ပထမ တစ်လ!

Name Cardပထမ အစမ်းခန့် တစ်လတော့ပြီးသွားပြီ။ ထူးထူးခြာခြားတော့ ဘားမှမဖြစ်ပါဘူး။ အလုပ်ကလူတွေနဲ့တော့ ရင်းရင်းနီးနီးဖြစ်သွားသလို အလုပ်သဘောကိုလည်း နားလည်သဘောပေါက်သွားတော့ အရင်လို အလုပ်မပြီးတာ မဖြစ်တော့ဘူးပေါ့။ ကိုယ့်ရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ မြန်ဆန်နှုန်းကို သိသလောက်ရှိသွားတော့ အချိန်ဘယ်လောက်ကြာမလဲ၊ ဘာတွေလုပ်စရာရှိလဲဆိုတာ တွေကို တန်းပြောနိုင်သွားတယ်။ အရင်တုန်းကဆို အလုပ်တစ်ခုလာပေးပြီဆို ဘယ်လောက်ကြာမလဲဆိုတာ မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ပထမဆုံးက ဒီအလုပ်က ဘာမှန်း သေချာမသိဘူး၊ ပြီးတော့ ဘယ်လိုလုပ်ရမလဲ သေချာမသိဘူး၊ ဘယ်လောက်ကြာမလဲ ကို မပြောနိုင်ဘူး။ ကိုယ်က ပြောတဲ့အချိန်နည်းသွားရင် သေပြီဘဲ။ ပြောထားတဲ့ ကြာချိန်အတွင်းမှာ ပြီးအောင် အသေလုပ်ပေတော့။ မပြီးရင် ပွစိ ပွစိ လာပြောတာ ခံရပြီဘဲ။ ကိုယ်က ပြောတာ များသွားရင်လည်း မင်းဒီလောက်တောင် ကြာသလား၊ ငါ့ client ကစောင့်နေပြီ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောပြန်ရော။ အခုနောက်ပိုင်းတော့ အဲ့နှစ်ခုကို သေချာ ချိန်တွယ်တတ်လာပြီ။

နောက်တစ်ခုက ပြန်ပြင်ပေးရတာ။ amendment ပေါ့။ အချို့ အလုပ်တွေက တစ်ခါနဲ့ပြီးသလို အချို့ကြတော့ client က မကြိုက်ရင် ပြန်ပြင်ပေးရတာ အလုပ်တစ်မျိုးရှုပ်တယ်ဗျ။ အဲ့လိုဖြစ်တတ်တာက နှစ်ပိုင်းရှိတယ်။ ပထမကတော့ Sales ကလူတွေက client နဲ့ စကားပြောတာ သေချာမပြောတော့ သူတို့ ကျွန်တော်တို့ကို ပြန်ပြီးပြောပြတဲ့ ဒီဇိုင်းတွေက အနည်းငယ် မှာသွားတာ၊ အိုင်ဒီယာ လွဲသွားတာတွေ ဖြစ်ကုန်ရော၊ အဲ့လိုမျိုးဆိုရင်တော့ ကျွန်တော်တို့က နည်းနည်း ပွစိပွစိ လုပ်လို့ရတယ်။ အဲ့လိုမဟုတ်ဘဲ ကျွန်တော်ဆွဲပေးလိုက်တဲ့ UI design က မှားပြီဆိုရင်တော့ ကျွန်တော်တို့ နားငြီးပြီပေါ့ဗျာ။ အလုပ်ကတော့ ဘယ်လိုမှားမှား client လက်မခံဘူးဆိုရင် အလုပ်ရှုပ်တာပါဘဲ။ sales closed ဖြစ်သွားပြီဆိုရင်တော့ အကြိုက်ဆုံးပေါ့ဗျာ။

