်းကျိုးတွေလုပ်ပေးဖို့။ နိုင်ငံ့ရေးတွေကို ပါဝင်ဖြေရှင်းဖို့၊ နိုင်ငံအတွင်း ဖြစ်ပျက်နေတာတွေကို သိရှိနားလည် ဝေဖန် ပိုင်းခြားနိုင်ဖို့။ ပါဝင်ပတ်သက်ဖို့ ဖြစ်တယ်။ ကိုယ့်နိုင်ငံရေးကိစ္စတွေကို လူတိုင်းစိတ်ဝင်စာလာအောင် စာသင်တာဖြစ်တယ်။
Educating for thinking
အတွေးအခေါ်တွေ ရင့်ကျက်လာဖို့ ကိုစာသင်ကြပါတယ်။ စဉ်းစာဉာဏ်တွေကို ဆရာတွေက သင်ပေးထားတယ်။ အဲ့ဒါတွေကို လိုအပ်တဲ့ အချိန်မှာပြန်လည် အသုံးချနိုင်ဖို့ သင်ပေးထားတာ။ တစ်ယောင်ချင်းဆီက လိုချင်တဲ့ ပန်းတိုင်ရောက်ရမယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အတွေးအခေါ်တွေရှိမယ်။ အငြင်းပွားတာတွေကို ဖြေရှင်းတတ်ဖို့။ လူတစ်ယောက် သာမက အဖွဲလိုက် စည်းလုံးမှုကိုလည်း လုပ်ဆောင်နိုင်ရမယ်။ ပြန်လည်တုန့်ပြန်တတ်ရမယ်ပေါ့ဗျာ။
Educating for nurturing the individual
လူတစ်ယောင်ချင်းစီကို အဓိပ္ပါယ်ရှိအောင်လုပ်ပေးတာ၊ လူတွေနဲ့ ဘယ်လို ပေါင်းသင်းရမယ်။ ဘယ်လိုဆက်ဆံရမယ်ဆိုတာတွေကိုသိရှိအောင်လုပ်ပေးတယ်။ ရှင်းရှင်းပြောရရင် လူဝင်ဆံ့အောင်လုပ်ပေးတာလို့ပြောလို့ရမယ်။ လူသားဆန်တဲ့ အကျင့်တွေကို သိရှိအောင် ပြောပြတာ၊ ယဉ်ကျေးမှုတွေ၊ ဘာသာရေးတွေ၊ စတဲ့ အရာတွေကို လေ့လာ၊သင်ယူ၊ကျင့်သုံးဖို့ အသိဉာဏ်တွေသွင်းပေးတာလို့ ပြောလို့လည်းရတယ်။ တစ်ယောင်ချင်းစီကနေ နောင်အခါမှာ ပူးပေါင်းလုပ်ဆောင်တတ်အောင်ကို လည်းသင်ပေးတယ်။
အဲ့လိုဆိုတော့ ဆရာတွေက ဘာတွေလုပ်ပေးလဲ?
ကျောင်းသားတွေကို စာတွေအတင်းဖတ်ခိုင်း၊ ကျက်ခိုင်းပြီး ပြန်မေးတာ ဆရာတွေလုပ်ရမဲ့အလုပ်လား? ငါပြောတာကမှန်တယ်၊ ငါ့အဖြေကိုကျက်၊ ဘာလို့လည်းဆိုတာ လာမမေးနဲ့ဆိုပြီး ပြောတဲ့ဆရာတွေကိုရော တွေ့ဖူးလား? အဲ့လိုလုပ်ခြင်းအာဖြင့် ကျောင်းသားတွေဟာ ဆရာကို မှီခိုလာတယ်၊ ဆရာ့ဆီက အဖြေမှန်ကိုပဲ ဆောင့်နေပြီး ကိုယ့်ဖာသာ အဖြေရှာဖို့ကို အစဉ်းစာကြတော့ဘူး။ ဘားမှမသိတော့သလို့ အဖြေမှန်ကို ကျက်ပြီးဖြေဖို့ပဲ လုပ်နေရင်တော့ အဲ့ဒါကို indoctrination အယူဝါဒတစ်ခုကို အတင်းသွတ်သွင်းခြင်းလို့ ဆိုရမယ်။ အဖြေမှန်တွေကို အပိုင်ကျက်ပြီးဖြေတာကို ဆိုလိုတာပါ။
Education is not the filling of a pail, but the lighting of a fire. -William Butler Yeats
ဆရာတွေက ကျောင်းသားကို မေးခွန်းတွေမေးခိုင်မယ်၊ အဖြေတွေကို ကိုယ့်ဟာနဲ့ကို ရှာခိုင်းမယ်။ ပြီးမှ ပြန်ပြီးစစ်ပေးမယ်ဆိုရင် ကျောင်းသားတွေဟာ ဆရာကို မှီခိုတဲ့ စိတ်ပျောက်သွားနိုင်သလို၊ ကိုယ့်ဖာသာ သင်ယူတတ်တဲ့စိတ်လေးတွေလည်းရနိုင်တယ်။ ပြောရင် Independence ကျောင်းသားတွေပေါ့။ (self-directed learning).
