Uncategorized

SLA Spatial Challenge Brainstorming မှတ်စု #1

Idea အသစ်ဖြစ်ဖို့က ပထမဆုံး အခုလက်ရှိ ဘာတွေဖြစ်နေလဲ့ဆိုတာ သိဖို့လိုပါလိမ့်မယ်။ ကျွန်တော့ အထင် ကျွန်တော်တို့ တွေးမိသလို သူများတွေလဲ တွေးမိမှာဘဲ။ ကျွန်တော် ကဒါကို အသစ်လို့ထင်ပေမယ့် သူများတွေက လုပ်ပြီးသား ဖြစ်နိုင်တယ်။ ကိုယ်က မသိတော့ ဒါဟာ အသစ်၊ ဘယ်သူမှ မလုပ်သေးဘူး၊ ငါပထမဆုံးလုပ်တာဘဲလို့ ထင်နေတတ်ပါတယ်။ အဲ့လိုဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ အလကားဖြစ်တော့မှာပါ။ သင်ရေးလိုက်တဲ့ App တစ်ခုက သူများရေးပြီးလို့ Store | Market မှာ ရှိပြီးသားကြီ: ဖြစ်နေမှာကို သင်စဉ်းစားမိရဲ့လား။ အဲ့တော့ ပထမဆုံး အခုလက်ရှိ ဘာတွေရှိနေလဲဆိုတာကို အရင်ဆုံးလေ့လာဖို့လိုပါတယ်။ သူများတွေ ဘာတွေလုပ်ပြီးပြီလဲဆိုတာ သိထားဖို့လိုပါတယ်။ အဲ့တော့ App တစ်ခုရေးဖို့ Idea ရလာပြီဆိုရင် သူများတွေရေးပြီးပြီလား …

အိုင်တီကိုကို(IT-KOKO) Facebook Page

ကျွန်တော် Facebook မှာ အိုင်တီကို(IT-KOKO) ကိုဆိုပြီး Page တစ်ခုလုပ်ထားပါတယ်။ လောလောဆယ်တော့ လူတော်တော်များများ Like မလုပ်ထားပါဘူး။ အဲ့ဒါလေးနဲ့ ပတ်သတ်ပြီး နည်းနည်းပြောချင်ပါတယ်။ အခုခောတ်မှာ လူတော်တော်များများ Facebook သုံးပါတယ်။ တော်တော်များများအချိန်တွေကို အဲ့မှာပဲ ကုန်ဆုံးစေပါတယ်။ တစ်နေ့ တစ်ခါလောက် မဝင်လိုက်ရရင် နေမထိ၊ ထိုင်မသာ ဖြစ်နေကြပါတယ်။ ကျွန်တော် အပါအဝင်ပါ။ ကျွန်တော် ရေးတဲ့ ပိုစ့်လေးတွေကို ရိုးရိုး Profile မှာတင်ရင် မြင်ချင်တဲ့ သူရော မမြင်ချင်တဲ့ သူတွေပါ မြင်နေရမှာဆိုးလို့ ကျွန်တော် နောက်ထက် Page တစ်ခု လုပ်ပြီး အိုင်တီနဲ့ ဆိုင်တဲ့ ပိုစ်တွေအားလုံးကို တင်ပါတယ်။ Page ကို Like လုပ်ထားတဲ့ သူတွေကိုသာ သိစေတဲ့ …

Forum For Mobile Users

ကျွန်တော် စမ်းသပ်တဲ့ အနေနဲ့ Forum တစ်ခုလုပ်ထားပါတယ်။ ကိုစေတန် MZ မှာသုံးထားတဲ့ Vanilla ကိုပဲ ကြိုက်လို့ တင်ထားပြီး စမ်းထားတယ်။ အလုပ်ရှုပ်နေလို့ လိုအပ်တာတွေကိုတော့ မပြင်ရသေးဘူး။ နောက်မှပဲ ကောင်းကောင်းပြန်ပြင်တော့မယ်။ အားလုံးပြီးမှ တင်မလို့ဘဲ ဒါပေမယ့် သုံးတဲ့သူတွေဆီက ပြန်ပြောတာလေးတွေကို ကြားချင်တာနဲ့ ရှိတာနဲ့ လုပ်လိုက်ပါတယ်။ လောလောဆယ်တော့ မြန်မာ ယူနီကုဒ်ကို Support လုပ်ထားပါသေးတယ်။ နောက်မှ ဇော်ဂျီကို ပါရအောင်လုပ်ပါ့မယ်။ ဘာလို့လဲဆိုတော့ သုံးတဲ့သူတော်တော်များများက ဇော်ဂျီကို ပိုကြိုက်တယ်လေ။ အဓိက ရည်ရွယ်ထားတာကတော့ မိုဘိုင်း သုံးသူတွေကို ဖြစ်ပါတယ်။ ကျွန်တော့် ဆိုဒ်ကို လာရောက် အားပေးပါလို့။ လိုအပ်တာများရှိရင် တောင်းဆိုနိုင်ပါတယ်။ ဆိုဒ် Admin ကတော့ လောလောဆယ် ကျွန်တော်ပဲ ရှိပါသေးတယ်။ …

