မိုဘိုင်းဖုန်းများ

Good News for iOS 7 users!

အခု iOS 7 မှာ မြန်မာစာကို ကောင်းကောင်း မြင်နိုင်ဖို့ လွယ်လွယ်ကူကူနဲ့ လုပ်လို့ရသွားပါပြီ။ jailbreak လုပ်စရာ မလိုတော့ပါဘူး။ သန့်သက် ကို ကျေးဇူးတင်ပါတယ်။ mobileconfig ဖိုင် ကို ရေးပေးလို့ အလွယ်တကူ မြန်မာစာကို မြင်ရသွားပါပြီ။ browser မှာတင်မက system မှာပါ မြင်ရသွားပါပြီ။ http://d.pr/f/M8Es+ ကို ဖုန်းကနေ သွားပြီး ကလစ်လိုက်ပါ၊ ပြီးရင်တော့ install လုပ်လိုက်ရင် အားလုံးအိုကေသွားပါပြီ။ ယူနီကုဒ် အတွက်ကတော့… http://d.pr/f/x4at+ Ref: Saturngod and Thant Thet.

Samsung’s Galaxy Gear Smart Watch

Samsung ကဒီနေ့ဘဲ IFA 2013 မှာ ပစ္စည်းအသစ် တွေ မိတ်ဆက်သွားပါတယ်။ Galaxy Gear smart watch အပါအဝင် Galaxy Note, Galaxy Tab အသစ်တွေပါ မိတ်ဆက်ပေးသွားပါတယ်။ ဖုန်းကနေ လူ့တွေ နေ့စဉ်အသုံးပြုနေကြတဲ့ အရာတွေကိုပါ နည်းပညာနဲ့ တိုးတတ်ပြောင်းလဲ အောင် လုပ်နေကြတဲ့ အထဲမှာ ဒီတစ်ခါကတော့ လက်ပတ်နာရီကို ရိုးရိုး အချိန် ကြည့်ရရုံကနေ ပိုပြီး အသုံးဝင်လာအောင် ပြုလုပ်ထားတဲ့ Galaxy Gear က လူကြိုက်များအုံးမယ်ထင်ပါတယ်။ ဖုန်းက notification ကို နာရီကနေ ကြည့်လို့ရမယ်။ သီချင်းကို နာရီနဲ့ ဖွင့်လို့ရမယ်။ Camera စတဲ့ feature တွေပါ သုံးလို့ရတဲ့ နာရီအမျိုးအစားဖြစ်ပါတယ်။ Android …

Google Nexus 7

Google Nexus 7(2nd Generation) 16GB ကို $229 နဲ့ Amazon က ဝယ်ထားတာ၊ ဒီနေ့ဘဲ အိမ်ကိုရောက်လာတယ်။ Monday တုန်းက မှ မှာထားတာ။ 2TB HDD တစ်လုံးနဲ့တူတူမှာထားတာ၊ Nexus7 ကအရင်ရောက်လာတယ်။ Amazon က Singapore ကို $120 ကျော်ရင်လားမသိဘူး Shipping Free ရှိတယ်ဆိုတော့ သက်သာသွားတယ်။ ၂ပတ်လောက်ကြာမှ ရောက်မယ်လို့ထင်ထားတာ၊ အတစ်ပတ်အတွင်းရောက်လာတော့ တော်တော်လေး သဘောကျသွားတယ်။ Cover နဲ့ တခြားလိုအပ်တာတွေကိုတော့ Kutis မှာသွားဝယ်ဖို့ရှိတယ်။ Company ကဖွင့်ထားတဲ့ Mobile Accessories ဆိုင်တစ်ခုပါ။ ထုပ်ပေးလိုက်တာကတော့ Amazon က ထုံးစံအတိုင်း ကတ်ထူဘူးနဲ့၊ အထဲမှာတော့ Nexus& box …