ကျွန်တော်က ဒီဇိုင်းကို သေသေချာချာ မသင်ဖူးဘူး။ အခြေခံလောက်ဘဲ သင်ခဲ့ဖူးတယ်။ သဘောတရားလောက်ဘဲ သိတယ်လို့ပြောရမယ်။ လေ့လာမှုအားနည်းတာလဲ ပါတယ်ဗျ။ အလုပ်မှာ တော်တော်လေး စဉ်းစားရခက်တယ်။ ကံကောင်းလို့ ဒီဇိုင်းအပိုင်းကို အဓိက အလုပ်ခိုင်းသေးလို့ပေါ့။ graphic design ကို လုပ်တဲ့ အခြားတစ်ယောက်ရှိသေးတော့ တော်တော်များများ သူနဲ့ပြီးတယ်။ ဒါပေမယ့် web-design, UI/UX design တွေဆိုရင်တော့ မရတော့ဘူး ကျွန်တော့ကို ခိုင်းပြီဘဲ။ ပိုဆိုးတာက ဒီဇိုင်းလုပ်တာနဲ့ မပြီးသေးဘူး၊ develop ပါလုပ်ခိုင်းတယ်။ အရင်တုန်းကတော့ outsourcing လုပ်တာများတယ်။ freelancer တွေကို ခေါ်ပြီး လုပ်ခိုင်းတယ်၊ ကျွန်တော်လို့က သူတို့နဲ့ စကားပြော ပြီး project ကို အချိန်ဘယ်လောက်ကြာမယ်၊ ဘယ်လောက် ကုန်မယ် စတာတွေတွက်ပေးပြီး timeline ဆွဲပေးလိုက်ရင် ပြီးသွားတယ်။ အခုကတော့ project ကို in-house လုပ်မယ်လို့ပြောနေလို့ ကျွန်တော် လုပ်ရဖို့ ၁၀၀% လောက်သေချာနေပြီ။ ဘာလို့လဲဆိုတော့ senior တစ်ယောက်က graphic design အပိုင်းကိုဘဲ သူလုပ်နိုင်မယ်၊ programming အပိုင်းကို လုပ်ရင် သူ့ရဲ့ creativity ကျသွားမယ်တဲ့။ “My brain can’t work both sides” ဆိုပြီး ပြောထားတော့ ကျွန်တော် တစ်ယောက်တည်း လုပ်ရတော့မှာပေါ့။
Name Card
Website အပိုင်းကတော့ ကျွန်တော် ကောင်းကောင်း လုပ်နိုင်ပါတယ်။ ဒီဇိုင်းရော၊ ကုဒ်ရော ရေးပေးရမှာပေါ့။ အချိန်ကိုတော့ အနည်းဆုံး ၂ လကနေ ၃ လလောက်တော့ယူရမယ်လို့ပြောထားတယ်။ April စမှာဆိုတော့ နောက်တစ်ပတ်ဆို ဒီဇိုင်းစဆွဲပြီး တင်ပေးရတော့မယ်။ brand book ကိုကြည့်ပြီးတော့ လိုအပ်တဲ့ အရောင်စဉ်တွေကိုတော့ စဉ်းစားလို့ပြီးပြီ။ ဒီဇိုင်းကိုတော့ သူပေးတဲ့ contents ကိုကြည့်ပြီးမှဘဲ စပြီ:​ဆွဲနိုင်မယ်ထင်တယ်။ Cloud server ဝယ်ပြီး လုပ်မယ်လို့ စဉ်းစားထားတယ်။ Rackspace မှာတော့ လောလောဆယ် Ubuntu တင်ထားတယ်။ ကောင်းကောင်း မလုပ်တတ်သေးလို့ လေ့လာနေရတယ်။ ဖြစ်နိုင်ရင်တော့ သူတို့ကို သေချာမေးပြီး နောက်ပိုင်း ဆိုဒ်တွေကို cloud server သုံးခိုင်းရမယ်။ နည်းနည်း ပိုဈေးကြီ:တယ်ဆိုပေမယ်။ အားသာချက်တွေအများကြီးရှိနေတယ်ဆိုတာ သိအောင်ပြောပြရမှာပေါ့။ အခုတော့ ကျွန်တော် Rackspace နဲ့နှစ်ပါးသွားနေရတာ ၁ပတ်လောက်ရှိသွားပြီ။ ကိုယ့်ဘက်က သေချာ ကောင်းကောင်း လုပ်တတ်ပြီဆိုမှ ဆိုဒ်အားလုံးကို ပြောင်းဖို့ပြောတော့မယ်။ အခုတော့ ကိုယ့် project မှာဘဲ စမ်းပြီးသုံးကြည့်တော့မယ်။

ရေးတာများသွားပြီ။ ဒီမှာဘဲရပ်လိုက်တော့မယ်။ နောက်မှဘဲ Rackspace configure လုပ်ခဲ့တဲ့ အတွေ့အကြုံလေးတွေ ရှယ်တော့မယ်။

Working Place

Working Place