Best Photographic Composition Techniques Part #2

အပိုင်း ၁ Rule of Thirds ကို ရေးပြီးပါပြီ။

Active Space

အခုနောက်တစ်ခုကတော့ သွားလာ လှုပ်ရှားနေတဲ့ အရာတွေကို ရိုက်တဲ့အခါမှာ သိထားသင့်တဲ့ အယူအဆလေးတစ်ခုဖြစ်တဲ့ Active Space ကိုပြောချင်ပါတယ်။ ရိုးရိုး ပုံတွေမှာဆို ကိုရိုက်ချင်တဲ့ အရာကို rule of thirds နဲ့ချိန်ပြီး ရိုက်လို့ရပေမယ့် ပြေးနေတဲ့ပုံ၊ သွားနေတဲ့ မော်တော်ကား၊ စတဲ့ ရွေ့နေတဲ့ အရာတွေကို ရိုက်ပြီဆိုရင်တော့ Active Space ကို သိထားဖို့လိုပါပြီ။

Active Space ဆိုတာကတော့ ကိုယ်ရိုက်မယ့် အရာက ရွေ့နေတယ်ဆိုရင် ရွေ့နေတဲ့ လမ်းကြောင်းကို မူတည်ပြီ နေရာလပ် ချန်ထားဖို့ကို ပြောတာပါ။ ဥပမာပြောရရင် ကောင်းလေးတစ်ယောက်ပြေးနေတာကို ရိုက်မယ် သူကရှေ့ကိုပြေးနေတော့ သူ့ရဲ့ရှေ့မှာ နေရာလပ်( Free Space) နည်းနည်းချန်ပြီး ရိုက်ရင် ပိုပြီးပြေးနေတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။ အောက်ကပုံလေးကို ကြည့်ပါ။

ပုံမှာ ကောင်းလေးပြေးနေတာက ပုံရဲ့ ဘယ်ဘက်ကနေ ညာဘက်ကိုပြေးနေတာ။ ဘယ်ဘက်မှာရှိတဲ့ Space ကို Dead Space လို့ပြောတယ်။ သူကို များများထည့်လို့မရဘူး။ Dead Space များနေရင် ပုံက Dynamism နည်းသွားစေမယ်။ ဆိုလိုတာက ပြေးနေတာကု ပြေးနေတဲ့ပုံစံ၊ ပြေးနေတဲ့အား နည်းသွားသလိုဖြစ်သွားတယ်။ အရှိန်မပါတော့ဘူးပေါ့။
အောက်ကပုံလေးတွေကို နမူနာအနေနဲ့ ကြည့်လို့ရပါတယ်။ အတုယူပြီး ရိုက်ကြည့်ပါ။ တစ်ခုတော့သိထားစေချင်တယ် အခုလိုမျိုး Rules တွေနဲ့ရိုက်မှ ပုံကောင်းတစ်ခုဖြစ်လာတာမဟုတ်ပါဘူး။ အခု Rules တွေက ပုံကို Balance ဖြစ်အောင်လို့ပါ။

Leading

Iveco Stralis active super space

အပိုင်း ၃ ဆက်ပါမယ်…