နှစ်သစ်မင်္ဂလာပါ

အားလုံး နှစ်သစ်မင်္ဂလာပါ။ ကျွန်တော့ ဘလော့လေးကို လာလာဖတ်တဲ့ သူငယ်ချင်းများ၊ စာဖတ်မိတ်ဆွေများ၊ အားလုံးသောသူများကို ကျေးဇူးတင်ပါတယ်လို့ ဒီကနေပဲ ပြောလိုက်ပါတယ်။ အခုမှ တင်နိုင်တာကို တောင်းပန်ပါတယ်။ အသိပေးချင်တာလေးတစ်ခုကတော့ ကျွန်တော့ဘလော့ကို နှစ်သစ်မှာ စတိုင်အသစ်နဲ့တွေရပါတော့မယ်။ ကျွန်တော် ကိုယ်တိုင် ပြန်ရေးနေပါတယ်။ လောလောဆယ်တော့ IT-KOKO ဘလော့ကို အရင်ရေးနေပါတယ်။ ဘယ်တော့ပြီးမလဲတော့ သေသေချာချာ မပြောနိုင်တာကိုတော့ တောင်းပန်ပါတယ်လို့။ အခုမှ စရေးမှာဆိုတော့ အကောင်းကြီးတော့ ဖြစ်မယ်မထင်ဘူး။ ဟီးဟီး။အကောင်းဆုံးတော့ လုပ်ထားပါတယ်။ နောက်တစ်ခုက ကျွန်တော် ရေးမယ်ဆိုပြီး မရေးရသေးတဲ့ အကြောင်းအရာလေးတွေ ရှိပါတယ်။ ကို ဟိန်းဇော်ထက် ကို ဒီကနေပဲ တောင်းပန်လိုက်ပါတယ်။ ကျွန်တော် ဘီးဇီး နေလို့ပါလို့။

နှစ်သစ်မှာ အားလုံးမင်္ဂလာပါ။