iOS

iOS 6.1 Jailbreak

ထွက်လာပါပြီ။ iOS 6.1 အတွက် Jailbreak ပါ ဒီလင့်မှာ Evasi0n jailbreak tool ကို ဒေါင် လိုက်ပါ။ ပြီးရင်တော့ ဒီမှာ iOS 6.1 ကို ဒေါင်းလိုက်ပါ။ ဖုန်းကို လော့မချထားပါနဲ့။ Password ခံထားတယ်ဆိုရင် ပြန်ဖြုတ်လိုက်ပါ။ (Settings –> General –> Passcode Lock –> Off) iTunes နဲ့ Xcode ကိုလည်း ပိတ်ထားပေဖို့ မမေ့ပါနဲ့။ ပြီးရင်တော့ စလို့ရပါပြီ။ Evasi0n ကို run လိုက်ပါ။ နောက်ပြီးရင် ဖုန်းကို computer နဲ့ ဆက်လိုက်ပါ။ Lightning cable(usb) နဲ့ပါ။ ပြီးရင်တော့ jailbreak နှိပ်ပြီး …

The nExT iPhone ??

The next iPhone? iPhone 5? The new iPhone? ဘယ်လိုဘဲခေါ်ခေါ် အားလုံးမျှော်လင့်နေတဲ့ ဖုန်းအသစ်တစ်လုံးကိုတော့ ဒီနေ့ Apple က အားလုံးကို ပြသတော့မှာဖြစ်ပါတယ်။ ဘယ်လို features တွေပါလာမလဲဆိုတာတော့ အားလုံးစောင့်မျှော်နေကြမှာပါ။ အွန်လိုင်းမှာ မှန်းချက်ပေးထားတာတွေ အမှန်ဖြစ်လာမလား၊ အခြားဘာတွေ ထူးထူးခြားခြား လုပ်အုံးမလဲဆိုတာတော့ ကျွန်တော်တို့တွေ စောင့်ကြည့်ရတော့မှာပေါ့။   ဒါကတော့ နိုင်ငံအလိုက် အချိန်စရင်းပါ။ ဒါကတော့ Live Blogs တွေပါ။ Link1 | Link2 | Link3 ဒါကတော့ Live video ကြည့်နိုင်မယ့် လင့်ပါ။ Link your browser does not support IFRAMEs

MyanmarKeyboards for iOS5

MyanmarKeyboards for iOS5 ကို လွန်ခဲ့တဲ့ နေ့တုန်းကတည်းက ထွက်နေတာပါ. ကျွန်တော် အခုမှ အားလို့တင်နိုင်တာပါ။ Keymagic Developer Thant Thet ကရေးထားတဲ့ Keyboard နှင့် ကိုမိုးစက် ရေးထားတဲ့ Zawgyi Keyboard ပါ။ နှစ်ခုလုံးကို သွင်းချင်ရင်တော့ သင့်ရဲ့ iDevice ကို jailbreak လုပ်ထားဖို့တော့ လိုပါတယ်။ ပထမဆုံး ကိုသန့်သက် ရဲ့ MyanmarKeyboard ကို အရင်ပြောပါ့မယ်။ Free မဟုတ်တော့ပါဘူး။ Jailbreak လုပ်ထားရင် Keyboard ကို သွင်းလို့တော့ရတယ်။ သုံးဖို့ဆိုရင်တော့ Registration code လိုပါတယ်။ ကျွန်တော်သိရသလောက်ကတော့ ရန်ကုန်က ဝယ်ရင် ၆၅၀၀ကျပ် ဖြစ်ပါတယ်။ သွင်းပုံသွင်းနည်းကတော့ မူရင်းလင့် မှာ …

မြန်မာသင်ပုန်းကြီး

ကျွန်တော်တို့ ငယ်ငယ်တုန်းက မြန်မာစာကို စသင်တုန်းက ကကြီး၊ ခခွေး ကနေစသင် ခဲ့ရတာပါ။ အရင်တုန်းကတော့ ကျောက်သင်းပုန်း မှာရေးပြီး လေ့ကျင့်ခဲ့တယ်။ ကျွန်တော်တို့ ခောတ်ကျတော့ စာအုပ်ပေါ်မှာ ရေးပြီး ကျင့်ရတယ်။ အခုကျတော့ အိုင်ပတ် ပေါ်မှာပါ ရလာပါပြီ။ နိုင်ငံခြားရောက် မြန်မာကလေးတွေကို ကောင်းဆုံးနည်းနဲ့ မြန်မာစာကို ပြန်သင်ပေးချင်တယ်ဆိုရင်တော့ ဒီ မြန်မာသင်ပုန်းကြီး App လေးက တော်တော်လေး အသုံးဝင်မှာပါ။ မြန်မာစာလုံးလေးတွေကို ဘယ်လိုရေးရတယ်၊ ဘယ်လို အသံထွက်ဖတ်ရတယ်၊ စတဲ့ ကလေးငယ်တွေကို သင်ပေးတဲ့ အခါ ဒီ App က အသုံးဝင်မယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ဝင်စားဖွယ် ရုပ်ပုံလေးတွေ၊ အသံထွက်တွေပါတာကြောင့် ကလေးတွေ အကြိုက်တွေ့စေမှာပါ။ နောက်ထက် ဘာတွေကောင်းသေးလဲ ဆိုတာ သိချင်ရင်တော့ အောက်ကလင့်မှာ …