အိုင်တီကိုကို

I am just what I am! Code Ninga, Design Maker and Creative Worker. Gadgets Lover!

မူရင်း မြနန္ဒာ သီချင်း

ဘာလိုလိုနဲ့ ဒီနေ့ သင်္ကြန် အကျနေ့ တောင်ရောက်သွားပါပြီ။ မြနန္ဒာ သီချင်းကို မသိတဲ့သူမရှိ ပါဘူး။ မြန်မာသံစစ်စစ်နဲ့ ဆိုထားတဲ့ သင်္ကြန်သီချင်းပါ။ Facebook ကို Cho TuZal တင်ထားတာတွေ့လို ကျွန်တော် ပြန်ပြီး ရှယ်လိုက်ပါတယ်။ သမိုင်းကြောင်းပါ ဒီမှာ ဖတ်လို့ရပါတယ်။ Man Taung Yeit Kho မူရင်းသီချင်းက ဒီမှာပါ။

ပထမ တစ်လ!

ပထမ အစမ်းခန့် တစ်လတော့ပြီးသွားပြီ။ ထူးထူးခြာခြားတော့ ဘားမှမဖြစ်ပါဘူး။ အလုပ်ကလူတွေနဲ့တော့ ရင်းရင်းနီးနီးဖြစ်သွားသလို အလုပ်သဘောကိုလည်း နားလည်သဘောပေါက်သွားတော့ အရင်လို အလုပ်မပြီးတာ မဖြစ်တော့ဘူးပေါ့။ ကိုယ့်ရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ မြန်ဆန်နှုန်းကို သိသလောက်ရှိသွားတော့ အချိန်ဘယ်လောက်ကြာမလဲ၊ ဘာတွေလုပ်စရာရှိလဲဆိုတာ တွေကို တန်းပြောနိုင်သွားတယ်။ အရင်တုန်းကဆို အလုပ်တစ်ခုလာပေးပြီဆို ဘယ်လောက်ကြာမလဲဆိုတာ မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ပထမဆုံးက ဒီအလုပ်က ဘာမှန်း သေချာမသိဘူး၊ ပြီးတော့ ဘယ်လိုလုပ်ရမလဲ သေချာမသိဘူး၊ ဘယ်လောက်ကြာမလဲ ကို မပြောနိုင်ဘူး။ ကိုယ်က ပြောတဲ့အချိန်နည်းသွားရင် သေပြီဘဲ။ ပြောထားတဲ့ ကြာချိန်အတွင်းမှာ ပြီးအောင် အသေလုပ်ပေတော့။ မပြီးရင် ပွစိ ပွစိ လာပြောတာ ခံရပြီဘဲ။ ကိုယ်က ပြောတာ များသွားရင်လည်း မင်းဒီလောက်တောင် ကြာသလား၊ ငါ့ client …

First wEek as a crEative Designer

အလုပ်များနေတာနဲ့ ဘားမှကို ကောင်းကောင်း မလုပ်ဖြစ်ဘူး။ အလုပ် အသစ်မှာ တော်တော်လေး လိုက်လုပ်နေရတယ်။ အလုပ်ဆို Software Development အပိုင်းမဟုတ်ဘဲနဲ့ Design အပိုင်းဖြစ်နေတော့ နားလည်အောင် တော်တော်လေး လိုက်လုပ်ရတယ်။ Code အပိုင်းထက် Design အပိုင်းပိုလုပ်ရတယ်။ Design တော်တော်များများ လုပ်နေရတယ်။ Graphic Design, Web Design, UI Design, Icons, Logos စတာတွေပါ လုပ်ရတော့ ကျွန်တော်လို့ လူသစ်တစ်ယောက်အဖို့ တော်တော်လေး လိုက်လုပ်ရတယ်။ Design အပိုင်းက ရင်းရင်းနီးနီးတော့ရှိပါရဲ့ ဒါပေမယ့် လက်တွေ့အပိုင် အားနည်းတော့ လုပ်တာ ကိုင်တာ နှေးတာပေါ့။ ပြီးတော့ Mac OS X နဲ့ သုံးနေကြမဟုတ်တော့ တော်တော်လေး ဒုက္ခရောက် …

