အိုင်တီကိုကို

I am just what I am! Code Ninga, Design Maker and Creative Worker. Gadgets Lover!

Now What???

အလုပ်ရှာရတာ ထင်သလောက် မလွယ်မှန်း ကိုယ်တို်င် ရှာကြည့်တော့မှ သိတယ်။ စင်္ကာပူမှာ ကျောင်းပြီးရင် အလုပ်လွယ်လွယ် ရတယ်ဆိုတာ ခေတ်ကုန်သွားပြီလို့ ဆိုရမယ်။ အစိုးရကျောင်းပြီးပြီး၊ အပြင်ကျောင်းပြီးပြီး ရှာရတာ ခက်တာဘဲ။ အရင်တုန်းကလို ကျောင်းပြီးတာနဲ့ အလုပ်ဆိုတာ မရှိတော့ပါဘူး။ PR ဆိုတာ လည်း ပေးတယ်လို့ မကြားမိတော့ဘူး။ ကျွန်တော်တို့လည်း မရပါဘူး။ Republic Polytechnic မှာကျောင်းပြီးခါနီး ငါဘာတွေသိခဲ့လည်း ကျောင်းက ငါ့ကို ဘာတွေသင်ပေးခဲလဲဆိုတာ ပြန်တွေးကြည့်မိရင် အလုပ်ရှာရမှာ ရင်လေးတယ်။ အတွေ့အကြုံရှိမှ အလုပ်ရှာရတာလွယ်တယ်။ PR ဖြစ်မှ လွယ်တယ်။ မျိုးစံုပြောကြတာပေါ့၊ တကယ်က ကိုယ့်မှာ အရည်အချင်းတကယ် ပြည့်စံုတယ်ဆို ရှာရတာ လွယ်ပါတယ်။ စင်္ကာပူနိုင်ငံသားတိုင်း အလုပ်လွယ်လွယ် မရကြပါဘူး။ အရည်အချင်းရှိတဲ့ သူတိုင်း အလုပ်ရကြပါတယ်။ …

HTC Myanmar Sar

HTC ဆိုဒ်မှာ မြန်မာဘာသာနဲ့ official ဆိုဒ်တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ လွန်ခဲ့သော နှစ်က HTC ရဲ့ CEO Peter Chou မြန်မာနိုင်ငံကို လာပြီး ပြောင်းလဲလာတဲ့ မြန်မာ မိုဘိုင်းလောက အခြေအနေပါ။ လွယ်လွယ်ပြောရရင်တော့ ကောင်းမွန်တဲ့ ပြောင်းလဲမှုတစ်ခုပေါ့။ ကျွန်တော်တို့တွေ မြန်မာလို ဖတ်လို့ရတယ်လေ။ နောက်ပြီး ဖုန်းမှာလည်း built-in မြန်မာစာတွေ၊ ကီးဘုတ်တွေ ထည့်ပေးမယ်လို့ ကြားနေရတယ်။ SanMyanmar နှင့် ပူးပေါင်းပြီး လုပ်ကိုင်မယ်လို့ ကြားသိရတယ်။ ဒါလည်းကောင်းတာပါဘဲ။ မြန်မာနိုင်ငံက အသုံးပြုသူတွေအတွက် ကြီးမားတဲ့ တိုးတတ်မှုကြီးပေါ့။ မြန်မာစာမြင်ရဖို့ root လုပ်စရာမလိုတော့ဘူး။ ဆိုင်သွားပြီး အကိုရေ ဖောင့်သွင်းပေးပါ ပြောစရာမလိုတော့ဘူး။ developer တွေလည်း အချိန်ကုန်ခံပြီး ကီးဘုတ်တွေ၊ root လုပ်နည်းတွေ …

Windows Live Messenger (WLM) would be turned off by March 2013

မြန်မာနိုင်ငံက တော်တော်များများကတော့ Google Talk နဲ့ တော်တော်လေး ရင်းနှီးပါတယ်။ စင်္ကာပူလို နိုင်ငံမှာတော့ Microsoft Live Messenger ကို တော်တော်များများ သုံးကြတယ်။ အခုတော့ Microsoft က ၂၀၁၃ ကျရင် သူ့ရဲ့ Messenger ကို ပိတ်တော့မယ်လို့ ပြောထားပါတယ်။ သူဝယ်ထားတဲ့ Skype ကို အားလုံးပြောင်းသုံးဖို့ ပြောထားပါတယ်။ Skype ကလည်း တော်တော်လေး ကောင်းတဲ့ App ဖြစ်နေပါပြီ။ နောက်ပြီး contact အားလုံးကို Skype မှာသုံးလို့ရအောင် လုပ်ပေးမယ်လို့လည်း ဆိုထားပါတယ်။ အဓိက ပြောင်းရတဲ့ အကြောင်းကတော့ သုံးသူတွေ လျော့ကျလာတာက တစ်ကြောင်း၊ Messenger က Microsoft ရဲ့ product တွေဖြစ်တဲ့ …

