Facebook Shared Album

Facebook က feature အသစ်တစ်ခုဖြစ်တဲ့ Shared Album ဟာ တကယ်တော့ Google+ က Party Mode လိုမျိုး Photo Album တစ်ခုထဲကို လူအများကြီး တင်လို့ရတာပါဘဲ။ event, party တွေအတွက် အကောင်းဆုံး အသုံးအဝင်ဆုံးဖြစ်ပါတယ်။ Facebook Share Album အကြောင်းဟပြောရရင် တစ်ယောက်ကို ပုံ ၂၀၀ ၊ အများဆုံး အယောက် ၅၀ ထိ စုပြီး Shared Album လုပ်လို့ရပါတယ်။ create လုပ်တဲ့သူက သူကြိုက်တဲ့သူတွေကို Add လို့ရသလို့ တင်လာတဲ့ ပုံတွေကိုလည်း ဖြတ်လို့ ရပါတယ်။ Google+ Party Mode လိုတော့ event နဲ့ ချိန်ဆက် မထားသေးပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပါလာနိုင်တယ်။ စမ်းကြည့်ချင်တယ်ဆိုရင်တော့ ဒီလင့် မှာ ရှိပါတယ်။