အကောင်းဆုံး အစား အသောက် စာရင်း

ရန်ကုန်ပြန်ရင် ဝါးတီးဖွင့်မယ့်စာရင်း။ ဖေ့ဘွတ်ပေါ်က မလာတာ။ ၁. တရုတ်တန်း ကိုကိုညီညီ ထမင်းကြော်ဆိုင်က ဝက်သားကြော်နဲ့ ချဉ်ပေါင်ကြော် ၂. ၁၅လမ်းထိပ် ကိုဆယ်သန်းဆိုင်က ဝက်သားလုံးယိုးဒယားဟင်းချို ၃. ဆင်မလိုက်လမ်းဆုံက ဝက်သားစပယ်ရှယ်ထမင်းကြော် ၄. လှည်းတန်းဗဟိုလမ်းက ပြည် ဒေါ်ဥထမင်းသုပ်နဲ့ ဆိတ်သားကြော် ဆိတ်သားလုံးကြော် ၅. ဝက်လယ်သမားဟင်း သဘောသီးထောင်း@ ပန်းစွယ်တော် Thai Express ၆. မင်းလမ်းမုန့်တီ က ရေချိုပုဇွန်မီးဖုတ်သုပ် နဲ့ ငရုပ်သီးငါးပိဖျော်…. ၇. မြေနီကုန်း ရှမ်းကုန်းလမ်း သီရိဝဏ်းတား က ယိုးဒယားဝက်သားသုပ် ၈. ဆာ့ခုမ် အမဲလျှာနဲ့အမဲခြောက်ထောင်း ၉. Green Curry Seafood Spaghetti @ Coffee Circle ၁၀. တောင်ဥက္ကလာ အောင်ရတနာဆေးခန်းနားက …

Presentation with PowerPoint slides is too mainstream:D

PowerPoint ဆိုတာ Presentation တွေ အားလုံးနီးပါးမှာ သုံးတဲ့ MS ရဲ့ Software ဆိုတာ လူတိုင်းသိပြီးသားပါ။ လှပတဲ့ ဒီဇိုင်းတွေနဲ့ အမျိုးမျိုး ထွင်ပြီး အသုံးပြုကြပါတယ်။ Presentation  လုပ်တာ ပရိတ်သတ် အာရုံကို ဖမ်းစားနိုင်ဖို့ အတွက် ဒါမှမဟုတ် အထူးအဆန်း တွေစိတ်ကြိုက်လုပ်ဖို့အတွက် ဒါမှမဟုတ် အိုင်တီ ပညာရှင်ဆန်ဆန်လုပ်ဖို့အတွက် ဒါမှမဟုတ် MS Office မသွင်းထားဘဲ နဲ့ Presentation လုပ်ဖို့အတွက် အောက်ကို ဆက်ဖတ်ပေးပါ။ သင့်ကို အထောက် အကူပြုပါလိမ့်မယ်။ HTML CSS JS  ကို အခြေခံလောက်ရှိဖို့တော့လိုပါတယ်။ Chrome Browser မှာဆို ပိုအစဉ်ပြေပါတယ်။ Reveal.js Impress.js Deck.js Google Slides Template …

Myanmar Keyboards for Android and iOS

MMKeyboard ကတော့ Android အတွက် ဖြစ်ပါတယ်။ TTKeyboard ကတော့ iOS အတွက်ဖြစ်ပါတယ်။ Technomation ကနေ အသစ်ထုတ်လိုက်တဲ့ ကီဘုတ်တွေဖြစ်ပြီးတော့ သုံးသူတွေ အကြိုက်တွေ့စေမယ့် Feature တွေ ပါပါတယ်။ Free and Pro ဆိုပြီး နှစ်မျိုးထုပ်လုပ်တာဖြစ်ပါတယ်။ Smart Zawgyi ကီးဘုတ်တွေဖြစ်ပါတယ်လို့ ဆိုပါတယ်။ Smart Zawgyi ဆိုတာကတော့ Zawgyi Keyboard ကို သုံးစွဲသူတွေ လွယ်အောင်လုပ်ထားတဲ့ ကီဘုတ်ဖြစ်ပါတယ်။ ရရစ် တွေအများကြီး ရွေးစရာ မလိုဘဲ တစ်ခုတည်းနဲ့ သူ့အလိုလို စာလုံးကို လိုက်ပြီး ပြောင်းပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဒီလင့် မှာ ဖတ်လို့ရပါတယ်။ ရန်ကုန် မန္တလေး ဖုန်းဆိုင် များမှာ မေးမြန်းဝယ်ယူနိုင်ပါတယ်။ MMKeyboard …

