အိုင်တီကိုကို(IT-KOKO) Facebook Page

ကျွန်တော် Facebook မှာ အိုင်တီကို(IT-KOKO) ကိုဆိုပြီး Page တစ်ခုလုပ်ထားပါတယ်။ လောလောဆယ်တော့ လူတော်တော်များများ Like မလုပ်ထားပါဘူး။ အဲ့ဒါလေးနဲ့ ပတ်သတ်ပြီး နည်းနည်းပြောချင်ပါတယ်။ အခုခောတ်မှာ လူတော်တော်များများ Facebook သုံးပါတယ်။ တော်တော်များများအချိန်တွေကို အဲ့မှာပဲ ကုန်ဆုံးစေပါတယ်။ တစ်နေ့ တစ်ခါလောက် မဝင်လိုက်ရရင် နေမထိ၊ ထိုင်မသာ ဖြစ်နေကြပါတယ်။ ကျွန်တော် အပါအဝင်ပါ။ ကျွန်တော် ရေးတဲ့ ပိုစ့်လေးတွေကို ရိုးရိုး Profile မှာတင်ရင် မြင်ချင်တဲ့ သူရော မမြင်ချင်တဲ့ သူတွေပါ မြင်နေရမှာဆိုးလို့ ကျွန်တော် နောက်ထက် Page တစ်ခု လုပ်ပြီး အိုင်တီနဲ့ ဆိုင်တဲ့ ပိုစ်တွေအားလုံးကို တင်ပါတယ်။ Page ကို Like လုပ်ထားတဲ့ သူတွေကိုသာ သိစေတဲ့ အတွက် သိချင်တဲ့ သူတွေဆီကို ကျွန်တော် သိစေချင်တဲ့ အကြောင်းအရာတွေ ရောက်စေပါတယ်။
ကျွန်တော် တစ်ယောက်တည်းဆိုရင် များများ စားစား မရေးနိုင်တဲ့အတွက် နေ့စဉ် ကျွန်တော် ဖတ်တဲ့ ဆိုဒ်တွေရဲ့ ပိုစ့်တွေကိုပါ တင်ထားပါတယ်။ အားလုံးကို တစ်နေရာတည်းမှာ စုထားသလိုမျိုး ဖြစ်ချင်တာပါ။ ဒါမှ ကျွန်တော့လို လိုက်ရှာရမှာ ပျင်းတဲ့လူတွေအတွက်ဆို ဒီ Page လေးက တော်တော်လေး အကျိုးရှိမယ်လို့ ထင်ပါတယ်။ သတင်းတော်တော်များများကို တစ်နေရာတည်းမှာ သိနို်င်သလို၊ ခက်ခက်ခဲခဲ လိုက်ရှာစရာ လည်း မလိုတော့ပါဘူး။ ကျွန်တော့် Page ကို Like ထားရုံနဲ့ အားလုံးသော အသစ်အသစ်သော သတင်းတွေကို ရစေမှာဖြစ်ပါတယ်။ ကျွန်တော့ ဆီမှာ တော်တော်များများသော မြန်မာ အိုင်တီ ဆိုဒ်တွေကို လင့်ချိတ်ပေးထားပါတယ်။ နေ့စဉ် အသစ်တွေ တင်ပေးပါတယ်။
ပြီးတော့ သူများသတင်းတွေကို ပြန်တင်ထားတာ မဟုတ်ပါဘူး။ ပိုစ်အသစ် တင်ထားတယ်ဆိုတာကို အသိပေးပြီး လမ်းညွန်ပေးထားတာပါ။ ဖတ်ချင်ရင်တော့ မူရင်းဆိုဒ်မှာပဲ သွားဖတ်လို့ရမှာပါ။ ကျွန်တော် တတ်နိုင်သလောက်လေး သတင်းတွေ ဖြန့်ပေးထားတာပါ။ တစ်စုံတစ်ဦးကမှ တိုက်တွန်းပြီး လုပ်ခိုင်းတာ မပါပါဘူးလို့။ အခုဆိုရင် ဆိုဒ်ပေါင်း ၂၀ကျော် က လင့်တွေကို Share ပေးထားပါတယ်။ မိတ်ဆွေများ အနေနဲ့ ကျွန်တော့ Page ကို Like ခြင်းအားဖြင့် သိရှိမှု တွေ ပိုမိုဆုံလင် တိုးတတ် လာနိုင်ပါစေလို့ တိုက်တွန်းလိုက်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်
အိုင်တီကိုကို။
https://www.facebook.com/ITKOKO