Google Nexus 7

Google Nexus 7(2nd Generation) 16GB ကို $229 နဲ့ Amazon က ဝယ်ထားတာ၊ ဒီနေ့ဘဲ အိမ်ကိုရောက်လာတယ်။ Monday တုန်းက မှ မှာထားတာ။ 2TB HDD တစ်လုံးနဲ့တူတူမှာထားတာ၊ Nexus7 ကအရင်ရောက်လာတယ်။ Amazon က Singapore ကို $120 ကျော်ရင်လားမသိဘူး Shipping Free ရှိတယ်ဆိုတော့ သက်သာသွားတယ်။ ၂ပတ်လောက်ကြာမှ ရောက်မယ်လို့ထင်ထားတာ၊ အတစ်ပတ်အတွင်းရောက်လာတော့ တော်တော်လေး သဘောကျသွားတယ်။ Cover နဲ့ တခြားလိုအပ်တာတွေကိုတော့ Kutis မှာသွားဝယ်ဖို့ရှိတယ်။ Company ကဖွင့်ထားတဲ့ Mobile Accessories ဆိုင်တစ်ခုပါ။ ထုပ်ပေးလိုက်တာကတော့ Amazon က ထုံးစံအတိုင်း ကတ်ထူဘူးနဲ့၊ အထဲမှာတော့ Nexus& box ပေါ့။

Box Front
Box Front

Box Back
Box Back

ဘူးထဲမှာတော့ Tablet, Instruction manual,Micro USB cable, and Charger ပါတယ်။ ခက်တာက Charger Plug က Singapore အပေါက်တွေနဲ့ မကိုက်တဲ့ 2pins အပြား ခေါင်းဆိုတော့ အားသွင်းလို့ရအောင် ချက်ချင်းဘဲ အိမ်အောင်ဆင်းပြီး Adaptor တစ်ခုဝယ်လိုက်ရတယ်။ ဖွင့်ဖွင့်ချင်း Logo ပေါ်လာပြီးတော့ wifi ချိတ်ခိုင်တယ်။ ပြီးတော့ update လု်ပမယ်ဆိုပြီး restart ဖြစ်သွားတယ်။ နောက်တော့ Google account ထည့်ပြီး စသုံးလို့ရပါပြီ။ သုံးနေတဲ့အချန်မှာ နောက်တစ်ခါ update ထက်လုပ်ပါတယ်။ ပြီးသွားရင်တော့ မလိုတော့ပါဘူး။

ကောင်းတာတစ်ခုက account ခွဲပြီးသုံးလို့ရပါတယ်။ Tablet တစ်ခုတည်းကို ၂ယောက်သုံးမယ်ဆိုရင် အကောင့်၂ခုလုပ်ပြီး သုံးလို့ရတာ ကိုတော့ကြိုက်တယ်။ ဒီဇိုင်းအနေနဲ့ကတော့ မဆိုးဘူး၊ ကြိုက်တယ်။ landscape လိုပိုပြီးသုံးလို့ကောင်းမယ်။ ကိုင်ရတာကတော့ လက်ထဲမှာမြဲတယ်၊ အနောက်ဘက် cover က ရာဘာရောထားလို့ လက်ထဲမှာ ခေျာမနေဘူး။ နှိပ်စရာ ခလုတ်ကတော့ ပါဝါနှင့် အသံ အတိုးအကျယ်လုပ်တာဘဲ ပါတယ်။ အသံ speaker ၂ခုပါပြီး တော်တော်ကျယ်အောင် ဖွင့်လို့ရတယ်။ camera ၂ခု(ရှေ့၊ နောက်) 5 megapixel rear-camera နဲ့ 1.2 megapixel front-camera က တော်ရုံတန်ရုံ ပုံ နဲ့ video call ကောင်းကောင်း လုပ်လို့ရပါတယ်။ LED Flash မပါတာကတော့ ညဆိုရင် ဒုက္ခရောက်နိုင်တယ်။

Display ကတော့ ရှယ်ဘဲ၊ 7” IPS screen, Resolution က 1920×1200 နဲ့ 323ppi (pixels per inch) က Apple display ကို အသာလေး ရှင်နိုင်တယ်။ Software ကတော့ Android 4.3 နောင်ဆုံး ဗားရှင်းပါ။ ဖုန်းရဲ့နောက်ပိုင်းမှာ NFC ပါပြီး၊ Nexus 4 Wireless Charger နဲ့ wireless အားသွင်းလို့ရပါတယ်။ Hardware အပိုင်းကတော့ Quad-core 1.5 GHz, 2 GB RAM ဆိုတော့ သုံးရတာ မြန်တယ်။

နောက်ဆုံးအနေနဲ့တော့ Nexus7 က ဝယ်သင့်တဲ့ product တစ်ခုပါ။ ဈေးအရတန်သလို့ အသုံးလည်းဝင်ပါတယ်။ ရှိပြီးသားဆိုရင်တော့ ချင့်ချိန်ပြီးမှ ဝယ်ပေါ့၊ အသစ်ဆိုတာက အမြဲထွက်နေတော့ သိပ်ကြာကြာတော့ ခံမယ်မထင်ဘူး၊ နောက်ဗားရှင်း အသစ်ထက် ထွက်လာအုံးမှာဘဲ။ အခုတော့ ကျွန်တော်လည်း Gadget Victims တစ်ယောက်ဖြစ်သွားပြီ။