Forum For Mobile Users

ကျွန်တော် စမ်းသပ်တဲ့ အနေနဲ့ Forum တစ်ခုလုပ်ထားပါတယ်။ ကိုစေတန် MZ မှာသုံးထားတဲ့ Vanilla ကိုပဲ ကြိုက်လို့ တင်ထားပြီး စမ်းထားတယ်။ အလုပ်ရှုပ်နေလို့ လိုအပ်တာတွေကိုတော့ မပြင်ရသေးဘူး။ နောက်မှပဲ ကောင်းကောင်းပြန်ပြင်တော့မယ်။ အားလုံးပြီးမှ တင်မလို့ဘဲ ဒါပေမယ့် သုံးတဲ့သူတွေဆီက ပြန်ပြောတာလေးတွေကို ကြားချင်တာနဲ့ ရှိတာနဲ့ လုပ်လိုက်ပါတယ်။ လောလောဆယ်တော့ မြန်မာ ယူနီကုဒ်ကို Support လုပ်ထားပါသေးတယ်။ နောက်မှ ဇော်ဂျီကို ပါရအောင်လုပ်ပါ့မယ်။ ဘာလို့လဲဆိုတော့ သုံးတဲ့သူတော်တော်များများက ဇော်ဂျီကို ပိုကြိုက်တယ်လေ။ အဓိက ရည်ရွယ်ထားတာကတော့ မိုဘိုင်း သုံးသူတွေကို ဖြစ်ပါတယ်။ ကျွန်တော့် ဆိုဒ်ကို လာရောက် အားပေးပါလို့။ လိုအပ်တာများရှိရင် တောင်းဆိုနိုင်ပါတယ်။ ဆိုဒ် Admin ကတော့ လောလောဆယ် ကျွန်တော်ပဲ ရှိပါသေးတယ်။ Testing အဆင့်ပဲ ရှိသေးတာကြောင့် လို အပ်တာများရှိရင် ပြောကြားပေးပါ။ Free Hosting မှာတင်ထားတာကြောင့် ဝင်လို့မရခဲ့ရင် ကျွန်တော် နောက်ထက် တောင်းပန်ပါတယ်လို့… တတ်နိုင်တော့မှ Hosting ကောင်းကောင်းမှာ ပြန်တင်ပေးပါ့မယ်။

www.forum.it-koko.info

အားလုံးကို ကျေးဇူးတင်ပါတယ်။

အိုင်တီကိုကို။