Month: March 2013

ပထမ တစ်လ!

ပထမ အစမ်းခန့် တစ်လတော့ပြီးသွားပြီ။ ထူးထူးခြာခြားတော့ ဘားမှမဖြစ်ပါဘူး။ အလုပ်ကလူတွေနဲ့တော့ ရင်းရင်းနီးနီးဖြစ်သွားသလို အလုပ်သဘောကိုလည်း နားလည်သဘောပေါက်သွားတော့ အရင်လို အလုပ်မပြီးတာ မဖြစ်တော့ဘူးပေါ့။ ကိုယ့်ရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ မြန်ဆန်နှုန်းကို သိသလောက်ရှိသွားတော့ အချိန်ဘယ်လောက်ကြာမလဲ၊ ဘာတွေလုပ်စရာရှိလဲဆိုတာ တွေကို တန်းပြောနိုင်သွားတယ်။ အရင်တုန်းကဆို အလုပ်တစ်ခုလာပေးပြီဆို ဘယ်လောက်ကြာမလဲဆိုတာ မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ပထမဆုံးက ဒီအလုပ်က ဘာမှန်း သေချာမသိဘူး၊ ပြီးတော့ ဘယ်လိုလုပ်ရမလဲ သေချာမသိဘူး၊ ဘယ်လောက်ကြာမလဲ ကို မပြောနိုင်ဘူး။ ကိုယ်က ပြောတဲ့အချိန်နည်းသွားရင် သေပြီဘဲ။ ပြောထားတဲ့ ကြာချိန်အတွင်းမှာ ပြီးအောင် အသေလုပ်ပေတော့။ မပြီးရင် ပွစိ ပွစိ လာပြောတာ ခံရပြီဘဲ။ ကိုယ်က ပြောတာ များသွားရင်လည်း မင်းဒီလောက်တောင် ကြာသလား၊ ငါ့ client …

First wEek as a crEative Designer

အလုပ်များနေတာနဲ့ ဘားမှကို ကောင်းကောင်း မလုပ်ဖြစ်ဘူး။ အလုပ် အသစ်မှာ တော်တော်လေး လိုက်လုပ်နေရတယ်။ အလုပ်ဆို Software Development အပိုင်းမဟုတ်ဘဲနဲ့ Design အပိုင်းဖြစ်နေတော့ နားလည်အောင် တော်တော်လေး လိုက်လုပ်ရတယ်။ Code အပိုင်းထက် Design အပိုင်းပိုလုပ်ရတယ်။ Design တော်တော်များများ လုပ်နေရတယ်။ Graphic Design, Web Design, UI Design, Icons, Logos စတာတွေပါ လုပ်ရတော့ ကျွန်တော်လို့ လူသစ်တစ်ယောက်အဖို့ တော်တော်လေး လိုက်လုပ်ရတယ်။ Design အပိုင်းက ရင်းရင်းနီးနီးတော့ရှိပါရဲ့ ဒါပေမယ့် လက်တွေ့အပိုင် အားနည်းတော့ လုပ်တာ ကိုင်တာ နှေးတာပေါ့။ ပြီးတော့ Mac OS X နဲ့ သုံးနေကြမဟုတ်တော့ တော်တော်လေး ဒုက္ခရောက် …

အကောင်းဆုံး အစား အသောက် စာရင်း

ရန်ကုန်ပြန်ရင် ဝါးတီးဖွင့်မယ့်စာရင်း။ ဖေ့ဘွတ်ပေါ်က မလာတာ။ ၁. တရုတ်တန်း ကိုကိုညီညီ ထမင်းကြော်ဆိုင်က ဝက်သားကြော်နဲ့ ချဉ်ပေါင်ကြော် ၂. ၁၅လမ်းထိပ် ကိုဆယ်သန်းဆိုင်က ဝက်သားလုံးယိုးဒယားဟင်းချို ၃. ဆင်မလိုက်လမ်းဆုံက ဝက်သားစပယ်ရှယ်ထမင်းကြော် ၄. လှည်းတန်းဗဟိုလမ်းက ပြည် ဒေါ်ဥထမင်းသုပ်နဲ့ ဆိတ်သားကြော် ဆိတ်သားလုံးကြော် ၅. ဝက်လယ်သမားဟင်း သဘောသီးထောင်း@ ပန်းစွယ်တော် Thai Express ၆. မင်းလမ်းမုန့်တီ က ရေချိုပုဇွန်မီးဖုတ်သုပ် နဲ့ ငရုပ်သီးငါးပိဖျော်…. ၇. မြေနီကုန်း ရှမ်းကုန်းလမ်း သီရိဝဏ်းတား က ယိုးဒယားဝက်သားသုပ် ၈. ဆာ့ခုမ် အမဲလျှာနဲ့အမဲခြောက်ထောင်း ၉. Green Curry Seafood Spaghetti @ Coffee Circle ၁၀. တောင်ဥက္ကလာ အောင်ရတနာဆေးခန်းနားက …