Month: July 2016

Myanmar Font is build-in for iOS10

iOS 10 ကို မကြာခင်မှာ Apple က အများပြည်သူများ အားလုံးသုံးလို့ရအောင် ထုတ်ပေးတော့မှာဖြစ်ပါတယ်။ လောလောဆယ်တော့ Developer များအတွက် Beta ထုတ်ပေးထားပါတယ်။ Features တွေအများကြီး ထည့်ပေးထားပါတယ်၊ ကျွန်တော် အဓိက ပြောချင်တာကတော့ မြန်မာစာ ပါလာတာပါဘဲ။ ဘားမှမသွင်းထားဘဲ မြန်မာစာကို မြင်နိုင်ပါတယ်၊ မြန်မာလို Apps တွေမှာ ကောင်းကောင်းသုံးလို့ရပါတယ်။ Myanmar Sangam MN ဖောင့်ကို ထည့်ပေးထားတာပါ။ မြန်မာယူနီကုဒ် တွေကို အားလုံးမြင်နိုင်ပါတယ်။ အနည်းငယ် အမှားလေးတွေရှိပါတယ်။ အဲ့ဒါကလည်း ဖောင့်ထွင်တဲ့သူကို feedback ပေးပြီးထားပြီဖြစ်ပါတယ်။ နောက်ဆုံး version မှာတော့ အမှန်ပါလာနိုင်ပါတယ်။ သူတို့က မြန်မာဖောင့်တွေကို ထည့်ထားပေးတာ ကျွန်တော်တို့ မြန်မာတွေထွင်ထားတဲ့ ဖောင့်တွေမဟုတ်ပါဘူး၊ သူတို့ဖာသာ ထွင်ထားတာပါ။ …