နှစ်သစ်မင်္ဂလာပါ

အားလုံး နှစ်သစ်မင်္ဂလာပါ။ ကျွန်တော့ ဘလော့လေးကို လာလာဖတ်တဲ့ သူငယ်ချင်းများ၊ စာဖတ်မိတ်ဆွေများ၊ အားလုံးသောသူများကို ကျေးဇူးတင်ပါတယ်လို့ ဒီကနေပဲ ပြောလိုက်ပါတယ်။ အခုမှ တင်နိုင်တာကို တောင်းပန်ပါတယ်။ အသိပေးချင်တာလေးတစ်ခုကတော့ ကျွန်တော့ဘလော့ကို နှစ်သစ်မှာ စတိုင်အသစ်နဲ့တွေရပါတော့မယ်။ ကျွန်တော် ကိုယ်တိုင် ပြန်ရေးနေပါတယ်။ လောလောဆယ်တော့ IT-KOKO ဘလော့ကို အရင်ရေးနေပါတယ်။ ဘယ်တော့ပြီးမလဲတော့ သေသေချာချာ မပြောနိုင်တာကိုတော့ တောင်းပန်ပါတယ်လို့။ အခုမှ စရေးမှာဆိုတော့ အကောင်းကြီးတော့ ဖြစ်မယ်မထင်ဘူး။ ဟီးဟီး။အကောင်းဆုံးတော့ လုပ်ထားပါတယ်။ နောက်တစ်ခုက ကျွန်တော် ရေးမယ်ဆိုပြီး မရေးရသေးတဲ့ အကြောင်းအရာလေးတွေ ရှိပါတယ်။ ကို ဟိန်းဇော်ထက် ကို ဒီကနေပဲ တောင်းပန်လိုက်ပါတယ်။ ကျွန်တော် ဘီးဇီး နေလို့ပါလို့။ နှစ်သစ်မှာ အားလုံးမင်္ဂလာပါ။

Samsung Galaxy S II TVC Short Videos

SAMSUNG Galaxy Tab 10.1 ဝယ်မလို့ လိုက်ကြည့်ရင်းနဲ့ SAMSUNG ဆိုဒ်ကိုရောက်သွားတယ်။ အဲ့မှာ ကြေငြာထားတဲ့ ကြေငြာလေးတွေကို ကြိုက်လို့ ပြန်တင်လိုက်တာပါ။ SAMSUNG Galaxy SII အတွက်ပါ။ ပြောချင်တာလေးတွေကို ထိအောင်၊ မိအောင်ပြသွားတာကို သဘောကျသွားတာ။ အောက်မှာကြည့်လိုက်ပါနော် … Vivid, Fast, Slim SUPER AMOLED Plus Dual Core Slimness အားလုံးက short video လေးတွေဆိုတော့ ရန်ကုန်မှာလဲ ကြည့်လို့ရနိုင်မယ်လို့ထင်ပါတယ်။ အခုတလော YouTube တွေ ပြန်ကြည့်လို့ရနေတယ်လို့ကြားလို့ ဒီအတိုင်းပဲ တင်လိုက်တာပါ။

I just bought Canon S95

ကျွန်တော် ဒီနေ့ပဲ Camera အသစ်တစ်လုံး ဝယ်လိုက်ပါတယ်။ Canon S95 ပါ။ DSLR ကရှိပြီးသားဆိုတော့ သေးသေးလေးတစ်လုံးပဲ ဝယ်လိုက်တယ်. တော်တော်ကောင်းတယ်။ ညမှာတော်တော် လင်းတယ်။ f2.0 ဆိုတော့ မဆိုးဘူးဗျ၊ အစတုန်းက Olympus XZ-1 ဝယ်မလို့ပဲ။ ပြန်စဉ်းစားလိုက်တော့ မဝယ်ချင်တော့ပြန်ဘူး၊ အဲ့ဒါနဲ့ မဝယ်သေးဘဲ နေနေတာ တော်တော်ကြာသွားတယ်။ ဝယ်တယ်ဆိုတာကလဲ ကျွန်တော့အတွက်မဟုတ်ပါဘူး။ သူများကို လက်ဆောင်ပေးမလို့ပါ။ အဲဒီတော့ ကျွန်တော် ကြိုက်လို့ပဲမဖြစ်ဘူးလေ။ ရမယ့်လူက ကြိုက်ဖို့က ပိုအရေးကြီးတယ်လေ။ ဒါနဲ့ပဲ Canon ကိုပဲရွေးလိုက်တာပါ။ တန်ပါတယ်။ ၆၀၀ တော့ပေးလိုက်ရတယ်။ Olympus XZ-1 က ၆၃၀။ အရမ်းတော့ မကွားဘူး။ အစတုန်းကတော့ XZ-1 ကိုတော်တော်လေးကြိုက်တယ်။ အရမ်းကောင်းတာကိုး ဒါပေမယ့် …