Myanmar Keyboards for Android and iOS

MMKeyboard ကတော့ Android အတွက် ဖြစ်ပါတယ်။ TTKeyboard ကတော့ iOS အတွက်ဖြစ်ပါတယ်။ Technomation ကနေ အသစ်ထုတ်လိုက်တဲ့ ကီဘုတ်တွေဖြစ်ပြီးတော့ သုံးသူတွေ အကြိုက်တွေ့စေမယ့် Feature တွေ ပါပါတယ်။ Free and Pro ဆိုပြီး နှစ်မျိုးထုပ်လုပ်တာဖြစ်ပါတယ်။ Smart Zawgyi ကီးဘုတ်တွေဖြစ်ပါတယ်လို့ ဆိုပါတယ်။ Smart Zawgyi ဆိုတာကတော့ Zawgyi Keyboard ကို သုံးစွဲသူတွေ လွယ်အောင်လုပ်ထားတဲ့ ကီဘုတ်ဖြစ်ပါတယ်။ ရရစ် တွေအများကြီး ရွေးစရာ မလိုဘဲ တစ်ခုတည်းနဲ့ သူ့အလိုလို စာလုံးကို လိုက်ပြီး ပြောင်းပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဒီလင့် မှာ ဖတ်လို့ရပါတယ်။ ရန်ကုန် မန္တလေး ဖုန်းဆိုင် များမှာ မေးမြန်းဝယ်ယူနိုင်ပါတယ်။ MMKeyboard …

No more RIM, Only BlackBerry

RIM ရဲ့ CEO Thorsten Heins က ဒီနေ့ဘဲ RIM (Research in Motion) ကို BlackBerry လို့ဘဲ ပြောင်းလဲပြီး နောက်ပိုင်း ဆက်လုပ်သွားတော့မယ်လို့ ပြောသွားပါတယ်။ ​”One brand. One promise” ဆိုပြီးတော့ ပြောသွားပါတယ်လို့ Engadget မှာရေးထားပါတယ်။ နောက်တစ်ခုကတော့ BB10 အကြောင်းဖြစ်ပါတယ်။ ကျွန်တော် BB ကို ကြိုက်တာကြာပါပြီ၊ အရင်ဖုန်းတွေက အရမ်းလူကြီးဆန်ပြီး screen သေးလို့ မသုံးဖြစ်ခဲ့ပါဘူး။ အခုလည်း ကျွန်တော် ဝင်းဒိုးဖုန်းကို ကိုင်ပြီး ၁ ပတ်လောက်မှာ အားနည်းချက်တော်တော်များများ တွေ့လိုက်ပါတယ်။ အထူးသဖြင့် ဖုန်းက အရမ်းပူနေတာပါဘဲ။ အဲ့ဒါကို service center သွားပြဖို့ မအားသေးတာနဲ့ မပြဘဲ …

Phone changed

တစ်ပတ်လောက်တော့ရှိပြီ ကျွန်တော် ဝင်းဒိုးဖုန်း ကိုင်နေတာ။ Nokia Lumia 920 ပါ။ စကိုင်တုန်းက တော်တော်လေး ကြောင်တောင်တောင်ဖြစ်တယ်။ အရင်တုန်းက Android နဲ့ iOS ဘဲကိုင်ဖူးတော့ WP ကို တော်တော်လေး အကျင့်ပါအောင် လုပ်ရတယ်။ အထူးသဖြင့် ကတော့ UI အပိုင်း အပြောင်းအလဲကြောင့် လုပ်ရကိုင်ရတာ နှေးတာပေါ့။ Metro UI ကမဆိုးဘူးလို့တော့ပြောလို့ရတယ်။ အားနည်းတာကတော့ Customize လုပ်လို့ များများစားစားမရတာပါဘဲ။ နောက်တစ်ခုက App ပိုင်း တော်တော်လေးအားနည်းတယ်လို့ပြောရမယ်။ ပိန်းတိန်းတိန်း App တွေအများကြီး၊ ကျွန်တော်တို့ ကျောင်းမှာ လုပ်တဲ့ ပုံမှန် နေ့စဉ် ပရောဂျက် အဆင့်လောက်တွေ အများကြီး။ တော်တော်များများက mobile web view ပုံစံတွေကို …

