RIM ရဲ့ CEO Thorsten Heins က ဒီနေ့ဘဲ RIM (Research in Motion) ကို BlackBerry လို့ဘဲ ပြောင်းလဲပြီး နောက်ပိုင်း ဆက်လုပ်သွားတော့မယ်လို့ ပြောသွားပါတယ်။ ”One brand. One promise” ဆိုပြီးတော့ ပြောသွားပါတယ်လို့ Engadget မှာရေးထားပါတယ်။
နောက်တစ်ခုကတော့ BB10 အကြောင်းဖြစ်ပါတယ်။ ကျွန်တော် BB ကို ကြိုက်တာကြာပါပြီ၊ အရင်ဖုန်းတွေက အရမ်းလူကြီးဆန်ပြီး screen သေးလို့ မသုံးဖြစ်ခဲ့ပါဘူး။ အခုလည်း ကျွန်တော် ဝင်းဒိုးဖုန်းကို ကိုင်ပြီး ၁ ပတ်လောက်မှာ အားနည်းချက်တော်တော်များများ တွေ့လိုက်ပါတယ်။ အထူးသဖြင့် ဖုန်းက အရမ်းပူနေတာပါဘဲ။ အဲ့ဒါကို service center သွားပြဖို့ မအားသေးတာနဲ့ မပြဘဲ ဆက်ပြီးသုံးနေတယ်။ ထားလိုက်ပါတော့ အခုပြောမှာက WP8 မဟုတ်ဘူး BB10 ကြောင်းပါ။ တော်တော်လေးကောင်းတယ်လို့ ရေးထားကြပါတယ်။ ဘာတွေဘယ်လိုကောင်းတယ်ဆိုတာတော့ အောက်က Video ကိုသာကြည့်ပြီး ဆုံးဖြတ်ကြပါတော့… Video ကတော့ BB10 ရဲ့နောက်ထွက်လာမည့် ဖုန်းအသစ် ကြောင်းဖြစ်ပါတယ်။
Ref:
http://www.theverge.com/2013/1/30/3929760/blackberry-z10-review