ကျွန်တော့ကို နားလည်ပေးကြပါ…

စာမရေးနိုင်တော့ဘူးလို့ထင်ထားတာ။ အခုနည်းနည်းရေးလိုက်အုံးမယ်.. ဘာလို့လည်းဆိုတော့ နောက်တစ်ပတ်ကစပြီး စာမေးပွဲတွေပြီးသွားပြီလေ။ အဲဒါ အမျိုးတွေရောက်နေတာရော၊ မရောက်ဖူးတဲ့နေရာတွေသွားချင်တာရော၊ နားချင်တာရော အားလုံးပေါင်းပြီး ခရီးသွားမလို့ လောလောဆယ်တော့ မလေးရှားနဲ့ အင်ဒိုနှီးရှား နှစ်ခုသွားမလို့ စီစဉ်ထားတယ်။ ဓာတ်ပုံတွေလည်း ရိုက်ဖြစ်တော့မှာပေါ့။ သူငယ်ချင်းတစ်ယောက်ကလည်း သွားမလို့ခေါ်ထားသေးတယ်။ သူနဲ့ကတော့ ယိုးဒးယားဖြစ်ဖို့များတယ်။ ဘာပဲဖြစ်ဖြစ် အနားယူရင်း၊ ဓာတ်ပုံရိုက်လို့ရတာပေါ့။ အဓိကပြောချင်တာက နေက်နှစ်ပတ်လောက်မှာ မအားတော့မှာဖြစ်လို့ ပိုစ့်တွေမတင်နိုင်တော့မှာကို ကြိုပြောထားတာပါ။ ပြောသာပြောနေရတာပါ ကျွန်တော့ဆီကိုလာဖတ်တဲ့လူဆိုတာ လက်ချိုးရီလို့ရပါတယ်။ များများစားစားမရှိပါဘူး။ ရှိတာမရှိတာထား.. ပြောရမှာက ကျွန်တော့ တာဝန်၊ လေးစားတဲ့အနေနဲ့တော့ အသိပေးရမှာပေါ့။ မဟုတ်ရင် စာဖတ်သူတွေကို မလေးစားသလိုဖြစ်သွားမှာဆိုးလို့ပါ။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေ စိတ်ဆိုးဖူးတယ်။ ဘာလို့လဲဆိုတော့ ကွန်တော့က သူတို့နဲ့ chat နေတုန်း ဘာမပြောညာမပြောနဲ့ ထထ ထွက်ထွက်သွားတတ်တယ်။ …

New Hosting!

ကျွန်တော်အရမ်းပျော်သွားပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဆိုဒ်ကို Hosting ပြောင်းလိုက်နိုင်ခဲ့လို့ပါပဲ။ အရင်တုန်းက www.000.webhosting.com မှာတင်ထားပါတယ်၊ နောက်တော့ဘာလို့မှန်းမသိဘူး ကြေငြာတွေပေါ်လားလို့ သူတို့ဆီကို မေးလိုက်တော့ cpanel ကို မဝင်တာကြာရင် သူတို့က ကြေငြာတွေထဲ့ပေးထားတယ်လို့ပြောတယ်။ အော်…ဟုတ်မှာပဲဆိုပြီးထားလိုက်တယ်။ နောက်တော့ထက်ပေါ်လာတယ်။ Dashboard ဝင်တာတောင်ပေါ်နေတယ်။ ဘာလို့မှန်းလဲမသိဘူး။ သူတို့ဆီထက် mail ပို့တော့ သူတို့မတွေ့ဘူးဆိုပြီးပြောတယ်။ အဲ့ဒါနဲ့ ပြောင်းဖို့ စိတ်ကူးဖြစ်လာတယ်။ MZ မှာလိုက်မေးတယ်၊ ဘယ်ဟာတွေကောင်းလဲလို့ပေါ့။ တော်တော်များများလည်းတွေ့ပါတယ်၊ ဒါပေမဲ့ အရမ်းမကြိုက်ခဲ့ဘူး။ နောက်ဆုံးတော့ ကိုရာဇာ (yarzar.me) ပြောထားတာတွေ့လို့ သူ့ဆီကို အကူအညီတောင်းလိုက်တော့ သူက တခါတည်း အကောင့်လုပ်ပေးလိုက်တယ်။ ygnhostin.co.cc မှာ​ပါ့။ ကိုယ်တိုင်ကလည်း မဝယ်နိုင်​ေသးလို့ သူများဆီကပဲ free လုပ်ရတာ​ေပါ့။ ​အရမ်းကြိုက်တယ်။ ပိုလဲမြန်တယ်။ ​ေကာင်းလည်း​ေကာင်းတယ်။ အဲ့ဒါနဲ့ …