အလုပ်များခြင်းရဲ့ အစ.. −င်ယားခြင်းက

အခုရက်ပိုင်း တော်တော်လေး အလုပ်ရှုပ်တယ်လို့ ပြောရမယ်။ ကျောင်းပြီ:ခါနီးဆိုတော့ ပိုပြီး အလုပ်ရှုပ်တာပေါ့။ ပထမဆုံးကတော့ နောက်ဆုံးနှစ် ပရောဂျက် လုပ်နေရတယ်။ admin pages for map, location, text,photo and video uploading and auto converting on server, android app, web-services for android, API token, API security စတဲ့ အပိုင်းတွေကို လုပ်ရတာပါ။ အစကတော့ အေးဆေးပြီးမယ်ထင်ထားတာ အခု due date နားကပ်လာတော့မှ ဘားမှ ကောင်းကောင်း မပြီးသေးဘူးဆိုတာ သိပြီး လန့် လန့် လာတယ်။ နောက်တစ်ခုကတော့ အပြင်ကနေ ပရောဂျက် တစ်ခုရတာနဲ့ယူပြီးလုပ်လိုက်တယ်။ eCommerce …

Ubuntu for phones

CES 2013 မှာ Ubuntu Phone ကို စတင် မိတ်ဆက်တော့မှာဖြစ်ပါတယ်။ မိုဘိုင်းလောက ကို ဝင်လာတဲ့ Ubuntu က Native Ap နဲ့ Web App နှစ်ခုလုံးကို Support လုပ်မယ်လို့ ပြောသွားပါတယ်။ Native App ကိုတော့ Ubuntu QML နဲ့ရေးလို့ရမှာဖြစ်ပြီး၊ Web App ကိုတော့ HTML5 နဲ့ရေးလို့ရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဒီလင့် မှာ ဖတ်လို့ရပါတယ်။ ဒီဇိုင်းကတော့ Ubuntu Desktop ပုံစံ ဖြစ်ပါတယ်။ Screen ရဲ့ လေးဖတ် လုံးကို Swipe လုပ်ရင် လိုအပ်တဲ့ App, Setting တွေကို ကြည့်လို့ရမှာဖြစ်ပါတယ်။ ဘယ်ဘက် …

Girls’ Generation 소녀시대_I GOT A BOY_Music Video

ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်တော် ကြိုက်လို့တင်တယ်။ ဟဲဟဲ/ နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေဗျာ။ အားလုံး မင်္ဂလာပါ။

X-Mas 2012 (Nothing Special For Me)

[pullquote]ကျွန်တော်လိုချင်တာတွေကတော့….. မပြောချင်တော့ပါဘူးဗျာ။ ခရစ္စမတ်မှာ အားလုံး ပျော်ရွှင်နိုင်ပါစေ။[/pullquote] ခရစ္စမတ် – မြန်မာ့စွယ်စုံကျမ်း Credit : DSLR Cinematography

Facebook Photo Syncing

Facebook ကနေ အသစ်တစ်ခုဖြစ်တဲ့ Photo Syncing Feature တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ Android and iOS နှစ်မျိုးလုံးအတွက် သုံးလို့ရပါတယ်။ ကိုယ်ရိုက်ထားတဲ့ ဖုန်းထဲက ပုံတွေကို အလိုလို ဖေ့ဘွတ်ထဲ ရောက်အောင် လုပ်ပေးထားတာဖြစ်ပါတယ်၊ အရင်ဆုံး ကိုယ့်ရဲ့ private ဖြစ်ပြီးတော့ ကိုယ် share လိုက်မှာ အများကြည့်လို့ရမှာဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် အဲ့ feature က Google+ မှာပါပြီးသားပါ။ သုံးလို့ အဆင်ပြေသလို အသုံးလည်းဝင်ပါတယ်။ အခုတော့ Facebook မှာပါ ရပြီဆိုတော့ Photo တွေတင်လို့ ကောင်းကျတော့မှာဖြစ်ပါတယ်။ သတိထားရမှာကတော့ setting မှာ ပုံတွေကို Snyc over wifi and cellular or wifi …

PHP ရဲ့ ချစ်ပုံပြင်

PHP ရဲ့ ချစ်ပုံပြင် ================= ဟိုရှေးရှေးတုန်းက Web Development ဆိုတဲ့ တိုင်းပြည်ကြီးမှာ server side script ဆိုတဲ့ ဘုရင်ကြီး အုပ်စိုးပါတယ်။ အဲဒီဘုရင်ကြီးမှာ asp, perl, jsp စတဲ့ သားတော်တွေအများကြီးရှိပါတယ်။ တစ်ရက်မှာ နောက်ထပ်သားတော်လေး တစ်ပါဖွားမြင်လာပါတယ်။ အဲဒီသားတော်လေး နာမည်က တော့ PHP လို့ခေါ်ပါတယ်။ အဲဒီ web development တိုင်းပြည်ကြီးမှာနေထိုင်တဲ့ ပြည်သူတွေထဲမှာ data အချမ်းသာဆုံး သူဠေးကြီးတစ်ယောက် ရှိပါတယ်။ အဲဒီသူဠေးရဲ့ နာမည် က တော့ ဦး RDBMS လို့ အမည်တွင်ပါတယ်။ အဲဒီသူဠေးကြီးဟာ ပိုက်ဆံချမ်းသာတာနဲ့ အမျှ မိန်းမတွေလဲ အများကြီးယူထားပါတယ်။ အဲဒီလိုအများကြီး ယူထားတာနဲ့ အမျှ သားသမီးတွေလဲ …