ကျွန်တော်ပျော်နေသည်…(သတိထား)

ကျွန်တော် အရမ်းပျော်နေတယ်။ ဘာလို့လဲဆိုတော့ ပထမဆုံးက စာမေးပွဲတွေအားလုံးကို ကောင်းကောင်းမွန်မွန် နဲ့ ဖြေပြီးသွားလို့၊ နောက်တစ်ခုက ကျောင်းက ၅ပတ်လောက် ပိတ်တော့ အားအားယားယားဖြစ်ရတော့မယ်။ လုပ်ချင်တာလေးတွေကို တစ်ရက်ချင်းစီ သေသေချာချာ လုပ်ရမယ်။ အဲ့ဒိတော့ ပျော်တယ်။ နောက်ဆုံးတစ်ခုကတော့ ပျော်ဆုံးပဲ၊ ဘာလဲဆိုတော့ ကျောင်းကနေ Adobe CS 4 ကို အလကား ရလိုက်လို့ပဲ။ ကျောင်းမှာသွင်းလို့ရတယ်ဆိုတာ အစတုန်းက မသိလိုက်ဘူး။ လိုချင်နေတာကြာနေပြီ။ သွင်းလိုက်တာ တော်တော်လေးကိုဆုံသွားပြီ။ Master Collection ကြီးရသွားတာလေ။ အပြင်မှာဆိုရင် အနဲဆုံး $1000 ကျော်တယ်။ ပြီးတော့ အတုသုံးရသလို စိတ်မညစ်ရတော့ဘူး။ စိတ်ချမ်သာတယ်။ ကျောင်းနောက်ဆုံးနေ့မှာ သွားပြီးသွင်းလိုက်တာ။ ၃နာရီလောက်စောင့်လိုက်ရတာယ်။ အခုတော့ လိုချင်တာတွေလဲရပြီဆိုတော့ လုပ်စရာရှိတာလေးတွေ လုပ်ဖြင့်အောင်လုပ်ရတော့မယ်။ အရေးအကြီးဆုံးကတော့ ကျောင်းကပွဲအတွက် Advertisement Video နဲ့ Opening Video နှစ်ခုကို အရင်လုပ်ရမယ်။ စိတ်ကူးတွေတော့ရှိတယ်၊ ဒါပေမဲ့ လက်တွေ့မှာ အကောင်အထည်ပေါ်ပါ့မလားတော့ မပြောတတ်သေးဘူး။ စမ်းရိုက်ကြည့်ရမှာပဲလေ။

ရေးစရာက များများစားစား မရှိပါဘူး။ အလုပ်ကပြန်လာလို့ မအိပ်ချင်သေးတာနဲ့ စိတ်ကူးပေါက်လို့ ရေးလိုက်တာပါ။ နောက်တစ်ပတ်ထဲမှာ သွားစရာတွေများတော့ စာရေးဖို့ မလုပ်ဖြစ်တော့မှာဆိုးလို့ အခုရက်ပိုင်း ရေးနိုင်သလောက်ရေးထားတာပါ။ လောလောဆယ် သတင်းတစ်ခုကတော့ ကျွန်တော့ ဆိုဒ်မှာသုံးထားတဲ့ Yunghkio font က ဘယ် Platform မှာမဆိုရသွားပါပြီ။ ကျွန်တော်လဲ တော်တော်ပျော်သွားတယ်။ ကိုစေတန်ရဲ့ mywebfont မှာလဲ update လုပ်ထားလိုက်ပြီဆိုတော့ ကျွန်တော့ဆိုဒ်ကို iOS တွေမှာ Yunghkio font နဲ့ မြင်နိုင်ပါပြီ။ စာလုံးတွေက ကြီးပြီးလှတယ်လို့ ခံစားရလို့ Yunghkio font ကိုပဲသုံးနေတာပါ။ အားလုံးစမ်းလို့ရအောင် တင်ပေးလိုက်တယ်နော်။ Download လုပ်ပြီး သွင်းလိုက်ယုံပါပဲ လွယ်လွယ်လေးပါဗျာ။ မိမိရဲ့ စက်ထဲမှာ Unicode Font တစ်ခုခုတော့ သွင်းထားသင့်တယ်လို့ထင်တယ် ဘာလို့လဲဆိုတော့ အားလုံးပြောင်းနေကြလို့ပါ။ နောက်ပိုင်းဆို Window OS မှာပါ ပါလာနိုင်ပါတယ်။ လောလောဆယ်တော့ Mac Lion မှာပါလာတာ အားလုံးအသိပဲထင်ပါတယ်။ ကံကကောင်းတာတစ်ခုကတော့ Android မှာ မြန်မာယူနီကုဒ်က ကောင်းကောင်းမလုပ်ပါဘူး။ ဘာလို့လဲဆိုတာ မသိပေမဲ့ နောက်ပိုင်း ရလာမှာပါလို့ မျော်လင့်ရင်း….. အိပ်လိုက်ပါတော့မယ်ဗျာ…