Currently Browsing
Photography
မအားတဲ့ကြားကနေ Pic & Me | Portfolio
ကျွန်တော်ဘားစားမှမရေးဖြစ်သလို ဘားမှလဲကောင်းကောင်းမလုပ်ဖြစ်ဘူး။ မအားဘူး။ မအားဘူးနဲ့ လုပ်ရမယ့်အလုပ်တွေ အများကြီးဖြစ်ဖြစ်လားတယ်။ မီးပူတိုက်တာကအစ အခန်းရှင်းတာ အားလုံး ဘားတစ်ခုမှ ကောင်းကောင်းမလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်ထဲမှာ တော်တော်လေး အလုပ်ရှုပ်တယ်။ ကျောင်းမှာ ဟိုပွဲဝင်ပြိုင် ဒီပွဲဝင်ပြိုင်လုပ်နေလို့ ကျန်တာတွေ ဘားမှမလုပ်ဖြစ်ခဲ့ဘူး။ အဲ့ဒါတစ်ခုတည်းကြောင့်လားဆိုတော့ ဘားမှမဆိုင်ဘူး။ လုပ်ချင်စိတ်မရှိလို့ မလုပ်ဖြစ်ဘူးလို့ဘဲထင်တယ်။ မအားလို့ အလုပ်ရှုပ်နေလို့ဆိုတာတွေက နာမည်တတ်ထားတာတွေလို့ထင်တာဘဲ။ အခုတော့ ကျောင်းပြီးပြီ။ ပြိုင်ပွဲတွေလည်းပြီးပြီဆိုတော့ ဘာလုပ်ရင်ကောင်းမလဲဆိုတော့ ကျေင်းအားရက်တွေမှာ ပိုက်ဆံလေးဘာလေး ရအောင်လို့ အလုပ်ပေးလိုက်မိပါတယ်။ ကျောင်းစပိတ်ကတည်းက လုံးလုံး မနားရသေးဘူး။ ဘာဘဲဖြစ်ဖြစ် ပိုက်ဆံရရင်ပြီးရောဆိုပြီး အားတင်းပြီးလုပ်တာ အခုဆိုရင် ၇ရက်ကျော်သွားပြီ။ ဒီနေ့ကတော့ တော်တော်လေး ပင်ပန်းတယ်။ ဘာလို့လဲဆိုတော့ မနေ့တုန်းက စိတ်တော်တော်တိုခဲ့ရတယ်။ ခေါင်းမူးတာကလည်းအရမ်းဘဲဆိုတော့ အလုပ်မှာတော်တော် […]
Best Photographic Composition Techniques Part #3
အပိုင်း ၁ Rule of Thirds နှင့် အပိုင်း ၂ Active Space ကို ရေးပြီးပါပြီ။ Framing Your Shots ကျွန်တော်လည်း Project ကိစ္စရှုပ်နေတာနဲ့ ဓါတ်ပုံတောင် ကောင်းကောင်း မရိုက်ဖြစ်သလို ရေးလည်း မရေးနိုင်ဘူး။ ဒီနေ့တော့ ရေးလက်စနဲ့ ပြီးအောင် ဆက်ရေးလိုက်တယ်။ ဒီ အပိုင်း ၃ မှာတော့ ကျွန်တော် Framing အကြောင်းကို သိသလောက် ရေးချင်ပါတယ်။ Framing လုပ်တယ်ဆိုတာက ကိုယ်ပြချင်တဲ့ အရာတစ်ခုကို ကြည့်တဲ့သူတွေ မြင်သာအောင် ဓါတ်ပုံထဲမှာ ပေါလွင်အောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကိုယ်မပြချင်တဲ့ အရာတွေကို ဖုံးထားပြီး၊ […]
Pic & Me
ကျွန်တော် Photography Site ကို ဒီရက်ပိုင်း အတွင်းအပြီးလုပ်ချင်တာနဲ့ ဆက်တိုက်လုပ်လိုက်တာ အခုဆိုရင် ၈၀% လောက်ပြီးသွားပါပြီ။ ကိုယ်တိုင် Theme ကိုမရေးနိုင်တာကတစ်ကြောင်း၊ အချိန်အပေးနိုင်တာကြောင့်တစ်ကြောင်း ကျွန်တော် Modify လုပ်ပြီးတင်ဘဲ လုပ်ထားပါတယ်။ Responsive ကိုကြိုက်တာကြောင့်လဲပါတယ် ပြီးတော့ scroll ကိုသုံးချင်တာကြောင့် ကျွန်တော် Zig Zag ကို သုံးလိုက်ပါတယ်။ Portfolio လုပ်ချင်တာနဲ့ အတော်ဖြစ်သွားတယ်။ တော်တော်လေးမိုက်တယ်ဗျ။ ဘားမှ ထွေထွေထူးထူး လုပ်စရာမလိုဘူး။ ကျွန်တော် Pic & Me မှာ မြန်မာလို မရေးဘူးဆိုတော့ ယူနီကုဒ် တွေဘာတွေ ဘားမှ စိတ်ပူစရာမလိုဘူးပေါ့။ ကျွန်တော် Google Web Font […]
Pic & Me (Site under Construction!)