နောင်ဆုံးပြောရရင် ပညာတတ်ဆိုတာ ဘာလဲဆိုတော့ အောက်ပါအရာ အားလုံးကို လုပ်ဆောင်နိုင်တဲ့လူးတွေပေါ့။ ဘာတွေလည်းဆိုတော့
- Political Involvement and Awareness (နိုင်ငံရေးစိတ်ဝင်စားရမယ်၊ ပါဝင်ပတ်သက်ရမယ်)
- Morality & Humanity (အကျင့် စာရိတ္တကောင်းရမယ်၊ လူဆန်ရမယ်)
- Training & Acquisition of Knowledge & Skills (လေ့ကျင့်ပေးတတ်ရမယ်၊ အတွေ့အကျုံရှိရမယ်၊ လုပ်တတ်ကိုင်တတ်ရှိရမယ်)
- Able to work and collaborate with others (လူအများနဲ့ အလုပ်လုပ်နိင်ရမယ်၊ လူ့ဂွစားမဖြစ်ရဘူး)
- Intellectual & Cognitive Abilities (learning attributes –learning how to learn, able to reflect) (ဉာဏ်ရည်သွေးရှိရမယ်၊ စဉ်းစား ဆင်ခြင်တတ်ရမယ်)
- Social Responsibility (လူမှုတာဝန်သိတတ်ရမယ်၊ တာဝန်ယူတတ်ရမယ်)
- Cultural Appreciation (ယဉ်ကျေးမှုတွေကိုလည်း သိရမယ်၊ လော့လာထားရမယ်)
ဒီလောက်ဆိုရင် ပညာတတ်ဆိုတာ ဘယ်လိုလူမျိုးကိုပြောတာလည်းဆိုတာနားလည်လောက်မယ်ထင်ပါတယ်။ ရှင်းရှင်းပြောရရင် စာတော်နေရုံ၊ စာမေးပွဲအောင်နေရုံနဲ့ ပညာတတ်မဟုတ်သလို၊ လူ့တာဝန်တွေမသိ၊ ယဉ်ကျေးမှုတွေမသိ၊ လူအများနဲ့ ပေါင်းသင်း မဆက်ဆံနိုင်ဘူးဆိုရင်လည်း ပညာတတ်လို့မခေါ်နိုင်ပါဘူး။ အသိဉာဏ်တွေတော့ရှိပါရဲ့ လူသားတွေအကျိုး၊ နိုင်ငံအကျိုးတွေ ဘားမှ အကျိုးမပြုနိုင်ဘူးဆိုရင်လည်း ပညာတတ်မဖြစ်နိုင်သေးဘူး။ ဗဟုသုတကို အကျိုးရှိရှိ ကောင်းစွာ အသုံးချတတ်သည် ဆိုသည်မှာ – ဥပမာ သေနတ်ကို ကိုင်ပြီး ပစ်မှတ်ကို တည့်တည့် ချိန်ပစ်တတ်သည့် အတတ်ကို တတ်မြောက် ကျွမ်းကျင်သည့် လူတစ်ယောက်သည် သားကောင်ကို ပစ်၍ အစားအသောက် အလို့ဌာ အမဲလိုက်ကောင်း လိုက်မည်၊ လူဆိုး ဓါးမြတို့ကို ပစ်၍ ကိုယ့်အိမ် ကိုယ့်ယာကို ကာကွယ်ကောင်း ကာကွယ်မည်၊ ဤသို့ဖြင့် တတ်ကျွမ်းသည့် အတတ်ဖြင့် အကျိုးရှိသည့် အလုပ် လုပ်သည်ကို ဆိုလို ခြင်းဖြစ်သည်။ သို့ရာတွင် သေနတ် တစ်လက်ရပြီး လမ်းပေါ်မြင်မြင် သမျှ ဘုန်းကြီးကိုလည်း ပစ်မည်၊ ကျောင်းသားကိုလည်း ပစ်မည်၊ လူအိုကိုလည်း ပစ်မည်၊ ကလေးငယ်ကိုလည်း ပစ်မည် ဆိုသည်ကား တတ်ကျွမ်းသော ဗဟုသုတကို အကျိုးရှိရှိ ကောင်းစွာ အသုံးချတတ်ခြင်း မဟုတ်ရကား သေနတ်ကို ကိုကိုင်ပြီး ပစ်မှတ်ကို တည့်တည့် ချိန်ပစ်တတ်သည့် မျောက်တစ်ကောင် အလားပင် ဖြစ်ချေတော့မည်။
ထို့ကြောင့် ပညာတတ်၊ ပညာရှိဟူသည်ကား ဗဟုသုတ ပြည့်စုံ၍ ထိုဗဟုသုတကို ဉာဏ်အမျှော်အမြင်ဖြင့် ချင့်ချိန်ပြီး အကျိုး ဖြစ်ထွန်းစေရန် အတွက် တန်ဖိုးရှိစွာ အသုံးချတတ်သူဟု ဆိုလိုခြင်း ဖြစ်ပါတော့သည်။
Ref: http://www.aung.info/?p=1739
G101-6P/P15
ကျွန်တော်သင်ဖူးတာလေးတွေ၊ ဖတ်ဖူးတာလေးတွေကို အဆင်ပြေသလို့ ပြန်ရေးထားတာပါ။ အမှားပါရင် သို့မဟုတ် ဝေဖန်ချင်ရင် ကွန်မန့်ပေးလို့ရပါတယ်။ စာလုံးပေါင်းမှားရင်ပြောပါ။ 😛