Flickr Vs 500px

ကျွန်တော် ဓာတ်ပုံစရိုက်တော့ ရိုက်ပြီးသား ပုံလေးတွေကို Facebook မှာတင်ပြီး သူငယ်ချင်းတွေကို ပြတာပေါ့။ Facebook က Social network site ဆိုတော့ ကျွန်တော့ ပုံတွေကို လူသိများသွားတာပေါ့။ ကျွန်တော်က အပျော်တန်း ရိုက်တာဆိုတော့ Copyright တွေဘာတွေ မလိုပါဘူး။ ကြိုက်ရင် ယူပေါ့၊ ကိုယ်ကိုယ်တိုင်က လူအများသုံးတဲ့ Social Site မှာတင်ထားပြီး ကိုယ့်ပုံကို သူများသုံးလို့ မရဘူး ဆိုပြီး ရေးထားရမှာ တမျိုးကြီးဖြစ်တယ်ထင်တာဘဲ။ နောက်ပိုင်း Facebook မှာတင်တာကို ရပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ တင်လိုက်ရင် Image Quality အရမ်းကျသွားတယ်။ တခြားဆီဖြစ်သွားတယ်။ ကိုယ်တင်ချင်သလောက်တော့ တင်လို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ပုံကြီးက အရည်အသွေးကျသွားတော့ မလှတော့ဘူး။ ပြီးတော့ ရိုက်ထားတာက ရှုခင်းပုံတွေဆိုတော့ ပိုဆိုးတယ်။ ကာလာ စိုစိုပြေပြေလေးနဲ့ ကြည့်ရမှာ အတော်ဖြစ်မှာပေါ့။

အဲ့ဒါနဲ့ လိုက်ရှာတော့ Flickr ကိုတွေ့တယ်။ သူငယ်ချင်းတော်တော်များများလည်း သုံးတော့ ကျွန်တော် အကောင့်လုပ်ပြီး သုံးတယ်။ ပုံတွေတင်တယ်။ တင်ချင်သလောက်တင်လို့ရပါတယ်။ ဒါပေမယ့် Flickr က Limit တော့ရှိတယ်။ တစ်လကို 300MB ထိ Upload လုပ်လို့ရတယ်။ ပြည့်သွားရင်တော့ နောက်တစ်လကို စောင့်ပေတော့။ Free account မို့လို့ပါ။ ကျွန်တော် တင်ထားတဲ့ ပုံလေးတွေကို ဒီလင့် မှာ ကြည့်လို့ရပါတယ်။ အခုနောက်ပိုင်းတော့ 500px ကို ပိုကြိုက်လာတယ်။ ဘာလို့လဲဆိုတော့ ကိုတင်ထားတဲ့ ပုံတွေကို ကြည့်ရတာ ရှင်းရှင်းလင်းလင်း မြင်ရတယ်။ Showcase လိုဖြစ်နေတယ်။ Flickr ကတော့ Social Networking ပိုင်းမှာ ပိုအားကောင်းတယ်။ 500px ကတော့ ပိုပြီး Professional ပိုဆန်တယ်။ ပြီးတော့ Thumbnails တွေက ရှင်းပြီး ကြီးတယ်။ ပိုကြည့်လို့ကောင်းတယ်။ နောက်တစ်ခုက 500px က 900 pixels နဲ့ ပုံတွေကို ကြည့်လို့ရတယ်။ Flickr မှာတောင် 600 pixels ပဲရှိတယ်။

နောက်ထက် ကောင်းတာတစ်ခုကတော့ 500px မှာ anti-piracy protections ရှိတယ်။ တော်ယုံတန်ယုံနဲ့ တင်ထားတဲ့ ပုံကို ခိုးလို့မရဘူး။ Source code မှာ ရှာတာတောင် သေးသေးလေးဘဲ ရတယ်။ Flickr မှာတော့ ရနိုင်တယ်။ Flickr ကနေ ပုံတွေယူတဲ့ Application တွေတောင် ပေါ်နေတယ်။ 500px မှာ ကိုယ်ကြိုက်တဲ့ Photographer တွေကို Follow လုပ်လို့ရတယ်။ Comments ပေးလို့ရတယ်။ Flickr မှာတော့ Friend ဖြစ်မှာလုပ်လို့ ရတယ်။ ကျွန်တော် အကြိုက်ဆုံးက အခု Facebook photo viewer အသစ်လို့ဘဲ။ ကွန်မန့်တွေကို ဘေးမှာ ကြည့်လို့ရတယ်။ အရင် Google+ မှာပါကတည်းက ကြိုက်တာ အခုဆို Facebook မှာလဲသုံးတယ်။ 500px မှာလဲသုံးတယ်။ Flickr ကတော့ မသုံးသေးပါဘူး။ အရင်လိုဘဲ အောက်မှာ သွားဖတ်နေရတုန်းပါဘဲ။

500px | Flickr နှစ်ခုလုံးမှာ Free account | Paid ​account ရှိပါတယ်။ Flickr’s Pro Upgrade ကတော့ တစ်နှစ်ကို $24.95 ဖြစ်ပြီတော့၊ 500px’s Awesome Upgrade ကတော့ တစ်နှစ်ကို $50 ရှိပါတယ်။ မတူထူးခြားတဲ့ features တွေသုံးလို့ရမှာ ဖြစ်ပါတယ်။ ကျွန်တော် Flickr ကနေ 500px ကို ပြောင်းမလားလို့တော့ မမေးပါနဲ့။ ကျွန်တော် ပြောင်းမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် Social အတွက် Flickr မှာ သူငယ်ချင်းတွေ များတယ်။ ဒါပေမယ့် ကျွန်တော် 500px ကိုလည်းသုံးမှာပါ။ ဘယ်မှာသုံးမလဲဆိုတော့ Photo တွေ Showcase လုပ်တဲ့အခါ၊ Promote လုပ်တဲ့အခါ၊ Portfolio လုပ်တဲ့အခါမျိုးမှာ 500px က တော်တော်လေး အသုံးဝင်မှာပါ။ သူများတွေကို ပြရင်လည်း ကြည့်ရတာပိုကောင်းမယ်လို့ထင်ပါတယ်။ သတိထားရမှာတစ်ခုကတော့ 500px မှာ nudity ပုံတွေ Flickr ထက်ပိုများပါတယ်။ Check box မှာ tick မလုပ်ထားဘူးဆိုရင်တော့ Nudity တွေမပါတော့ပါဘူး။
ကျွန်တော်သိသလောက်နဲ့ ရေးထားတာပါ။ အားလုံး ကျေနပ်နိုင်ပါစေ။

ကျွန်တော့ ပုံတွေကို အားရင်လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

Flickr Photo Stream | 500px

Flickr Slide Show | 500px Portfolio

အိုင်တီကိုကို(ဓာတ်ပုံရိုက်သည်)