ကျွန်တော် ဓာတ်ပုံ ဆိုဒ်တစ်ခုကို မြန်မာ နှစ်ဆန်းတစ်ရက်နေ့မှာ စတင်ဝင်လို့ ရတော့မှာ ဖြစ်ပါတယ်။ ဆိုဒ်နာမည်ကိုတော့ Pic & Me (www.picandme.me) ဆိုပြီး Domain တစ်ခုဝယ်ထားပြီးပါပြီ။ WordPress မှာဘဲတင်ဖို့များပါတယ်။ လောလောဆယ်တော့ ဘယ်လိုပုံစံမျိုး လုပ်ရမလဲဆိုတာ မစဉ်းစားရသေးလို့ WP-Countdown Theme တစ်ခုကို တင်ထားပါတယ်။ အခုတော့ စာမေးပွဲရှိတာရော၊ မအားတာရော ကြောင့် Theme ကို ကောင်းကောင်းမလုပ်ဖြစ်သေးဘူး။ ကြိုးစားပြီး ရေးကြည့်မယ်၊ စိတ်တိုင်းမကျရင်တော့ သူများရေးထားတာကို Modify ပြန်လုပ်ရမှာပေါ့။ Photography Site ဆိုတော့ Gallery ကိုကောင်းကောင်းလေး လုပ်ချင်တယ်။ Portfolio ပုံစံမျိုးလုပ်ချင်တယ်။ လောလောဆယ်တော့ Localhost မှာတင်ပြီး […]
Best Photographic Composition Techniques Part #2
အပိုင်း ၁ Rule of Thirds ကို ရေးပြီးပါပြီ။ Active Space အခုနောက်တစ်ခုကတော့ သွားလာ လှုပ်ရှားနေတဲ့ အရာတွေကို ရိုက်တဲ့အခါမှာ သိထားသင့်တဲ့ အယူအဆလေးတစ်ခုဖြစ်တဲ့ Active Space ကိုပြောချင်ပါတယ်။ ရိုးရိုး ပုံတွေမှာဆို ကိုရိုက်ချင်တဲ့ အရာကို rule of thirds နဲ့ချိန်ပြီး ရိုက်လို့ရပေမယ့် ပြေးနေတဲ့ပုံ၊ သွားနေတဲ့ မော်တော်ကား၊ စတဲ့ ရွေ့နေတဲ့ အရာတွေကို ရိုက်ပြီဆိုရင်တော့ Active Space ကို သိထားဖို့လိုပါပြီ။ Active Space ဆိုတာကတော့ ကိုယ်ရိုက်မယ့် အရာက ရွေ့နေတယ်ဆိုရင် ရွေ့နေတဲ့ လမ်းကြောင်းကို မူတည်ပြီ နေရာလပ် ချန်ထားဖို့ကို […]
Best Photographic Composition Techniques Part #1
ကျွန်တော် အခုတလော Photo ရိုက်ဖြစ်တယ်။ မရိုက်တာကြာလို့ ပြန်ရိုက်တာ။ သူငယ်ချင်းအဖော်တွေလည်း ပါတော့ ပျော်ပျော်ကြီး ရိုက်ဖြစ်တာပေါ့။ ကျွန် အရင်တုန်းက ရေးခဲ့ဖူးတဲ့ Composition Methods တွေက ပြန်ရှာပြီး ဖတ်လို့မရတော့လို့ အခုမြန်မာလို ပြန်ပြီးရေးလိုက်တာပါ။ ကျွန်တော် Composition Methods အားလုံးကို မရေးတော့ဘူး။ အဓိကကျတဲ့ ဟာတွေကိုဘဲ ရေးပါ့မယ်။ Rule of Thirds အရေးကြီးဆုံးဖြစ်တဲ့ Rule of Thirds ကို အရင်ပြောချင်ပါတယ်။ ပုံရိုက်တဲ့အခါမှာ အမြဲတမ်းကို ရိုက်ချင်တဲ့ အရာ(အဓိက ရိုက်ချင်တဲ့အရာ) ကို ပုံရဲ့ အလယ်မှာ ထားပြီးရိက်ဖို့ မလိုပါဘူး။ အလယ်မှာမထားဘဲနဲ့ ဘေးနားမှာထားပြီး ရိုက်တာဟာ […]
Flickr Vs 500px
ကျွန်တော် ဓာတ်ပုံစရိုက်တော့ ရိုက်ပြီးသား ပုံလေးတွေကို Facebook မှာတင်ပြီး သူငယ်ချင်းတွေကို ပြတာပေါ့။ Facebook က Social network site ဆိုတော့ ကျွန်တော့ ပုံတွေကို လူသိများသွားတာပေါ့။ ကျွန်တော်က အပျော်တန်း ရိုက်တာဆိုတော့ Copyright တွေဘာတွေ မလိုပါဘူး။ ကြိုက်ရင် ယူပေါ့၊ ကိုယ်ကိုယ်တိုင်က လူအများသုံးတဲ့ Social Site မှာတင်ထားပြီး ကိုယ့်ပုံကို သူများသုံးလို့ မရဘူး ဆိုပြီး ရေးထားရမှာ တမျိုးကြီးဖြစ်တယ်ထင်တာဘဲ။ နောက်ပိုင်း Facebook မှာတင်တာကို ရပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ တင်လိုက်ရင် Image Quality အရမ်းကျသွားတယ်။ တခြားဆီဖြစ်သွားတယ်။ ကိုယ်တင်ချင်သလောက်တော့ တင်လို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ပုံကြီးက […]