HTC Myanmar Sar

HTC ဆိုဒ်မှာ မြန်မာဘာသာနဲ့ official ဆိုဒ်တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ လွန်ခဲ့သော နှစ်က HTC ရဲ့ CEO Peter Chou မြန်မာနိုင်ငံကို လာပြီး ပြောင်းလဲလာတဲ့ မြန်မာ မိုဘိုင်းလောက အခြေအနေပါ။ လွယ်လွယ်ပြောရရင်တော့ ကောင်းမွန်တဲ့ ပြောင်းလဲမှုတစ်ခုပေါ့။ ကျွန်တော်တို့တွေ မြန်မာလို ဖတ်လို့ရတယ်လေ။ နောက်ပြီး ဖုန်းမှာလည်း built-in မြန်မာစာတွေ၊ ကီးဘုတ်တွေ ထည့်ပေးမယ်လို့ ကြားနေရတယ်။ SanMyanmar နှင့် ပူးပေါင်းပြီး လုပ်ကိုင်မယ်လို့ ကြားသိရတယ်။ ဒါလည်းကောင်းတာပါဘဲ။ မြန်မာနိုင်ငံက အသုံးပြုသူတွေအတွက် ကြီးမားတဲ့ တိုးတတ်မှုကြီးပေါ့။ မြန်မာစာမြင်ရဖို့ root လုပ်စရာမလိုတော့ဘူး။ ဆိုင်သွားပြီး အကိုရေ ဖောင့်သွင်းပေးပါ ပြောစရာမလိုတော့ဘူး။ developer တွေလည်း အချိန်ကုန်ခံပြီး ကီးဘုတ်တွေ၊ root လုပ်နည်းတွေ …

ဖုန်းဘယ်မှာ ဝယ်ရင်ကောင်းမလဲ? (စင်္ကာပူ)

ကျွန်တော်ဖုန်းပျက်သွားတုန်းက ဖုန်းအလွတ်(no contract) လိုက်ဝယ်မယ်ဆိုပြီး လိုက်ရှာတာ နောက်ဆုံး ကောင်းဆုံးနဲ့ ဈေးမနည်းဆုံး ဆိုင် ၂ ဆိုင်တွေ့တယ်။ အွန်လိုင်းပေါ်မှာ ကြိုက်တဲ့ ဖုန်းကို ကြည့်ပြီး ဆိုင်မှာ သွားဝယ်လိုက်ပေါ့။ ကျွန်တော်ကတော့ အဲ့လိုဘဲလုပ်တယ်။ ဆိုင်မှာသွားကြည့်ပြီးမှာ ဝယ်မယ်ဆိုရင် သူတို့က သေသေချာချာ ရှင်းပြမှာမဟုတ်ဘူး။ ပထမဆုံးဆိုင်ကတော့… http://www.whymobile.com/home.php နောက်တစ်ခုကတော့… http://www.mobilesquare.com.sg နှစ်ဆိုင်လုံးက ဈေးတူတူပါဘဲ ဆိုင်နေရာလည်း အရမ်းမကွာဘူး။ တခြားဆိုင်တွေနဲ့ ရှင်လိုက်ရင် ၅၀လောက် ဈေးကွာတယ်။ အဲ့ဒါကြောင့် ဖုန်းဝယ်ချင်တယ်ဆိုရင် အပေါ်က ဆိုင်နှစ်ဆိုင်ကို အရင်ဆုံးဈေး ကြည့်ပြီးမှ တခြားဆိုင်တွေမှာ ဝယ်ပါ။ သေချာတာကတော့ ဈေးကွာနေတာ တွေ့ရပါလိမ့်မယ်။ ကျွန်တော့အတွေ့အကြုံလေးနဲ့ သိတာလေးတွေ ရေးထားတာပါ။ တခြားကောင်းတဲ့ဆိုင်တွေ ရှိတယ်ဆိုလည်း ကွန်မန့်မှာ ရေးခဲ့လို့ရပါတယ်။ အိုင်တီကိုကို