iOS 6.1 Jailbreak

ထွက်လာပါပြီ။ iOS 6.1 အတွက် Jailbreak ပါ ဒီလင့်မှာ Evasi0n jailbreak tool ကို ဒေါင် လိုက်ပါ။ ပြီးရင်တော့ ဒီမှာ iOS 6.1 ကို ဒေါင်းလိုက်ပါ။ ဖုန်းကို လော့မချထားပါနဲ့။ Password ခံထားတယ်ဆိုရင် ပြန်ဖြုတ်လိုက်ပါ။ (Settings –> General –> Passcode Lock –> Off) iTunes နဲ့ Xcode ကိုလည်း ပိတ်ထားပေဖို့ မမေ့ပါနဲ့။ ပြီးရင်တော့ စလို့ရပါပြီ။ Evasi0n ကို run လိုက်ပါ။ နောက်ပြီးရင် ဖုန်းကို computer နဲ့ ဆက်လိုက်ပါ။ Lightning cable(usb) နဲ့ပါ။ ပြီးရင်တော့ jailbreak နှိပ်ပြီး …

No more RIM, Only BlackBerry

RIM ရဲ့ CEO Thorsten Heins က ဒီနေ့ဘဲ RIM (Research in Motion) ကို BlackBerry လို့ဘဲ ပြောင်းလဲပြီး နောက်ပိုင်း ဆက်လုပ်သွားတော့မယ်လို့ ပြောသွားပါတယ်။ ​”One brand. One promise” ဆိုပြီးတော့ ပြောသွားပါတယ်လို့ Engadget မှာရေးထားပါတယ်။ နောက်တစ်ခုကတော့ BB10 အကြောင်းဖြစ်ပါတယ်။ ကျွန်တော် BB ကို ကြိုက်တာကြာပါပြီ၊ အရင်ဖုန်းတွေက အရမ်းလူကြီးဆန်ပြီး screen သေးလို့ မသုံးဖြစ်ခဲ့ပါဘူး။ အခုလည်း ကျွန်တော် ဝင်းဒိုးဖုန်းကို ကိုင်ပြီး ၁ ပတ်လောက်မှာ အားနည်းချက်တော်တော်များများ တွေ့လိုက်ပါတယ်။ အထူးသဖြင့် ဖုန်းက အရမ်းပူနေတာပါဘဲ။ အဲ့ဒါကို service center သွားပြဖို့ မအားသေးတာနဲ့ မပြဘဲ …

Phone changed

တစ်ပတ်လောက်တော့ရှိပြီ ကျွန်တော် ဝင်းဒိုးဖုန်း ကိုင်နေတာ။ Nokia Lumia 920 ပါ။ စကိုင်တုန်းက တော်တော်လေး ကြောင်တောင်တောင်ဖြစ်တယ်။ အရင်တုန်းက Android နဲ့ iOS ဘဲကိုင်ဖူးတော့ WP ကို တော်တော်လေး အကျင့်ပါအောင် လုပ်ရတယ်။ အထူးသဖြင့် ကတော့ UI အပိုင်း အပြောင်းအလဲကြောင့် လုပ်ရကိုင်ရတာ နှေးတာပေါ့။ Metro UI ကမဆိုးဘူးလို့တော့ပြောလို့ရတယ်။ အားနည်းတာကတော့ Customize လုပ်လို့ များများစားစားမရတာပါဘဲ။ နောက်တစ်ခုက App ပိုင်း တော်တော်လေးအားနည်းတယ်လို့ပြောရမယ်။ ပိန်းတိန်းတိန်း App တွေအများကြီး၊ ကျွန်တော်တို့ ကျောင်းမှာ လုပ်တဲ့ ပုံမှန် နေ့စဉ် ပရောဂျက် အဆင့်လောက်တွေ အများကြီး။ တော်တော်များများက mobile web view ပုံစံတွေကို …